အလင်းလမ်း ဒအ်ဝါ ဂရူးပ်မှာ ဖတ်စရာမှတ်စရာတွေ မတင်ဖြစ်တာ ကြာသွားပါပြီ။ အခု ပြန်လည် ရေးမယ်လို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။ လွယ်ကူမှုအတွက် ဒုအာပြုပေးကြပါ။

အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ....???

မော်လဝီ ကာရီ ရဟ်မသွလ္လာဟ်(အဇီဇီ)
    ယနေ့ ကျွန်ုပ်တို့သည် သိပ္ပံခေတ်ကိုရောက်ရှိနေပြီဖြစ်သည်။ သိပ္ပံနှင့်နည်း ပညာမှာ နေ့ချင်းညချင်းဆိုသလို တိုးတက်လျက်ရှိသည်။ တိုးတက်လာသည်နှင့်အမျှ ဖန်ဆင်းရှင်၏လက်ရာများကို ပို၍ရှင်းရှင်းလင်းလင်း မြင်လာသည်။ နလသူကအငသညွှ့နသမပ အရ အရာရာသည် ဆင့်ကဲဖြစ်စဉ်အတိုင်း ဖြစ်ပေါ်လာသည်ဟုဆိုသူ ]ဒါဝင်}၏အယူအဆကို လူတော်တော်များများ နှစ်ပေါင်းများစွာကတည်းက လက်ခံထားကြသည်။ ]ဒါဝင်}ခေတ်ကုန်၍ နှစ်(၁၀ဝ)ကျော်သို့ ရောက်ရှိလာသောအခါ များစွာသော သိပ္ပံ၏ပညာရပ်များ ကျွန်ုပ်တို့ရရှိလာကြသည်။ အသစ်ရရှိလာသော သိပ္ပံပညာရပ်များသည် အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း ကျွန်ုပ်တို့ကို ပို၍ ယုံကြည်စေလာသည်။
    ကျွန်ုပ်လေ့လာစူးစမ်းမိသမျှ ခြုံငုံကြည့်မည်ဆိုလျှင် အကြောင်းခံ(၇)ခုကို တွေ့ထားပါသည်။ ထိုအကြောင်းခံ (၇)ခုသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်တည်ရှိ ကြောင်း ခိုင်ခိုင်မာမာယုံကြည်ရန် တွန်းပို့ပေးနေပါသည်။
ပထမအကြောင်းခံ
    ပမာအားဖြင့်ဆိုကြပါစို့။ ကျွန်ုပ်တို့သည် ပိုက်ဆံ အြွေကစေ့ ဆယ်စေ့ကိုယူပြီး တစ်စေ့စီ၌ (၁)မှ (၁၀) အထိ နံပါတ်များတပ်၍ အိတ်တစ်ခုအတွင်းသို့ ထည့် လိုက်ပါ။ တစ်ဖန် ထိုအိတ်ကိုကောင်းစွာလှုပ်ပါ။ ထို့နောက် (၁)မှ (၁၀)အထိ နံပါတ်အစဉ်လိုက် ပြန်ထုတ်နိုင်ရန် ကြိုးစားကြည့်ပါ။ အမှတ်စဉ်(၁) တပ်ထားသော အြွေကစေ့သည် ပထမဦးဆုံး ပေါ်ထွက်လာဖို့အတွက် သင်္ချာနည်းအရကြည့်လျှင် (၁၀)ကြိမ်ခန့် နှိုက်ပြီးမှ တစ်ကြိမ် ဖြစ်ကောင်းဖြစ်နိုင်သည်။
    အကယ်၍ အမှတ် စဉ်(၁)အြွေကစေ့ပြီးနောက် တစ်ဆက်တည်း အမှတ် စဉ်(၂) အြွေကစေ့ပေါ်ထွက် လာအောင် ကြိုးစားကြည့် မည်ဆိုလျှင် အကြိမ်တစ်ရာ ခန့်ပြန်နှိုက်မှ တိုက်ဆိုင် နိုင်မည်ဟု ထင်သည်။
    ထိုနည်းတူစွာ နံပါတ်(၁)၊ နံပါတ်(၂)၊ နံပါတ်(၃) တို့အစဉ်လိုက်ထွက်လာရန် ကြိုးစားမည်ဆိုလျှင် အကြိမ် (၁၀ဝ၀)ခန့်မှ တစ်ကြိမ်တိုက်ဆိုင်နိုင်မည်ဟု ခန့်မှန်း ရသည်။
    နံပါတ်(၁)မှ (၁၀)အထိ တစ်ခုပြီးတစ်ခု နံပါတ်စဉ် လိုက်မလွဲဘဲ ထွက်လာဖို့ဆိုသည်မှာ အကြိမ်ဆယ်သန်းမှ တစ်ကြိမ် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ကောင်းဖြစ်နိုင်မည်။
    အထက်ပါသဘောတရားကို ကောင်းစွာနားလည် လျှင် လူ့ဘဝတစ်ခုကို ခန့်မှန်းကြည့်ပါ။ ဘဝ၏အသေး တကာ့အသေးဆုံး ဖြစ်အင်ကလေးသည်ပင် တိုက်ဆိုင်၍ ဖြစ်ပျက်သည်မဟုတ်၊ ယင်း၏နောက်ကွယ်၌ စနစ်တကျ ဖန်တီးထားသော အစီအစဉ်တစ်ရပ်ရှိနေပါသည်။
    လူတစ်ယောက် အသက်ရှင်ရပ်တည်နိုင်ရေး အတွက် အခြေအနေအရပ်ရပ်နှင့် လိုအပ်ချက်များ စနစ်တကျ ဖြည့်ဆည်းလှုပ်ရှားနေမှုများမှာ သဘာဝ အလျောက် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပျက်နေခြင်းမဟုတ်ပါ။ ယင်း၏နောက်ကွယ်၌ အခိုင်အမာဖန်တီးထားသော တန်ခိုးရှင်၏လက်ရာကို တွေ့နိုင်ပါသည်။
    ကျွန်ုပ်တို့ နေထိုင်နေသည့် ကမ္ဘာကြီးသည် တစ်နာရီလျှင် မိုင်(၁၀ဝ၀)နှုန်းဖြင့် မိမိဝင်ရိုးအပေါ် လည်ပတ်နေသည်။ အကယ်၍ တစ်နာရီလျှင် မိုင်(၁၀ဝ) နှုန်းဖြင့် လျော့၍လည်ပတ်မည်ဆိုလျှင် ကမ္ဘာကြီးတစ်ခု လုံး၏ အစီအစဉ်နှင့် အခြေအနေအရပ်ရပ်မှာ လုံးဝ ကပြောင်းကပြန်ဖြစ်သွားမည်ဖြစ်သည်။ နေ့နှင့်ညမှာ ဆယ်ဆပို၍ အချိန်များလာမည်။ နေ့တာရှည်လျားလွန်း သည့်အတွက် ကျွန်ုပ်တို့၏လယ်ယာများသည် ကြာရှည်စွာ နေပူဒဏ်ခံရသည့်အတွက်ကြောင့် လောင်ကျွမ်းကုန်မည် ဖြစ်သည်။ ညအချိန် ရှည်လျားလွန်းသောကြောင့် အစေ့မှအညှောင့်ထွက်လာမည့်အပင်ငယ်များသည် ဆက်လက်မထွက်နိုင်တော့ ဘဲ တစ်ပိုင်းတစ်စနှင့် ရပ် တန့်သွားလိမ့်မည်ဖြစ်သည်။
ကျွန်ုပ်တို့ကမ္ဘာ၏နေမင်းကြီး ၏ မျက်နှာပြင် အပူရှိန်မှာ ၁၂၀ဝ၀ ဒီဂရီဖာရင်ဟိုက် ဖြစ်ပါသည်။ နေမင်းကြီး၏ အပူရှိန်နှင့် အလင်းရောင် သည် အလွန်ပြင်းထန်သော်ငြားလည်း ကျွန်ုပ်တို့ကမ္ဘာ မြေကြီးအတွက် လိုအပ်သလောက်သာ အလင်းရောင်နှင့် အပူရှိန်ရရှိနိုင်မည့်အကွာအဝေး၌ ထားရှိထားသည်။ ထိုအတိုင်းအတာထက်ပို၍ နီးကပ်ခြင်းလည်းမရှိ။ ဝေးကွာ ခြင်းလည်းမရှိပါ။
    အကယ်၍ လက်ရှိနေမင်းမှရရှိနေသည့် အပူရှိန် အား ၅၀% လျော့ချလိုက်လျှင် ကျွန်ုပ်တို့အားလုံး ရေခဲတုံး ကဲ့သို့ ခဲသွားမည်။ အပူရှိန်ကို ၅၀%တိုးမြှင့်ပေးလိုက်လျှင် ကျွန်ုပ်တို့အားလုံး လောင်ကျွမ်းပြီး ပြာဖြစ်သွားမည်။
    ကမ္ဘာကြီးသည် မိမိဝင်ရိုးပေါ်တွင် ၂၃ƒ ဒီဂရီ တိမ်းစောင်း၍ လည်ပတ်နေခြင်းကြောင့် ရာသီဥတုများ သာယာနေခြင်း ဖြစ်ပါသည်။ အကယ်၍ ထိုသို့တိမ်းစောင်း ခြင်းမရှိပါက ပင်လယ်သမုဒ္ဒရာများ၏ ရေလှိုင်းတံပိုး များနှင့်ရေမြှုပ်များသည် ကမ္ဘာ့တောင်ဘက်နှင့် မြောက် ဘက်သို့ တက်ကြမည်ဖြစ်သည်။ ဤသို့ဖြင့် ကမ္ဘာ့တောင် ဘက်နှင့် မြောက်ဘက်၌ရှိသော ရေခဲများသည် အတိုင်း မသိပြိုဆင်းလာ၍ ကျွန်ုပ်တို့အပေါ် လွှမ်းမိုးသွားမည်ဖြစ် သည်။
    အကယ်၍ ကျွန်ုပ်တို့မြင်နေရသည့် လသည် ယခုတည်ရှိနေသည့် အကွာအဝေးမှ မိုင်ငါးသောင်း အကွာအဝေးသို့ နီးကပ်စွာရောက်ရှိလာလျှင် ကမ္ဘာပေါ် ၌ ဒီရေအတက်အကျပြင်းထန်လာမှုကြောင့် တစ်နေ့လျှင် နှစ်ကြိမ်တိုင်တိုင် ကမ္ဘာမြေကြီးသည် ရေလွှမ်းမိုးမှုခံရမည် ဖြစ်သည်။ ဒီရေများ လျှင်မြန်စွာ တက်၊ ကျ သည့်အတွက် ကြောင့် ရေစီးအား ပြင်းထန်စွာရိုက်ခတ်ကာ ကျွန်ုပ် တို့၏အဆောက်အဦများ၊ အိမ်များ၊ နံရံတံတိုင်းများနှင့် မြင့်မားသောတောင်ကြီးများပါ အစိတ်အစိတ်အမြွှာမြွှာ ကြေမွ၍ မျောပါကုန်ကြမည်ဖြစ်သည်။
   အကယ်၍ပင်လယ် သမုဒ္ဒရာ၏ ကြမ်းပြင် အနက် သည် လက်ရှိတည်ရှိနေ သည့်အနက်မှ ပေအနည်း ငယ် ပိုများလာမည်ဆိုလျှင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အောက်ဆီဂျင်တို့ ရောနှော သွားမည် ဖြစ်သည်။
    ဤအတိုင်းပင် အပင်များတိုးတက်ကြီးထွားမှု၊ သီးပွင့်မှုတို့သည်လည်း ရပ်ဆိုင်းသွားမည်ဖြစ်သည်။
    အကယ်၍ ကမ္ဘာမြေကြီး၏ အပေါ်ယံမြေလွှာ သည် ယခုတည်ရှိနေသည့် အထူမှ ၁၀ ပေထပ်၍ ထူသွားမည်ဆိုလျှင် ကမ္ဘာပေါ်၌ အောက်ဆီဂျင်    ကုန်ခန်းသွားမည်ဖြစ်သည်။ အောက်ဆီဂျင်မရှိလျှင် ကမ္ဘာပေါ်၌ သက်ရှိတို့ အသက်ရှင်ရပ်တည်နိုင်မည် မဟုတ်တော့ပါ။
    ထိုနည်းတူစွာပင် ကောင်းကင်လေထုလွှာသည် လက်ရှိအခြေအနေထက် ပို၍ပါးလွှာသွားမည်ဆိုလျှင် အာကာသဟင်းလင်းပြင်၌ သိန်းပေါင်းများစွာသော တောက်လောင်နေသည့်ကြယ်၊ ဥက္ကာခဲများသည် ကမ္ဘာ့ မြေမျက်နှာပြင်အနှံ့အပြားအပေါ် ကျရောက်လာ၍ မီးတောက်မီးလျှံများ တောက်လောင်လာမည်ဖြစ်သည်။
    ထို့ပြင် ကျွန်ုပ်တို့သည် အခြားမြောက်မြားစွာ သောအချက်များကိုလေ့လာဆန်းစစ်၍  ပို၍နားလည်သိရှိ လာကြရသည်။ စကြဝဠာနှင့် ကမ္ဘာကြီး၏ စီမံကိန်းကြီးမှာ သဘာဝအလျောက် တိုက်တိုက်ဆိုင်ဆိုင် အတိအကျ ဖြစ်ပျက်နေရခြင်းပါဟု ဒွိဟစိတ်ဖြင့် ထင်မှတ်နိုင်ရန် အပုံဆယ်သိန်းပုံတစ်ပုံခန့်မျှပင် မဖြစ်နိုင်စကောင်းပါ။
ဒုတိယအကြောင်းခံ
    သက်ရှိတိုင်းသည် မိမိအသက်ရှင်ရပ်တည်နိုင်ရန် အတွက် လိုအပ်ချက်များကို ရှာဖွေဖြည့်ဆည်းကြရသည်။ ထိုသို့ ရှာဖွေဖြည့်ဆည်းနိုင်သည့် စွမ်းအားသည် ကိုယ်ပိုင် အရည်အချင်းမဟုတ်ဘဲ တန်ခိုးတော်အနန္တ၊ Óာဏ်တော် အနန္တနှင့်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ ဖန်တီး စီမံပေးနေမှုပင်ဖြစ်ပါသည်။
    သို့သော် သက်ရှိ တို့၏ ]အသက်ရှင်ခြင်း}ဆို သည်မှာ အဘယ်နည်း။ ဤ]အသက်ရှင်ခြင်း}၏ နက်ရှိုင်းမှုကို ယနေ့အထိ မည်သူမျှ  အတိအကျ သိရှိ နိုင်စွမ်း မရှိကြပါ။
    ဤ]အသက်ရှင်ခြင်း}ဆိုသည်မှာ အလွန်နက်ရှိုင်း ၍ အံ့ဩဖွယ်ကောင်းသော ကိစ္စကြီးတစ်ခုဖြစ်သည်။ သက်ရှိတို့၏ အသက်ရှင်သန်နေမှုမှာ ဓာတ်ကြီးလေးပါး သက်သက်ပင်မဟုတ်ပါ။ သက်ရှိတို့အတွင်း၌ အံ့ဖွယ် ဖွံ့ဖြိုးလျက်ရှိသော စွမ်းအင်တစ်ခုရှိနေပါသည်။
    ရှင်သန်ဖွံ့ဖြိုးလျက်ရှိသော အပင်တစ်ပင်၏အမြစ် သည် ကျောက်မြေကိုပင်ခွဲပစ်နိုင်သည်ဆိုသည့်စွမ်းအားမှာ အံ့ဩဖွယ်မဟုတ်ပါသလော။ အပင်သည် မိမိအသက်ရှင် ရပ်တည်နိုင်ရန် ရေ၊ မြေ၊ လေ တို့အပေါ် လိုအပ်သလို လွှမ်းမိုးထားသည်။
    ဤသည်ကား တန်ခိုးတော်ရှင် အလ္လာဟ်အရှင် မြတ်၏လက်ရာတော်များပင်ဖြစ်ပါသည်။ ထိုအရှင် သည်ကား သက်ရှိတို့ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် လိုအပ်ချက်ဟူသရွေ့ကို စီမံဖန်တီးပေးတော်မူသည်။
    ထိုအရှင်သည်ကား သက်ရှိတို့၏ အဆင်း သဏ္ဌာန်ကို ဖန်တီးပြုလုပ်ပေးသော အနှိုင်းမဲ့ဗိသုကာ ဖြစ်သည်။ သစ်ရွက်တစ်ရွက်ကိုပင် အတုမခိုးနိုင်လောက် အောင် အလွန်အဆင့်မြင့်သော နည်းပညာဖြင့် ဖန်တီး ပြုလုပ်ထားသော အနှိုင်းမဲ့ ဒီဇိုင်းပညာရှင်ဖြစ်သည်။ ပန်းပွင့်များကို အလွန်လက်ရာမြောက်စွာ အရောင်အဆင်း ခြယ်သထားသည့် အနှိုင်းမဲ့ပန်းချီဆရာပင်ဖြစ်သည်။ ငှက်ကလေးများနှင့် ပိုးကောင်ကလေးများအား သာယာ သောအသံများချီးမြှင့်ထားသည့် အနှိုင်းမဲ့သံစဉ်ဖန်တီးသူ ဖြစ်သည်။ အသီးများ၌ ချို၊ ချဉ် အရသာပေါင်းစုံကို ဖန်တီးပြုလုပ်ပေးသည့် အနှိုင်းမဲ့ရသာဖန်တီးရှင်ဖြစ်သည်။
    ပန်းများ၌ မွှေးရနံ့မျိုးစုံနှင့် ကြံပင်၌ ချိုသော အရသာကို ပြုလုပ်ဖန်တီးပေးထားသည်။
    ထိုအပင်များသည်ပင် သက်ရှိတို့ အသက်ရှူ နိုင်ရန် အောက်ဆီဂျင်ရရှိရာ အကြောင်းခံဖြစ်နေသည်။ 
    သက်ရှိတို့ အသက် ရှင်နေသည့် မူလ ပင်မ ဖြစ် သည့်အရာ ဏမသအသစျူော တည်းဟူသော အလွန် သေးငယ်သည့်အရာအာားငခမသျခသစန ကဲ့သို့ အဏု ကြည့်မှန်ဘီလူးဖြင့်သာ မြင်ရပါသည်။ ထိုအရာသည် လှုပ်ရှားနိုင်မှုနှင့် နေမှ စွမ်းအင်ကို စုပ်ယူနိုင်သည်။   ဆဲလ်အတွင်း၌ ထိုအရာသည် တစ်ကိုယ်တော် အသက် ရှင်ရပ်တည်လျက်ရှိသည်။ ထိုအရာကိုပင် သက်ရှိတို့ အသက်ရှင်နေရသည့်အကြောင်းခံ ]ဘဝအသက်} ဟုခေါ်သည်။ ဤသည်သောအရာကိုပင် သက်ရှိတိုင်း ကိုယ်စီကိုယ်စီရရှိထားသောကြောင့် အံ့ဖွယ် အသက်ဆက် နေရခြင်းဖြစ်သည်။ 
    အထက်ဖော်ပြပါ ဏမသအသစျူော တည်းဟူ သော သေးငယ်သောအရာ၏ စွမ်းအားသည် သစ်ပင်၊ တိရစ္ဆာန်၊ လူများထက်ပင် ပို၍အံ့ဖွယ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ရှိတိုင်းသည် ဤအရာ ဖြင့်သာ ရှင်သန်ရပ်တည်နေရသောကြောင့်ဖြစ်သည်။
    ဤသို့သော သက်ရှိတို့၏ ရှင်သန်ရပ်တည် နေသည့်ဖြစ်အင်ကြီးသည် သဘာဝအလျောက်တိုက်တိုက် ဆိုင်ဆိုင် အတိအကျ ဖြစ်ပျက်နေရခြင်းပါဟု ဒွိဟစိတ်ဖြင့် ထင်မှတ်နိုင်ရန် အပုံဆယ်သိန်းပုံတစ်ပုံ ခန့်မျှပင် မဖြစ်နိုင်စကောင်းပါ။



တတိယအကြောင်းခံ
    တိရစ္ဆာန်များတွငှ်ုညျအငညခအ နှိုးဆွ ထိန်းကြောင်း ပေးနေသော ပင်ကိုယ်Óာဏ် ရှိနေခြင်းသည် ဖန်ဆင်းရှင် တည်ရှိကြောင်း ကြေညာ နေခြင်းဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် တိရစ္ဆာန် များအား အလိုအလျောက် စေ့ဆော်ပေးနေသောပင်ကိုယ် အသိÓာဏ်ကို အလ္လာဟ် အရှင်မြတ် ချီးမြှင့်ထားခြင်းမရှိလျှင် ゞင်းတို့ အသက်ရှင် ရပ်တည်နိုင်ဖို့ဆိုသည်မှာ အလွန်မှပင် ခက်ခဲသွားပါလိမ့် မည်။
ှေူာသည ဟူသော ပင်လယ်ငါးသလောက်မျိုး သည် သားပေါက်အရွယ်ကပင် မွေးရပ်မြေကို စွန့်လွှတ် ထွက်ခွာသွားကြသည်။ နှစ်၊ လ ကြာညောင်းသည်အထိ  ပင်လယ်သမုဒ္ဒရာအတွင်း၌ နေထိုင်ကျက်စားကြသည်။  ထို့နောက် လမ်းပြသူတစ်စုံတစ်ဦးမပါဘဲ ဝေးလံသည့် ゞင်း၏မွေးရပ်နေရာသို့ ပြန်လည်ရောက်ရှိသွားကြသည်မှာ အလွန်မှပင် အံ့ဩဖွယ်ကိစ္စဖြစ်သည်။ ထိုငါးသည် မိမိမွေးရပ်ဒေသကို ပြန်လာရန်အတွက် ခိုင်မာသော ရည်ရွယ်ချက်အပြည့်ဖြင့်  ပင်လယ်လှိုင်းတံပိုးများကို ကျော်လွှားရင်း မြစ်ငယ်အတွင်းသို့ဝင်ရောက်လာသည်။ ထိုမြစ်သည် ゞင်း၏မွေးရပ်ဒေသကိုသွားရာလမ်းကြောင်း ဖြစ်သည်။ အကယ်၍သင်သည် ထိုငါးကို ဖမ်း၍ အခြားဝေးလံသော မြစ်တစ်ခုသို့ သွားလွှတ်ခဲ့မည်ဆိုလျှင် သူသည် မွေးရပ်ဒေသသို့ ရောက်ရှိနိုင်ရန် အပြင်းအထန် ရုန်းကန်ကြိုးစားနေသည်ကို တွေ့ရမည်ဖြစ်သည်။
    ထိုထက်ပို၍ နနူ ဟူသောငါးရှဥ့်မျိုးသည် ပို၍ ပင်အံ့ဩဖွယ်ကောင်းသည်။ အရွယ်ရောက်ပြီးသည့် နောက် မိမိနေထိုင်သည့် မြစ်သို့မဟုတ် ရေကန်များမှ ထွက်ခွာ၍ မိုင်ထောင်ချီ၍ဝေးသော ဗာမြူဒါကျွန်းအနီး နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်၌ နေထိုင်ကျက်စားကြ သည်။ ထိုပင်လယ်အောက်၌ပင် ဥချ၍ သားပေါက် ကြသည်။
    ငါးရှဥ့်ကြီးများမှာမူ ထိုနေရာ၌ပင် သေဆုံး ကြသည်။ သို့သော် ゞင်းတို့၏သားပေါက်ကလေးများသည် သူတို့၏မိဘများ စွန့်ခွာခဲ့သည့် ဇာတိမြေနေရာကို သိရှိ နိုင်ရန် မည်သည့်ပစ္စည်းအကူအညီမျှမပါဘဲ အလွန်ကျယ် ဝန်းသော ပင်လယ်ကြီးကို ကျော်ဖြတ်ကာ မိဘတို့ နေထိုင်၍ ထွက်ခွာလာခဲ့ သည့်မြစ်၊ ရေကန်သို့ တည့်တည့်မတ်မတ်ရောက်ရှိ သွားကြသည်။ ထိုငါးရှဥ့် သားပေါက်များ ဖြတ်သန်း လာသည့်ခရီးမှာ မည်မျှတိကျမှန်ကန်သည်ဟူမူ ယနေ့ အထိ မည်သူကမျှ အမေရိကငါးရှဥ့်ကို ဥရောပ၌ မတွေ့ဘူးပါ။ ထိုနည်းတူစွာ ဥရောပငါးရှဥ့်ကိုလည်း အမေရိက၌ မတွေ့ဘူးကြပါ။
    ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်က အံ့ဩဖွယ် အစီအမံတစ်ခုကို ပြုလုပ်ပေးထားသေးသည်။ ငါးရှဥ့်ချင်း တူပါလျက် ဥရောပငါးရှဥ့်ကို တစ်နှစ်သားအရွယ်ကျမှ အရွယ်ရောက်စေသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကထက် ဥရောပခရီးက ပို၍ဝေးသည့်အတွက် ဖြစ်သည်။ သို့မှသာ အမေရိကငါးရှဥ့်ရော ဥရောပငါးရှဥ့်ပါ မိမိတို့ မိဘများ၏မွေးရပ်မြေကို အရွယ်ရောက်သည်နှင့် တစ်ပြိုင်နက် ဝင်ရောက်နိုင်ကြရန်ဖြစ်သည်။
    ဤသို့အံ့ဖွယ်ကောင်းလောက်အောင် ငါးရှဥ့် သားပေါက်များ မိမိတို့ မိဘမွေးရပ်မြေကို ရောက်နိုင်ရန် လမ်းညွှန်ချက်ကို မည်သူကဖန်တီးပေးပါသနည်း။
ျွျှေစ ဟူသောနကျယ်ကောင်သည် အဆိပ် ဆူးဖြင့်ထိုးတတ်သော ပိုးကောင်တစ်မျိုးဖြစ်သည်။ နကျယ် ကောင်သည် အလွန်ကျွမ်းကျင်စွာဖြင့် နှံကောင်ကို အဆိပ် ဆူးထိုး၍ဖမ်းသည်။ ထိုသို့ဖမ်းရာ၌ နှံကောင်သတိလစ် မေ့မြောသွားလောက်အောင်သာ အဆိပ်ကိုထိုးနှံသည်။ ထို့နောက် အရှင်လတ်လတ်သတ္တဝါ၏အသားကို လတ်လတ်ဆတ်ဆတ်စားနိုင်ရန် မြေကြီး၌တွင်းတူး၍ ထိန်းသိမ်းထားသည်။ အဘယ်ကြောင့်ဆိုသော် အဆိပ် ထိုးသွင်းခံရ၍ သေဆုံးသွားသော အသေကောင်အသား ကိုစားလျှင် ゞင်းကိုယ်တိုင်သေဆုံးနိုင်ပါသည်။
    ထိုထက်ပို၍အံ့ဩစရာကောင်းသည်မှာ သားပေါက်များ ပေါက်လာသည်နှင့် မိခင်သည် ထို သားပေါက်များကိုစွန့်လွှတ်၍ ထွက်ခွာသွားပါသည်။ သားပေါက်များမှာ နကျယ်မျိုးရိုး၏ အကျင့်ဓလေ့များကို သင်ယူဆည်းပူးခွင့်မရကြပါ။ သို့သော် ゞင်းသားပေါက်များ မှာ မည်သည့် နကျယ် တစ်ကောင်ကောင်ကမျှ သင်ကြားပေးခြင်းမရှိဘဲ နကျယ်မျိုးရိုး၏ အကျင့်ဓလေ့ အပြည့်အဝတို့ဖြင့် ကြီးပြင်း ကျက်စားတတ်ကြပါသည်။
    ကျွန်ုပ်မေးလိုသည်မှာ မည့်သည့်ပတ်ဝန်းကျင်က ゞင်းကို ဤနည်းပညာနှင့် အကျင့်ဓလေ့များကို သင်ကြား ပေးလိုက်ပါသနည်း။
    ဤသည်မှာ ကိုယ်ပိုင်အကျင့်ဓလေ့ မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်က ချီးမြှင့်သင်ကြားပေးလိုက်သော အကျင့်ဓလေ့ပင်ဖြစ်ပါသည်။
            (ဆက်လက်ဖော်ပြပါမည်)