အလင်းလမ်း ဒအ်ဝါ ဂရူးပ်မှာ ဖတ်စရာမှတ်စရာတွေ မတင်ဖြစ်တာ ကြာသွားပါပြီ။ အခု ပြန်လည် ရေးမယ်လို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။ လွယ်ကူမှုအတွက် ဒုအာပြုပေးကြပါ။

လူသည်မျောက်မှဆင်းသက်လာသည်ဆိုသည်မှာအမှန်ပဲလား.....???

မုဟမ္မဒ်အလီ(တန်ဂွန်း)

အီဗိုလူးရှင်း၏ လိမ်လည်လှည့်ဖြားမှုများ
    အီဗိုလူးရှင်းသီအိုရီဆိုသည်မှာ အသက်ရှင်ခြင်းဖြစ်ပေါ်လာခြင်း၏ မူရင်းသည် မတော်တဆဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ရှင်းပြနိုင်ရန် စိတ်ကူးယဉ်မှန်းဆချက်များဖြင့် တီထွင်ထားသော တွေးခေါ်ယူဆချက်တစ်ခုဖြစ်သည်။ ထိုအတွေးအခေါ်သည် အလွန် ရှေးကျသည့် ဖာရိုးဘုရင်နှင့် ဂရိလူမျိုးတို့၏လက်ထက်မှစတင်ခဲ့သော အတွေးအခေါ် ဖြစ်ပေသည်။
    ဖန်ဆင်းရှင်ဘုရားသခင်ကို မယုံကြည်သူအားလုံးတို့သည် ထိုအီဗိုလူးရှင်းအတွေး အခေါ်ကိုလက်ခံရင်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကာအကွယ်ပေးကြသည်။ ယနေ့လက်ရှိခေတ်တွင် ဘာသာအယူဝါဒကို ဆန့်ကျင်သည့် စနစ်အားလုံးတို့သည်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်ကြသည်။
    လွန်ခဲ့သော နှစ်ပေါင်း ၁၅၀-ခန့်အတွင်း အီဗိုလူးရှင်းသမားတို့သည် ゞင်းတို့၏သီအိုရီ မှန်ကန်ကြောင်းကို သက်သေထူနိုင်ရန်အတွက် သိပ္ပံပညာ၏အရေကို ခြုံခဲ့သည်။ ၁၉-ရာစု နှစ်ထက်ဝက်ပိုင်းလောက်မှစ၍ သိပ္ပံပညာတွေးခေါ်ယူဆချက်တစ်ခုအဖြစ် ရှေ့တန်းတင်ခဲ့ကြ သော်လည်း ထိုသီအိုရီကို မည်သည့်သိပ္ပံတွေ့ရှိချက်၊ စမ်းသပ်ချက်ကမျှ အပြည့်အဝ သက်သေထူထောက်ခံနိုင်ခဲ့ခြင်းမရှိခဲ့ပါ။ အမှန်မှာ ထိုသီအိုရီက အဓိက အခြေခံအဖြစ် အားကိုးအားထားအမှီပြုခဲ့သော သိပ္ပံပညာကပင် ယင်းသီအိုရီသည် အမှန်တရားအတွက် လုံးဝတန်ဖိုးမရှိကြောင်း သက်သေထူဖော်ထုတ်ခဲ့ပြီး ဆက်လက်၍လည်း ထပ်မံတလဲလဲ ဖော်ထုတ်နေဆဲဖြစ်သည်။
    ဓာတ်ခွဲခန်းစမ်းသပ်ချက်များနှင့် ဖြစ်နိုင်ဖွယ်အလားအလာတွက်ချက်မှု (စမသဘဘေငူငအပ) များအရ သက်ရှိအရာများ စတင်ဖြစ်ပေါ်လာသော အမိုင်နိုအက်စစ်သည် မည်သို့မျှ မတော်တဆဖြစ်ပေါ်လာနိုင်ခြင်းမရှိကြောင်း အတိအကျ ရှင်းလင်းပြသဖော်ထုတ်ထားပါသည်။ အီဗိုလူးရှင်းသီအိုရီသမားများတင်ပြထားသည့် ကမ္ဘာဦးခေတ်ရှိ ကမ္ဘာမြေကြီး၏ အခြေအနေတွင် သက်ရှိဆဲလ်တစ်ခု အလိုအလျောက် မတော်တဆ ဖြစ်ပေါ်လာခဲ့သည်ဟုဆိုသောအချက်ကို အလွန်တိုးတက်လျက်ရှိသော ယနေ့ ၂၀-၂၁ ရာစုခေတ်မှ ခေတ်အမီဆုံး နောက်ဆုံးပေါ် ဆန်းသစ်သည့် ဓာတ်ခွဲခန်းတွင်ပင် စမ်းသပ်ပြုလုပ်၍ မရနိုင်သေးပါ။             
    ဒါဝင်နှင့်သူ၏နောက်လိုက်များတင်ပြထားသော ကြီးမားအဆင့်မြင့်သည့် သက်ရှိအရာများသည် နှစ် သန်းပေါင်းမြောက်မြားစွာ တစ်ဖြည်းဖြည်း တစ်စတစ်စ တိုးတက်ဖြစ်ပေါ်လာသည်ဟူသောအဆိုရ ]]ကြားကာလ သက်ရှိအရာများ}} (ဥပမာ ဖွတ်တစ်ပိုင်း ငှက်တစ်ပိုင်းသတ္တဝါ စသည်)၏ ကျောက်ဖြစ်ရုပ်ြွကင်းများကို နှစ်ပေါင်းများစွာ စနစ်တကျ ရှာဖွေခဲ့ကြသော်လည်း တစ်ခုတလေမျှပင် တွေ့ရှိခြင်းမရှိကြသေးပါ။
    အီဗိုလူးရှင်းဝါဒီတို့သည် သူတို့အတင်းအကြပ် ယုံကြည်ဆုပ်ကိုင်ထားသော အီဗိုလူးရှင်းသီအိုရီ မှန်ကန်ကြောင်း ကို သက်သေထူနိုင်ရန် ကြိုးပမ်းကြရင်း ကမ္ဘာလောကကြီးတွင် အီဗိုလူးရှင်းလုံးဝမဖြစ်ပေါ်ခဲ့ကြောင်း မသိမသာမရည်ရွယ်ဘဲ ဖော်ထုတ်လျက်ရှိနေကြပါသည်။
    ယနေ့ အချို့ကဆက်လက်ယုံကြည်ကာကွယ်လျက်ရှိသော ထိုအီဗိုလူးရှင်းသီအိုရီကို အပျော်အတန်းဇီဝဗေဒ ပညာရှင် အင်္ဂလိပ်လူမျိုး ချားလ်စ်ဒါဝင်ဆိုသူက စတင်တီထွင်တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ဒါဝင်သည် သူ၏အတွေးအခေါ် ကို ၁၈၅၉-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော ]]သဘာဝရွေးချယ် သတ်မှတ်ချက်ဖြင့် မျိုးစုတို့စတင်ဖြစ်ပေါ်ခြင်း}}(The Origin of Species by Means of Natural Selection)ဟူသော စာအုပ်တွင် ပထမဦးစွာ တင်ပြခဲ့ပါသည်။ ကမ္ဘာပေါ် ရှိ သက်ရှိအရာများအားလုံးတို့သည် တစ်ခုတည်းသော ဘိုးစဉ်ဘောင်ဆက်မှ ဆင်းသက်လာ၍ သဘာဝ၏ရွေးချယ် ခြင်းဖြင့် သတ္တဝါတစ်မျိုးပြီးတစ်မျိုး ဆင့်ကဲဆင့်ကဲဖြစ်ပေါ်လာသည်ဟု ဒါဝင်ကဆိုထားသည်။ သူတို့နေထိုင်ပေါက်ဖွား လာမည့် နေရာဒေသ၏သဘာဝအခြေအနေနှင့်ကိုက်ညီစွာ နေနိုင်သောသတ္တဝါသည်လည်း သူတို့၏မျိုးဆက်များကို ဆက်လက်ပေါက်ဖွားစေသည်ဟုဆိုသည်။ အလွန်ကြာညောင်းသော ခေတ်ကာလအဆက်ဆက်အတွင်း စုဆောင်း လာခဲ့သည့်အခြေအနေများဖြင့် မိမိ၏ဘိုးစဉ်ဘောင်ဆက်များနှင့် သွင်ပြင်အားဖြင့် လုံးဝမတူ ခြားနားသော အခြား သတ္တဝါတစ်မျိုးအဖြစ် ပြောင်းလဲသွားလေသည်ဟုဆိုသည်။ လူသားများသည် ထိုသို့သော သဘာဝ၏ရွေးချယ်မှုကြောင့် ဆင့်ကဲဆင့်ကဲ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာခြင်းတွင် အမြင့်ဆုံးဖွံ့ဖြိုးမှု၏ရလဒ်ဖြစ်သည်ဟုဆိုထားသည်။ အကျဉ်းချုပ် ၍ ပြောရမည်ဆိုလျှင် မျိုးစုတစ်ခုသည် အခြားမျိုးစုတစ်ခုမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုလိုသည်။
    ဒါဝင်၏ စိတ်ကူးယဉ်အတွေးအခေါ်ကို ထိုခေတ်က ဘာသာရေးဩဇာအရှိန်အဝါလွှမ်းမိုးမှုကို ပယ်ဖျက်လိုသော အတွေးအခေါ်ရှင်နှင့် နိုင်ငံရေးသမားအုပ်စုတို့၏ အားပေးမြှင့်တင်ခြင်းကြောင့် ထိုအတွေးအခေါ်မှာ တစ်ရှိန်ထိုးကျော်ကြား သွားတော့သည်။ ထိုကဲ့သို့ တိုတောင်းသည့်အချိန်အတွင်း ကျော်ကြားသွားရခြင်းအကြောင်းအရင်းမှာ ထိုခေတ်တွင် ဒါဝင်၏စိတ်ကူးယဉ်အတွေးအခေါ်သည် မှားယွင်းသောအတွေးအခေါ်ဖြစ်သည်ဟု သက်သေထူနိုင်လောက်သည့် ပညာအဆင့်မရှိသေးသော ကြောင့်ပင်ဖြစ်သည်။ ဒါဝင်၏ယူဆချက်ကို တင်ပြသည့်အချိန်တွင် မျိုးဗီဇသိပ္ပံ(Genetics)၊ အဏုဇီဝဗေဒ(Microbiology)၊ ဇီဝဓါတုပေဒ(Biochemistry) စသည့် ပညာရပ်များ မပေါ်ပေါက်သေးပါ။ ထိုခေတ်တွင် ယင်းပညာရပ်များ ထွန်းကားခဲ့ပါက ဒါဝင်၏သီအိုရီသည် လုံးဝသိပ္ပံနည်းမကျ အဓိပ္ပာယ်ကင်းမဲ့ကြောင်းကို သတိထားမိကြ မည်ဖြစ်ပြီး သူ၏သီအိုရီသည်လည်း ထိုမျှကျယ်ပြန့်ခဲ့မည်မဟုတ်ပါ။ မျိုးစုတစ်ခုဖြစ်ရမည့်အကြောင်း အချက်အလက်များ အားလုံးသည် မျိုးဗီဇ (gene) တွင် အပြည့်အစုံပါရှိနေပြီးဖြစ်သဖြင့် သဘာဝ၏ရွေးချယ်မှုဖြင့် အခြားမျိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားရန် မဖြစ်နိုင်သောကြောင့် ဒါဝင်၏အယူအဆမှားယွင်းကြောင်း ချက်ချင်းသိနိုင်မည်ဖြစ်သည်။
    ဒါဝင်၏စာအုပ် နာမည်ကြီးကျော်ကြားနေချိန် ၁၈၆၅-ခုနှစ်တွင် ဩစတြီးယားနိုင်ငံသား ရုက္ခဗေဒပညာရှင် ဂရီဂိုမင်ဒဲလ်က မျိုးရိုးဆက်ခံခြင်းနိယာမ (The Laws of Inheritance) ကို တွေ့ရှိဖော်ထုတ်ခဲ့ပါသည်။ မင်းဒဲလ်၏ တွေ့ရှိချက်သည် ထိုရာစုနှစ်အဆုံးပိုင်းအထိ လူသိနည်းခဲ့သော်လည်း ၁၉၀ဝ-ခုနှစ်များတွင် မျိုးဗီဇသိပ္ပံပေါ်ပေါက်လာသည် နှင့် တစ်ပြိုင်တည်း မင်ဒဲလ်၏တွေ့ရှိချက်သည်လည်း အလွန်အရေးပါအရာရောက်လာတော့သည်။ နှစ်များမကြာမီအတွင်း မျိုးဗီဇနှင့် ကရိုမိုဆုမ်းတို့၏ တည်ဆောက်ပုံများကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ကြသည်။ ၁၉၅၀-ခုနှစ်များတွင် ဒီအင်န်အေ (DNA) မော်လီကြူးအကြောင်း တွေ့ရှိဖော်ထုတ်ခြင်းက မျိုးဗီဇသိပ္ပံတွင် ပူးပေါင်းဖြည့်စွက်လိုက်သဖြင့် အီဗိုလူးရှင်းသီအိုရီ သမားများအတွက် အကြီးအကျယ် အခက်အခဲဖြစ် ဒုက္ခရောက်စေတော့သည်။ အဘယ့်ကြောင့်ဆိုသော် ဒီအင်န်အေ တွင် ပါဝင်သောအချက်အလက်များနှင့်ပတ်သက်၍ အီဗိုလူးရှင်းသီအိုရီ၏ မတော်တဆပေါ်ပေါက်လာခြင်း သဘောတရား ဖြင့် မည်သို့မျှရှင်းပြ၍မရနိုင်သောကြောင့်ဖြစ်သည်။
    ဤမျှသိပ္ပံပညာတိုးတက်မှုရှိနေသော်လည်း ကမ္ဘာဦးခေတ်သက်ရှိအရာမှစ၍ အဆင့်မြင့်သောသတ္တဝါ အကြား တစ်စပြီးတစ်စ ပြောင်းလဲလာခဲ့သည်ဟူသော သတ္တဝါတစ်မျိုးတလေ၏ကျောက်ဖြစ်ရုပ်ြွကင်းကိုပင် နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြသော်လည်း မတွေ့ရှိခဲ့ကြပါ။
    အီဗိုလူးရှင်းသီအိုရီအတွက် ထွက်ရပ်လမ်းမရှိတော့သော်လည်း ယင်းသီအိုရီကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သည်ဟု ယုံကြည်သူအသိုင်းအဝိုင်းက ပုံစံသစ်တစ်ခုကို ထပ်မံတီထွင်ကြပြန်သည်။ ထိုပုံစံသစ်ကို ခေတ်သစ် ဒါဝင်အယူဝါဒ (Neo-Darwinism) ဟုခေါ်ကြသည်။ ဤသီအိုရီအရ သတ္တဝါမျိုးစုများသည် တစ်စစပြောင်းလဲခြင်းဖြင့် ဖြစ်ပေါ်လာသည်ဟုဆိုသည်။ မျိုးဗီဇအတွင်းတွင် အနည်းငယ်စီ ပြောင်းလဲမှုများဖြစ်ပေါ်လာပြီး အသင့်တော်ဆုံးကို သဘာဝ၏ရွေးချယ်မှုဖြင့် ဆက်လက်တည်ရှိသွားသည်ဟုဆိုသည်။ ခေတ်သစ်ဒါဝင်ဝါဒီတို့တင်ပြသည့် သက်ရှိကိုယ်ခန္ဓာ အတွင်း ဖွဲ့စည်းထားသည့် ယန္တရားပြောင်းလဲမှုသည် နည်းလမ်းမကျသည့်အပြင် ထိုယန္တရားများတွင် အနည်းငယ် လောက်သာပြောင်းလဲခြင်းဖြင့် သက်ရှိသတ္တဝါအဖြစ် တည်ရှိနိုင်ရန် လုံလောက်မှုမရှိသောကြောင့် အီဗိုလူးရှင်းသမားများသည် အခြားပုံစံများကို ထပ်မံရှာဖွေကြပြန်သည်။ ]]ပြတ်တောင်းပြတ်တောင်းဖြစ်သော ဟန်နိုင်ခြင်း}} (punctuated equilibrium)ဟု ခေါ်သော ပုံစံသစ်ကို တင်ပြကြပြန်သည်။
    ထိုပုံစံမှာ သက်ရှိသတ္တဝါအသစ်တစ်မျိုးသည် တစ်စတစ်စ ပြောင်းလဲရသည့်ကြားကာလမရှိဘဲ ချက်ချင်းဘွားကနဲ ပေါ်ပေါက်လာသည်ဟု ဆိုပြန်သည်။ အမှန်မှာ ယင်းအဆိုသည် ဖန်ဆင်းခြင်းကို ဖော်ပြခြင်းသာဖြစ်ပါသည်။ သို့သော် လည်း အီဗိုလူးရှင်းဝါဒီတို့သည် ထိုသို့ဝန်ခံရမည်ကိုကား မနှစ်မြို့ကြပါ။ သူတို့တင်ပြသောပုံစံသစ်သည် ဖန်ဆင်းခြင်းအား ညွှန်းလျက်ရှိခြင်းကို ဝန်ခံခြင်းမပြုလိုသဖြင့် နားလည်သဘောပေါက်ရန်ခက်ခဲသော ဇာတ်လမ်းအသစ်တစ်မျိုး တီထွင်တင်ပြကြပြန်သည်။ ဥပမာ- ကမ္ဘာဦး ပထမဆုံးငှက်တစ်ကောင်သည် ဖွတ်ပဒတ်ကဲ့သို့သော တွားသွားသတ္တဝါ တစ်ကောင်၏ဥမှ ဘွားကနဲထွက်လာခဲ့သည်ဟု ဆိုပြန်သည်။ ယင်းသီအိုရီက ကုန်းနေအသားစားသတ္တဝါကြီးသည်လည်း ဝေလငါးကြီးအဖြစ်သို့ ချက်ချင်းပြောင်းလဲခဲ့သည်ဟုဆိုသည်။
    ယင်းအဆိုများသည် မျိုးဗီဇသိပ္ပံ (Genetics)၊ အဏုဇီဝဗေဒ(Microbiology)၊ ဇီဝဓာတုဗေဒ(Biochemistry) စသည့် သိပ္ပံပညာဘာသာရပ်များအတွက် ဒဏ္ဍာရီပုံပြင်မှ ဖားတစ်ကောင်သည် မင်းသားအဖြစ်ပြောင်းလဲသွားသော အဆိုလောက်သာ ဖြစ်နေတော့သည်။ (နီအို) ခေတ်သစ်ဒါဝင်သီအိုရီကြောင့် စိတ်ဒုက္ခရောက်နေကြသော အီဗိုလူးရှင်း ဝါဒီ ကျောက်ဖြစ်ရုပ်ြွကင်းပညာရှင်တို့သည် ဤနောက်ဆုံးပုံစံကို ဖက်တလဲကင်း လက်ခံကြပြန်သည်။ သို့သော်လည်း ယခင်က လက်ကိုင်ထားခဲ့သော ခေတ်သစ်ဒါဝင်သီအိုရီထက်ပို၍ပင် ကိုးရိုးကားရားဖြစ်နေပြန်သည်။
    ဤပုံစံ၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ ခေတ်သစ်ဒါဝင်သီအိုရီက ရှင်းပြ၍မရသော အဆင့်ဆင့်ပြောင်းလဲ ခြင်းအဆိုကို အစားထိုးရန်ဖြစ်သည်။ တစ်ချိန်တည်းတွင် တစ်စပြီးတစ်စ ပြောင်းလဲလာခဲ့ခြင်းကိုပြနိုင်သည့် ကျောက်ဖြစ် ရုပ်ြွကင်းများ မတွေ့ရှိခြင်းအဖြစ်ကို ကြိုးစားရှင်းပြရန် ငှက်တစ်ကောင်သည် တွားသွားသတ္တဝါတစ်ကောင်၏ဥမှ ချက်ချင်း ပေါ်ထွက်လာသည်ဟုတင်ပြခြင်းသည် ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ ဖြစ်နေပြန်သည်။ သက်ရှိမျိုးစုတစ်ခုမှ အခြား မျိုးစုတစ်ခုသို့ ပြောင်းလဲသွားနိုင်ရန် အကျိုးဖြစ်စေသော ကြီးကျယ်သည့် မျိုးဗီဇအချက်အလက်ပြောင်းလဲမှုများ လိုအပ် သည်ဟူသော အီဗိုလူးရှင်းသီအိုရီ၏ဝန်ခံချက်နှင့်မကိုက်ညီဘဲ ဖြစ်နေပြန်သည်။ အီဗိုလူးရှင်းသမားများဆိုခဲ့သော ပြောင်းလဲမှု (mutation)များသည် သိပ္ပံနည်းကျသော မျိုးဗီဇသိပ္ပံ၏ အရေးကြီးသောအချက်အလက်များအတွက် လုံးဝအကျိုး မရှိသည့်အပြင် ဆုတ်ယုတ်စေခြင်းသာ ရှိနေပြန်သည်။
    အမှန်မှာ ''ပတ်တောင်းပြတ်တောင်းဖြစ်သော ဟန်နိုင်ခြင်း'' (punctuated equilibrium) သီအိုရီသည် စိတ်ကူးယဉ်သက်သက်သာဖြစ်ကြောင်း ထင်ရှားလျက်ရှိသည်။ မည်သို့ပင်ထင်ရှားနေစေကာမူ အီဗိုလူးရှင်းသမားများက ယင်းသီအိုရီကို ဝိုင်းဝန်းဩဘာပေးကြပါသည်။ ]ဒါဝင်}တင်ပြခဲ့သော အီဗိုလူးရှင်းပုံစံကို သက်သေထူနိုင်မည့် ကျောက်ဖြစ်ရုပ်ြွကင်းများ မဖော်ထုတ်နိုင်သည့်အချက်ကပင် သူတို့ကို အတင်းလက်ခံစေခြင်းဖြစ်သည်။ ဒါဝင်က သက်ရှိ သတ္တဝါများသည် တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်၊ ဥပမာ- ငှက်တစ်ဝက် ဖွပ်တစ်ဝက်သတ္တဝါ၊ ငါးတစ်ပိုင်းဖွတ် တစ်ပိုင်းသတ္တဝါများရှိရမည်ဟု ဆိုခဲ့သည်။ သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း အီဗိုလူးရှင်းပညာရှင်ရာပေါင်းများ စွာတို့က ကျောက်ဖြစ်ရုပ်ြွကင်း သိန်းနှင့်ချီ၍ တူးဖော်ခဲ့ကြသော်လည်း ထိုသို့သောသတ္တဝါရုပ်ြွကင်းတစ်ခုတလေမျှပင် မတူးဖော်နိုင်ခဲ့ကြပါ။
    ထိုကဲ့သို့ ကျောက်ဖြစ်ရုပ်ြွကင်းများဖြင့် သက်သေထူနိုင်ခြင်းမရှိခြင်းသည် အီဗိုလူးရှင်းသီအိုရီအတွက် မရှုမလှ ရှုံးနိမ့်ခြင်းဖြစ်သဖြင့် ယင်းရှုံးနိမ့်ခြင်းကို ဖုံးကွယ်ရန်အတွက် ပြတ်တောင်းပြတ်တောင်းဖြစ်သော ဟန်နိုင်ခြင်းသီအိုရီကို တီထွင်ရခြင်းဖြစ်သည်။ ဆိုခဲ့သည့်အတိုင်း ယင်းသီအိုရီသည်လည်း စိတ်ကူးယဉ်သီအိုရီသာဖြစ်သောကြောင့် မကြာမီအတွင်း ပျောက်ကွယ်သွားပါလိမ့်မည်။ ဤ(punctuated equilibrium) သီအိုရီကို အီဗိုလူးရှင်းသီအိုရီနှင့် ကိုက်ညီသည့်ပုံစံ အဖြစ်တင်ပြခြင်းမပြုကြသော်လည်း အီဗိုလူးရှင်းသီအိုရီက ရှင်းပြ၍မရသောအချက်များကို ရှောင်ကွင်းနိုင်ရန် အသုံးပြု ကြပါသည်။ အီဗိုလူးရှင်းသီအိုရီသမားများသည် အလွန်ရှုပ်ထွေးသောတည်ဆောက်မှုရှိသည့် အင်္ဂါအစိတ်အပိုင်းများ ဖြစ်သော မျက်စိ၊ ငှက်များ၏အတောင်၊ အဆုပ်၊ ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းအမြောက်အမြားသည် တစ်စတစ်စပြောင်းလဲခြင်း ]အီဗိုလူးရှင်းသီအိုရီ}ကို ပယ်ဖျက်နေကြောင်း သိရှိကြသဖြင့် ယင်းအချက်ကို အဖြေပေးနိုင် ရန်အတွက် ပြတ်တောင်းပြတ်တောင်းဟန်နိုင်ခြင်းသီအိုရီတွင် အားကိုးတကြီး ခိုလှုံကြရခြင်းဖြစ်ပါသည်။
အီဗိုလူးရှင်းသီအိုရီကိုသက်သေထူသည့် ကျောက်ဖြစ်ရုပ်ြွကင်းများရှိပါသလား၊
Is there Any Fossil Record to verify the Theory of Evolution?
    အီဗိုလူးရှင်းသီအိုရီက သက်ရှိမျိုးစုတစ်မျိုးမှ အခြားတစ်မျိုးစုသို့ နှစ်သန်းပေါင်းမြောက်မြားစွာအတွင်း တစ်စတစ်စ ပြောင်းလဲလာခဲ့သည်ဟုဆိုသည်။ ကျိုးကြောင်းဆီလျော်စွာ ယုတ္တိရှိရှိ ကောက်ချက်ချမည်ဆိုလျှင် ထိုသို့သောပြောင်းလဲမှုသည် နှစ်သန်းပေါင်းများစွာအတွင်းဖြစ်ပေါ်ခဲ့သဖြင့် မရေမတွက်နိုင်သော ကြားသတ္တဝါများ သန်းနှင့်ချီ၍ ရှိခဲ့မည်သာဖြစ်သည်။ ထိုသတ္တဝါများ အမှန်တကယ်ရှိခဲ့ပါက ゞင်းတို့၏ရုပ်ြွကင်းများသည်လည်း နေရာတကာတွင် တွေ့ရှိရမည်သာဖြစ်သည်။ အီဗိုလူးရှင်းသီအိုရီသာမှန်ကန်ပါက ထိုသို့သောသတ္တဝါများသည် လက်ရှိကမ္ဘာပေါ်ရှိသတ္တဝါများ၏ဦးရေထက်ပင် များပြားမည်ဖြစ်ပါသည်။ ယင်းတို့၏ကျောက်ဖြစ်ရုပ်ြွကင်းများသည်လည်း ကမ္ဘာပေါ်တွင် ပြည့်နှက်လျက်ရှိနေမည် သာဖြစ်သည်။
    ချားလ်စ်ဒါဝင်၏လက်ထက်မှစ၍ ယနေ့အထိ အီဗိုလူးရှင်းဝါဒီတို့နှင့်အတူ ကမ္ဘာ့သိပ္ပံပညာရှင်များသည် ထိုသို့သော မျိုးစုနှစ်ခုအကြား သတ္တဝါကျောက်ဖြစ်ရုပ်ြွကင်းတစ်ခုတလေကိုမျှ မတွေ့ရှိကြခြင်းသည် အီဗိုလူးရှင်းသီအိုရီဝါဒီတို့အတွက် ကြီးကျယ်သော ဆုံးရှုံးမှုဖြစ်လေတော့သည်။ မြေပြင်တွင်လည်းကောင်း၊ ပင်လယ်သမုဒ္ဒရာအောက်တွင်လည်းကောင်း လုံးဝရှာ၍မတွေ့နိုင်ပါ။
    ဒါဝင်ကိုယ်တိုင်က ထိုသို့ကြားကာလသတ္တဝါများ မရှိကြောင်းကိုသိခဲ့ပါသည်။ သို့သော်လည်း နောင်အနာဂတ် တွင် ゞင်းကျောက်ဖြစ်ရုပ်ြွကင်းများကို တွေ့ရှိရလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ထို့ကြောင့် သူ၏The Origin of  Species စာအုပ်တွင် အောက်ပါအတိုင်းရေးသားခဲ့သည်။
    ]]မျိုးစုတစ်ခုသည် အခြားမျိုးစုတစ်ခုမှ တစ်ဆင့်စီဆင်းသက်လာခဲ့ပါက အဘယ့်ကြောင့်မရေမတွက်နိုင်လောက်သော ကြားကာလပုံစံများကို မတွေ့ရှိကြပါသနည်း။ အဘယ့်ကြောင့် ကမ္ဘာကြီးတွင် မျိုးစုတစ်ခုနှင့်တစ်ခုကြားရှိသတ္တဝါများဖြင့် ပြည့်နှက်ကာ ရှုပ်ထွေးနေခြင်းမရှိဘဲ လက်ရှိအခြေအနေအတိုင်း မျိုးစုတစ်မျိုးစီ၏ တိကျသည့်ပုံစံများကို ဆောင်နေကြသနည်း။ သို့သော်လည်း ဤသီအိုရီအရ ကြားကာလ သက်ရှိသတ္တဝါများရှိခဲ့ကြမည်ဖြစ်သော်လည်း၊ အဘယ့်ကြောင့် ကျွန်ုပ်တို့သည် နီးစပ်သော မျိုးစုများအကြား၏ဆက်စပ်မှုကို ရှာဖွေတွေ့ရှိခြင်းမပြုနိုင်ကြပါသနည်း။ ဤအချက်သည် ကျွန်ုပ်အား အချိန်ကြာမြင့်စွာ စိတ်ရှုပ်စေခဲ့ပါသည်။}} (Charles Darwin, The Origin of Species: By Means of Natural Selection or the Preservation of Favoured Races in the Struggle for Life, London: Senate Press, 1995, p. 134.)
    ဒါဝင်သည် ထိုသို့စိတ်ညစ်သင့်ပါသည်။ အလွန်ကသိကအောင့်ဖြစ်စေသည့် ယင်းအချက်သည် အခြားအီဗိုလူးရှင်း သမားများကိုလည်း စိတ်ရှုပ်စေပါသည်။ ဗြိသိသျှလူမျိုး ကျောက်ဖြစ်ရုပ်ြွကင်းပညာရှင် ဒေးရက် အေဂျာကလည်း အောက်ပါ အတိုင်းဝန်ခံထားပါသည်။
    ]] ကျောက်ဖြစ်ရုပ်ြွကင်းများကို အသေးစိတ်စစ်ဆေးကြည့်သောအခါ မျိုးနွယ်စု (Order)အဆင့်တွင်လည်းကောင်း၊ မျိုးစုံ (Species)အဆင့်တွင်သော်လည်းကောင်း၊ တစ်စတစ်စပြောင်းလဲခြင်းမဟုတ်ဘဲ၊ တစ်မျိုးသည် ရုတ်တရက် ဖြစ်ပေါ်လာခြင်း၊ သို့မဟုတ် အခြားတစ်မျိုးပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းကို ထပ်ခါတလဲလဲ တွေ့ရပါသည်။}}(Derek A. Ager. “The Nature of the Fossil Record.” Proceedings of the British Geological Association,vol. 87, no. 2, (1976), p. 133.)
    ကျောက်ဖြစ်ရုပ်ြွကင်းများကို မတွေ့ရှိနိုင်သည့်ဟာကွက်ကို ယခုအချိန်တွင် မဖြည့်တင်းနိုင်သေးသော်လည်း နောင်တစ်ချိန်ချိန်တွင် တူးဖော်တွေ့နိုင်လိမ့်မည်ဟု မိမိလိုရာကိုသာဘက်လိုက်၍ အဖြေပေးရန် မဖြစ်နိုင်တော့ပြီ။ အီဗိုလူးရှင်း သမား ကျောက်ဖြစ်ရုပ်ြွကင်းပညာရှင်တစ်ဦးဖြစ်သူ တီနီဗီးလ်ဂျော့ (T. Nevilee George)က အောက်ပါအတိုင်း ရှင်းပြထားသည်။
    ]] ကျောက်ဖြစ်ရုပ်ြွကင်းများ မလုံလောက်သေး}} ဟူသော အပြောအဆိုဖြင့် တောင်းပန်တိုးလျှိုးနေရန်အကြောင်းမရှိ တော့ပါ။ ကမ္ဘာပေါ်တွင် ယနေ့အထိ တူးဖော်ရရှိပြီးသော ကျောက်ဖြစ်ရုပ်ြွကင်းများသည် တစ်စုတစ်လုံးတည်းဖြစ်အောင် စီမံခန့်ခွဲရန်ပင် မနိုင်မနင်းဖြစ်သည်အထိ များပြားလွန်းနေပါပြီ။ သို့သော်လည်း ထိုကျောက်ဖြစ်ရုပ်ြွကင်းတို့မှရရှိသည့် မှတ်သားချက်များ၌ ကြားတွင်ပြတ်၍ ဟာနေသောအပိုင်းများနှင့်သာလျှင် ပြည့်နှက်လျက်ရှိနေပါသည်။}}(ွှ(T.N. George, “Fossils in Evolutionary Perspective”, Science Progress, vol.48, (January 1960), p.1-3)
ကမ္ဘာပေါ်တွင် သက်ရှိသတ္တဝါများသည်
ရှုပ်ထွေးသောပုံစံဖြင့် ရုတ်တရက်ပေါ်ပေါက်ခဲ့သည်
Life Emerged on Earth
Suddenly and In Complex Forms
    ပထဝီမြေကြီးအထပ်များနှင့် ကျောက်ဖြစ်ရုပ်ြွကင်းများကို စစ်ဆေးသောအခါ သက်ရှိအရာများသည် တစ်ချိန် တည်းတွင် ဖြစ်ပေါ်ခဲ့ကြောင်းကို တွေ့ရှိရပါသည်။ ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသက်ရှိအရာများဖြစ်ပေါ်သော အချင်း အရာကို ]]ကင်းဘရီယံ}} (Cambrian) အထပ်တွင်ဖြစ်၍ နှစ်ပေါင်းသန်းပေါင်း ၅၃၀-၅၂၀လောက် ကြာညောင်းခဲ့လေပြီ။
    ထိုကင်းဘရီယံအထပ်တွင်တွေ့ရှိရသော သက်ရှိသတ္တဝါများ၏ကျောက်ဖြစ်ရုပ်ြွကင်းများအကြောင်း မှတ်သား ချက်များကို စစ်ဆေးကြည့်ခြင်းဖြင့် ထိုခေတ်က သက်ရှိအရာများအားလုံးသည် တစ်ချိန်တည်းတွင် ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းတွေ့ရှိချက်ကို သိပ္ပံစာပေလောကတွင် ]]ကင်းဘရီယံ ရုတ်တရက်ဖြစ်ပေါ်မှု}} (Cambrian Explosion)ဟုခေါ်ကြသည်။
    ကင်းဘရီယံအထပ်၌ တွေ့ရှိရသောသက်ရှိအရာများတွင် ခန္ဓာကိုယ်၏အမြင့်မားဆုံးတည်ဆောက်မှုအဆင့် ဖြစ်သော မျက်စိ၊ ပါးဟက်၊ အသက်ရှူခြင်းစနစ် စသည်တို့ရှိနေခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုသက်ရှိအရာများ ဆင်းသက်ခဲ့သော အခြားသက်ရှိမျိုးစုများကိုလည်း မတွေ့ရှိခဲ့ပါ။ "Earth Science Magazine" အယ်ဒီတာဖြစ်သူ ရစ်ချာဒ်မိုနက်စတာစကီက သက်ရှိမျိုးစုများ တစ်ချိန်တည်းတွင် ဖြစ်ပေါ်ခဲ့ခြင်းအကြောင်းကို အောက်ပါအတိုင်း ရေးသားထားသည်။

အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ....???

မော်လဝီ ကာရီ ရဟ်မသွလ္လာဟ်(အဇီဇီ)
    ယနေ့ ကျွန်ုပ်တို့သည် သိပ္ပံခေတ်ကိုရောက်ရှိနေပြီဖြစ်သည်။ သိပ္ပံနှင့်နည်း ပညာမှာ နေ့ချင်းညချင်းဆိုသလို တိုးတက်လျက်ရှိသည်။ တိုးတက်လာသည်နှင့်အမျှ ဖန်ဆင်းရှင်၏လက်ရာများကို ပို၍ရှင်းရှင်းလင်းလင်း မြင်လာသည်။ နလသူကအငသညွှ့နသမပ အရ အရာရာသည် ဆင့်ကဲဖြစ်စဉ်အတိုင်း ဖြစ်ပေါ်လာသည်ဟုဆိုသူ ]ဒါဝင်}၏အယူအဆကို လူတော်တော်များများ နှစ်ပေါင်းများစွာကတည်းက လက်ခံထားကြသည်။ ]ဒါဝင်}ခေတ်ကုန်၍ နှစ်(၁၀ဝ)ကျော်သို့ ရောက်ရှိလာသောအခါ များစွာသော သိပ္ပံ၏ပညာရပ်များ ကျွန်ုပ်တို့ရရှိလာကြသည်။ အသစ်ရရှိလာသော သိပ္ပံပညာရပ်များသည် အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း ကျွန်ုပ်တို့ကို ပို၍ ယုံကြည်စေလာသည်။
    ကျွန်ုပ်လေ့လာစူးစမ်းမိသမျှ ခြုံငုံကြည့်မည်ဆိုလျှင် အကြောင်းခံ(၇)ခုကို တွေ့ထားပါသည်။ ထိုအကြောင်းခံ (၇)ခုသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်တည်ရှိ ကြောင်း ခိုင်ခိုင်မာမာယုံကြည်ရန် တွန်းပို့ပေးနေပါသည်။
ပထမအကြောင်းခံ
    ပမာအားဖြင့်ဆိုကြပါစို့။ ကျွန်ုပ်တို့သည် ပိုက်ဆံ အြွေကစေ့ ဆယ်စေ့ကိုယူပြီး တစ်စေ့စီ၌ (၁)မှ (၁၀) အထိ နံပါတ်များတပ်၍ အိတ်တစ်ခုအတွင်းသို့ ထည့် လိုက်ပါ။ တစ်ဖန် ထိုအိတ်ကိုကောင်းစွာလှုပ်ပါ။ ထို့နောက် (၁)မှ (၁၀)အထိ နံပါတ်အစဉ်လိုက် ပြန်ထုတ်နိုင်ရန် ကြိုးစားကြည့်ပါ။ အမှတ်စဉ်(၁) တပ်ထားသော အြွေကစေ့သည် ပထမဦးဆုံး ပေါ်ထွက်လာဖို့အတွက် သင်္ချာနည်းအရကြည့်လျှင် (၁၀)ကြိမ်ခန့် နှိုက်ပြီးမှ တစ်ကြိမ် ဖြစ်ကောင်းဖြစ်နိုင်သည်။
    အကယ်၍ အမှတ် စဉ်(၁)အြွေကစေ့ပြီးနောက် တစ်ဆက်တည်း အမှတ် စဉ်(၂) အြွေကစေ့ပေါ်ထွက် လာအောင် ကြိုးစားကြည့် မည်ဆိုလျှင် အကြိမ်တစ်ရာ ခန့်ပြန်နှိုက်မှ တိုက်ဆိုင် နိုင်မည်ဟု ထင်သည်။
    ထိုနည်းတူစွာ နံပါတ်(၁)၊ နံပါတ်(၂)၊ နံပါတ်(၃) တို့အစဉ်လိုက်ထွက်လာရန် ကြိုးစားမည်ဆိုလျှင် အကြိမ် (၁၀ဝ၀)ခန့်မှ တစ်ကြိမ်တိုက်ဆိုင်နိုင်မည်ဟု ခန့်မှန်း ရသည်။
    နံပါတ်(၁)မှ (၁၀)အထိ တစ်ခုပြီးတစ်ခု နံပါတ်စဉ် လိုက်မလွဲဘဲ ထွက်လာဖို့ဆိုသည်မှာ အကြိမ်ဆယ်သန်းမှ တစ်ကြိမ် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ကောင်းဖြစ်နိုင်မည်။
    အထက်ပါသဘောတရားကို ကောင်းစွာနားလည် လျှင် လူ့ဘဝတစ်ခုကို ခန့်မှန်းကြည့်ပါ။ ဘဝ၏အသေး တကာ့အသေးဆုံး ဖြစ်အင်ကလေးသည်ပင် တိုက်ဆိုင်၍ ဖြစ်ပျက်သည်မဟုတ်၊ ယင်း၏နောက်ကွယ်၌ စနစ်တကျ ဖန်တီးထားသော အစီအစဉ်တစ်ရပ်ရှိနေပါသည်။
    လူတစ်ယောက် အသက်ရှင်ရပ်တည်နိုင်ရေး အတွက် အခြေအနေအရပ်ရပ်နှင့် လိုအပ်ချက်များ စနစ်တကျ ဖြည့်ဆည်းလှုပ်ရှားနေမှုများမှာ သဘာဝ အလျောက် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ပျက်နေခြင်းမဟုတ်ပါ။ ယင်း၏နောက်ကွယ်၌ အခိုင်အမာဖန်တီးထားသော တန်ခိုးရှင်၏လက်ရာကို တွေ့နိုင်ပါသည်။
    ကျွန်ုပ်တို့ နေထိုင်နေသည့် ကမ္ဘာကြီးသည် တစ်နာရီလျှင် မိုင်(၁၀ဝ၀)နှုန်းဖြင့် မိမိဝင်ရိုးအပေါ် လည်ပတ်နေသည်။ အကယ်၍ တစ်နာရီလျှင် မိုင်(၁၀ဝ) နှုန်းဖြင့် လျော့၍လည်ပတ်မည်ဆိုလျှင် ကမ္ဘာကြီးတစ်ခု လုံး၏ အစီအစဉ်နှင့် အခြေအနေအရပ်ရပ်မှာ လုံးဝ ကပြောင်းကပြန်ဖြစ်သွားမည်ဖြစ်သည်။ နေ့နှင့်ညမှာ ဆယ်ဆပို၍ အချိန်များလာမည်။ နေ့တာရှည်လျားလွန်း သည့်အတွက် ကျွန်ုပ်တို့၏လယ်ယာများသည် ကြာရှည်စွာ နေပူဒဏ်ခံရသည့်အတွက်ကြောင့် လောင်ကျွမ်းကုန်မည် ဖြစ်သည်။ ညအချိန် ရှည်လျားလွန်းသောကြောင့် အစေ့မှအညှောင့်ထွက်လာမည့်အပင်ငယ်များသည် ဆက်လက်မထွက်နိုင်တော့ ဘဲ တစ်ပိုင်းတစ်စနှင့် ရပ် တန့်သွားလိမ့်မည်ဖြစ်သည်။
ကျွန်ုပ်တို့ကမ္ဘာ၏နေမင်းကြီး ၏ မျက်နှာပြင် အပူရှိန်မှာ ၁၂၀ဝ၀ ဒီဂရီဖာရင်ဟိုက် ဖြစ်ပါသည်။ နေမင်းကြီး၏ အပူရှိန်နှင့် အလင်းရောင် သည် အလွန်ပြင်းထန်သော်ငြားလည်း ကျွန်ုပ်တို့ကမ္ဘာ မြေကြီးအတွက် လိုအပ်သလောက်သာ အလင်းရောင်နှင့် အပူရှိန်ရရှိနိုင်မည့်အကွာအဝေး၌ ထားရှိထားသည်။ ထိုအတိုင်းအတာထက်ပို၍ နီးကပ်ခြင်းလည်းမရှိ။ ဝေးကွာ ခြင်းလည်းမရှိပါ။
    အကယ်၍ လက်ရှိနေမင်းမှရရှိနေသည့် အပူရှိန် အား ၅၀% လျော့ချလိုက်လျှင် ကျွန်ုပ်တို့အားလုံး ရေခဲတုံး ကဲ့သို့ ခဲသွားမည်။ အပူရှိန်ကို ၅၀%တိုးမြှင့်ပေးလိုက်လျှင် ကျွန်ုပ်တို့အားလုံး လောင်ကျွမ်းပြီး ပြာဖြစ်သွားမည်။
    ကမ္ဘာကြီးသည် မိမိဝင်ရိုးပေါ်တွင် ၂၃ƒ ဒီဂရီ တိမ်းစောင်း၍ လည်ပတ်နေခြင်းကြောင့် ရာသီဥတုများ သာယာနေခြင်း ဖြစ်ပါသည်။ အကယ်၍ ထိုသို့တိမ်းစောင်း ခြင်းမရှိပါက ပင်လယ်သမုဒ္ဒရာများ၏ ရေလှိုင်းတံပိုး များနှင့်ရေမြှုပ်များသည် ကမ္ဘာ့တောင်ဘက်နှင့် မြောက် ဘက်သို့ တက်ကြမည်ဖြစ်သည်။ ဤသို့ဖြင့် ကမ္ဘာ့တောင် ဘက်နှင့် မြောက်ဘက်၌ရှိသော ရေခဲများသည် အတိုင်း မသိပြိုဆင်းလာ၍ ကျွန်ုပ်တို့အပေါ် လွှမ်းမိုးသွားမည်ဖြစ် သည်။
    အကယ်၍ ကျွန်ုပ်တို့မြင်နေရသည့် လသည် ယခုတည်ရှိနေသည့် အကွာအဝေးမှ မိုင်ငါးသောင်း အကွာအဝေးသို့ နီးကပ်စွာရောက်ရှိလာလျှင် ကမ္ဘာပေါ် ၌ ဒီရေအတက်အကျပြင်းထန်လာမှုကြောင့် တစ်နေ့လျှင် နှစ်ကြိမ်တိုင်တိုင် ကမ္ဘာမြေကြီးသည် ရေလွှမ်းမိုးမှုခံရမည် ဖြစ်သည်။ ဒီရေများ လျှင်မြန်စွာ တက်၊ ကျ သည့်အတွက် ကြောင့် ရေစီးအား ပြင်းထန်စွာရိုက်ခတ်ကာ ကျွန်ုပ် တို့၏အဆောက်အဦများ၊ အိမ်များ၊ နံရံတံတိုင်းများနှင့် မြင့်မားသောတောင်ကြီးများပါ အစိတ်အစိတ်အမြွှာမြွှာ ကြေမွ၍ မျောပါကုန်ကြမည်ဖြစ်သည်။
   အကယ်၍ပင်လယ် သမုဒ္ဒရာ၏ ကြမ်းပြင် အနက် သည် လက်ရှိတည်ရှိနေ သည့်အနက်မှ ပေအနည်း ငယ် ပိုများလာမည်ဆိုလျှင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အောက်ဆီဂျင်တို့ ရောနှော သွားမည် ဖြစ်သည်။
    ဤအတိုင်းပင် အပင်များတိုးတက်ကြီးထွားမှု၊ သီးပွင့်မှုတို့သည်လည်း ရပ်ဆိုင်းသွားမည်ဖြစ်သည်။
    အကယ်၍ ကမ္ဘာမြေကြီး၏ အပေါ်ယံမြေလွှာ သည် ယခုတည်ရှိနေသည့် အထူမှ ၁၀ ပေထပ်၍ ထူသွားမည်ဆိုလျှင် ကမ္ဘာပေါ်၌ အောက်ဆီဂျင်    ကုန်ခန်းသွားမည်ဖြစ်သည်။ အောက်ဆီဂျင်မရှိလျှင် ကမ္ဘာပေါ်၌ သက်ရှိတို့ အသက်ရှင်ရပ်တည်နိုင်မည် မဟုတ်တော့ပါ။
    ထိုနည်းတူစွာပင် ကောင်းကင်လေထုလွှာသည် လက်ရှိအခြေအနေထက် ပို၍ပါးလွှာသွားမည်ဆိုလျှင် အာကာသဟင်းလင်းပြင်၌ သိန်းပေါင်းများစွာသော တောက်လောင်နေသည့်ကြယ်၊ ဥက္ကာခဲများသည် ကမ္ဘာ့ မြေမျက်နှာပြင်အနှံ့အပြားအပေါ် ကျရောက်လာ၍ မီးတောက်မီးလျှံများ တောက်လောင်လာမည်ဖြစ်သည်။
    ထို့ပြင် ကျွန်ုပ်တို့သည် အခြားမြောက်မြားစွာ သောအချက်များကိုလေ့လာဆန်းစစ်၍  ပို၍နားလည်သိရှိ လာကြရသည်။ စကြဝဠာနှင့် ကမ္ဘာကြီး၏ စီမံကိန်းကြီးမှာ သဘာဝအလျောက် တိုက်တိုက်ဆိုင်ဆိုင် အတိအကျ ဖြစ်ပျက်နေရခြင်းပါဟု ဒွိဟစိတ်ဖြင့် ထင်မှတ်နိုင်ရန် အပုံဆယ်သိန်းပုံတစ်ပုံခန့်မျှပင် မဖြစ်နိုင်စကောင်းပါ။
ဒုတိယအကြောင်းခံ
    သက်ရှိတိုင်းသည် မိမိအသက်ရှင်ရပ်တည်နိုင်ရန် အတွက် လိုအပ်ချက်များကို ရှာဖွေဖြည့်ဆည်းကြရသည်။ ထိုသို့ ရှာဖွေဖြည့်ဆည်းနိုင်သည့် စွမ်းအားသည် ကိုယ်ပိုင် အရည်အချင်းမဟုတ်ဘဲ တန်ခိုးတော်အနန္တ၊ Óာဏ်တော် အနန္တနှင့်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ ဖန်တီး စီမံပေးနေမှုပင်ဖြစ်ပါသည်။
    သို့သော် သက်ရှိ တို့၏ ]အသက်ရှင်ခြင်း}ဆို သည်မှာ အဘယ်နည်း။ ဤ]အသက်ရှင်ခြင်း}၏ နက်ရှိုင်းမှုကို ယနေ့အထိ မည်သူမျှ  အတိအကျ သိရှိ နိုင်စွမ်း မရှိကြပါ။
    ဤ]အသက်ရှင်ခြင်း}ဆိုသည်မှာ အလွန်နက်ရှိုင်း ၍ အံ့ဩဖွယ်ကောင်းသော ကိစ္စကြီးတစ်ခုဖြစ်သည်။ သက်ရှိတို့၏ အသက်ရှင်သန်နေမှုမှာ ဓာတ်ကြီးလေးပါး သက်သက်ပင်မဟုတ်ပါ။ သက်ရှိတို့အတွင်း၌ အံ့ဖွယ် ဖွံ့ဖြိုးလျက်ရှိသော စွမ်းအင်တစ်ခုရှိနေပါသည်။
    ရှင်သန်ဖွံ့ဖြိုးလျက်ရှိသော အပင်တစ်ပင်၏အမြစ် သည် ကျောက်မြေကိုပင်ခွဲပစ်နိုင်သည်ဆိုသည့်စွမ်းအားမှာ အံ့ဩဖွယ်မဟုတ်ပါသလော။ အပင်သည် မိမိအသက်ရှင် ရပ်တည်နိုင်ရန် ရေ၊ မြေ၊ လေ တို့အပေါ် လိုအပ်သလို လွှမ်းမိုးထားသည်။
    ဤသည်ကား တန်ခိုးတော်ရှင် အလ္လာဟ်အရှင် မြတ်၏လက်ရာတော်များပင်ဖြစ်ပါသည်။ ထိုအရှင် သည်ကား သက်ရှိတို့ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် လိုအပ်ချက်ဟူသရွေ့ကို စီမံဖန်တီးပေးတော်မူသည်။
    ထိုအရှင်သည်ကား သက်ရှိတို့၏ အဆင်း သဏ္ဌာန်ကို ဖန်တီးပြုလုပ်ပေးသော အနှိုင်းမဲ့ဗိသုကာ ဖြစ်သည်။ သစ်ရွက်တစ်ရွက်ကိုပင် အတုမခိုးနိုင်လောက် အောင် အလွန်အဆင့်မြင့်သော နည်းပညာဖြင့် ဖန်တီး ပြုလုပ်ထားသော အနှိုင်းမဲ့ ဒီဇိုင်းပညာရှင်ဖြစ်သည်။ ပန်းပွင့်များကို အလွန်လက်ရာမြောက်စွာ အရောင်အဆင်း ခြယ်သထားသည့် အနှိုင်းမဲ့ပန်းချီဆရာပင်ဖြစ်သည်။ ငှက်ကလေးများနှင့် ပိုးကောင်ကလေးများအား သာယာ သောအသံများချီးမြှင့်ထားသည့် အနှိုင်းမဲ့သံစဉ်ဖန်တီးသူ ဖြစ်သည်။ အသီးများ၌ ချို၊ ချဉ် အရသာပေါင်းစုံကို ဖန်တီးပြုလုပ်ပေးသည့် အနှိုင်းမဲ့ရသာဖန်တီးရှင်ဖြစ်သည်။
    ပန်းများ၌ မွှေးရနံ့မျိုးစုံနှင့် ကြံပင်၌ ချိုသော အရသာကို ပြုလုပ်ဖန်တီးပေးထားသည်။
    ထိုအပင်များသည်ပင် သက်ရှိတို့ အသက်ရှူ နိုင်ရန် အောက်ဆီဂျင်ရရှိရာ အကြောင်းခံဖြစ်နေသည်။ 
    သက်ရှိတို့ အသက် ရှင်နေသည့် မူလ ပင်မ ဖြစ် သည့်အရာ ဏမသအသစျူော တည်းဟူသော အလွန် သေးငယ်သည့်အရာအာားငခမသျခသစန ကဲ့သို့ အဏု ကြည့်မှန်ဘီလူးဖြင့်သာ မြင်ရပါသည်။ ထိုအရာသည် လှုပ်ရှားနိုင်မှုနှင့် နေမှ စွမ်းအင်ကို စုပ်ယူနိုင်သည်။   ဆဲလ်အတွင်း၌ ထိုအရာသည် တစ်ကိုယ်တော် အသက် ရှင်ရပ်တည်လျက်ရှိသည်။ ထိုအရာကိုပင် သက်ရှိတို့ အသက်ရှင်နေရသည့်အကြောင်းခံ ]ဘဝအသက်} ဟုခေါ်သည်။ ဤသည်သောအရာကိုပင် သက်ရှိတိုင်း ကိုယ်စီကိုယ်စီရရှိထားသောကြောင့် အံ့ဖွယ် အသက်ဆက် နေရခြင်းဖြစ်သည်။ 
    အထက်ဖော်ပြပါ ဏမသအသစျူော တည်းဟူ သော သေးငယ်သောအရာ၏ စွမ်းအားသည် သစ်ပင်၊ တိရစ္ဆာန်၊ လူများထက်ပင် ပို၍အံ့ဖွယ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ရှိတိုင်းသည် ဤအရာ ဖြင့်သာ ရှင်သန်ရပ်တည်နေရသောကြောင့်ဖြစ်သည်။
    ဤသို့သော သက်ရှိတို့၏ ရှင်သန်ရပ်တည် နေသည့်ဖြစ်အင်ကြီးသည် သဘာဝအလျောက်တိုက်တိုက် ဆိုင်ဆိုင် အတိအကျ ဖြစ်ပျက်နေရခြင်းပါဟု ဒွိဟစိတ်ဖြင့် ထင်မှတ်နိုင်ရန် အပုံဆယ်သိန်းပုံတစ်ပုံ ခန့်မျှပင် မဖြစ်နိုင်စကောင်းပါ။



တတိယအကြောင်းခံ
    တိရစ္ဆာန်များတွငှ်ုညျအငညခအ နှိုးဆွ ထိန်းကြောင်း ပေးနေသော ပင်ကိုယ်Óာဏ် ရှိနေခြင်းသည် ဖန်ဆင်းရှင် တည်ရှိကြောင်း ကြေညာ နေခြင်းဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် တိရစ္ဆာန် များအား အလိုအလျောက် စေ့ဆော်ပေးနေသောပင်ကိုယ် အသိÓာဏ်ကို အလ္လာဟ် အရှင်မြတ် ချီးမြှင့်ထားခြင်းမရှိလျှင် ゞင်းတို့ အသက်ရှင် ရပ်တည်နိုင်ဖို့ဆိုသည်မှာ အလွန်မှပင် ခက်ခဲသွားပါလိမ့် မည်။
ှေူာသည ဟူသော ပင်လယ်ငါးသလောက်မျိုး သည် သားပေါက်အရွယ်ကပင် မွေးရပ်မြေကို စွန့်လွှတ် ထွက်ခွာသွားကြသည်။ နှစ်၊ လ ကြာညောင်းသည်အထိ  ပင်လယ်သမုဒ္ဒရာအတွင်း၌ နေထိုင်ကျက်စားကြသည်။  ထို့နောက် လမ်းပြသူတစ်စုံတစ်ဦးမပါဘဲ ဝေးလံသည့် ゞင်း၏မွေးရပ်နေရာသို့ ပြန်လည်ရောက်ရှိသွားကြသည်မှာ အလွန်မှပင် အံ့ဩဖွယ်ကိစ္စဖြစ်သည်။ ထိုငါးသည် မိမိမွေးရပ်ဒေသကို ပြန်လာရန်အတွက် ခိုင်မာသော ရည်ရွယ်ချက်အပြည့်ဖြင့်  ပင်လယ်လှိုင်းတံပိုးများကို ကျော်လွှားရင်း မြစ်ငယ်အတွင်းသို့ဝင်ရောက်လာသည်။ ထိုမြစ်သည် ゞင်း၏မွေးရပ်ဒေသကိုသွားရာလမ်းကြောင်း ဖြစ်သည်။ အကယ်၍သင်သည် ထိုငါးကို ဖမ်း၍ အခြားဝေးလံသော မြစ်တစ်ခုသို့ သွားလွှတ်ခဲ့မည်ဆိုလျှင် သူသည် မွေးရပ်ဒေသသို့ ရောက်ရှိနိုင်ရန် အပြင်းအထန် ရုန်းကန်ကြိုးစားနေသည်ကို တွေ့ရမည်ဖြစ်သည်။
    ထိုထက်ပို၍ နနူ ဟူသောငါးရှဥ့်မျိုးသည် ပို၍ ပင်အံ့ဩဖွယ်ကောင်းသည်။ အရွယ်ရောက်ပြီးသည့် နောက် မိမိနေထိုင်သည့် မြစ်သို့မဟုတ် ရေကန်များမှ ထွက်ခွာ၍ မိုင်ထောင်ချီ၍ဝေးသော ဗာမြူဒါကျွန်းအနီး နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်၌ နေထိုင်ကျက်စားကြ သည်။ ထိုပင်လယ်အောက်၌ပင် ဥချ၍ သားပေါက် ကြသည်။
    ငါးရှဥ့်ကြီးများမှာမူ ထိုနေရာ၌ပင် သေဆုံး ကြသည်။ သို့သော် ゞင်းတို့၏သားပေါက်ကလေးများသည် သူတို့၏မိဘများ စွန့်ခွာခဲ့သည့် ဇာတိမြေနေရာကို သိရှိ နိုင်ရန် မည်သည့်ပစ္စည်းအကူအညီမျှမပါဘဲ အလွန်ကျယ် ဝန်းသော ပင်လယ်ကြီးကို ကျော်ဖြတ်ကာ မိဘတို့ နေထိုင်၍ ထွက်ခွာလာခဲ့ သည့်မြစ်၊ ရေကန်သို့ တည့်တည့်မတ်မတ်ရောက်ရှိ သွားကြသည်။ ထိုငါးရှဥ့် သားပေါက်များ ဖြတ်သန်း လာသည့်ခရီးမှာ မည်မျှတိကျမှန်ကန်သည်ဟူမူ ယနေ့ အထိ မည်သူကမျှ အမေရိကငါးရှဥ့်ကို ဥရောပ၌ မတွေ့ဘူးပါ။ ထိုနည်းတူစွာ ဥရောပငါးရှဥ့်ကိုလည်း အမေရိက၌ မတွေ့ဘူးကြပါ။
    ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်က အံ့ဩဖွယ် အစီအမံတစ်ခုကို ပြုလုပ်ပေးထားသေးသည်။ ငါးရှဥ့်ချင်း တူပါလျက် ဥရောပငါးရှဥ့်ကို တစ်နှစ်သားအရွယ်ကျမှ အရွယ်ရောက်စေသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကထက် ဥရောပခရီးက ပို၍ဝေးသည့်အတွက် ဖြစ်သည်။ သို့မှသာ အမေရိကငါးရှဥ့်ရော ဥရောပငါးရှဥ့်ပါ မိမိတို့ မိဘများ၏မွေးရပ်မြေကို အရွယ်ရောက်သည်နှင့် တစ်ပြိုင်နက် ဝင်ရောက်နိုင်ကြရန်ဖြစ်သည်။
    ဤသို့အံ့ဖွယ်ကောင်းလောက်အောင် ငါးရှဥ့် သားပေါက်များ မိမိတို့ မိဘမွေးရပ်မြေကို ရောက်နိုင်ရန် လမ်းညွှန်ချက်ကို မည်သူကဖန်တီးပေးပါသနည်း။
ျွျှေစ ဟူသောနကျယ်ကောင်သည် အဆိပ် ဆူးဖြင့်ထိုးတတ်သော ပိုးကောင်တစ်မျိုးဖြစ်သည်။ နကျယ် ကောင်သည် အလွန်ကျွမ်းကျင်စွာဖြင့် နှံကောင်ကို အဆိပ် ဆူးထိုး၍ဖမ်းသည်။ ထိုသို့ဖမ်းရာ၌ နှံကောင်သတိလစ် မေ့မြောသွားလောက်အောင်သာ အဆိပ်ကိုထိုးနှံသည်။ ထို့နောက် အရှင်လတ်လတ်သတ္တဝါ၏အသားကို လတ်လတ်ဆတ်ဆတ်စားနိုင်ရန် မြေကြီး၌တွင်းတူး၍ ထိန်းသိမ်းထားသည်။ အဘယ်ကြောင့်ဆိုသော် အဆိပ် ထိုးသွင်းခံရ၍ သေဆုံးသွားသော အသေကောင်အသား ကိုစားလျှင် ゞင်းကိုယ်တိုင်သေဆုံးနိုင်ပါသည်။
    ထိုထက်ပို၍အံ့ဩစရာကောင်းသည်မှာ သားပေါက်များ ပေါက်လာသည်နှင့် မိခင်သည် ထို သားပေါက်များကိုစွန့်လွှတ်၍ ထွက်ခွာသွားပါသည်။ သားပေါက်များမှာ နကျယ်မျိုးရိုး၏ အကျင့်ဓလေ့များကို သင်ယူဆည်းပူးခွင့်မရကြပါ။ သို့သော် ゞင်းသားပေါက်များ မှာ မည်သည့် နကျယ် တစ်ကောင်ကောင်ကမျှ သင်ကြားပေးခြင်းမရှိဘဲ နကျယ်မျိုးရိုး၏ အကျင့်ဓလေ့ အပြည့်အဝတို့ဖြင့် ကြီးပြင်း ကျက်စားတတ်ကြပါသည်။
    ကျွန်ုပ်မေးလိုသည်မှာ မည့်သည့်ပတ်ဝန်းကျင်က ゞင်းကို ဤနည်းပညာနှင့် အကျင့်ဓလေ့များကို သင်ကြား ပေးလိုက်ပါသနည်း။
    ဤသည်မှာ ကိုယ်ပိုင်အကျင့်ဓလေ့ မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်က ချီးမြှင့်သင်ကြားပေးလိုက်သော အကျင့်ဓလေ့ပင်ဖြစ်ပါသည်။
            (ဆက်လက်ဖော်ပြပါမည်)

နဗီတမန်တော်များ၏ဘဝပုံရိပ်ဖြင့်သာ လူသားဘဝ ပြည့်စုံနိုင်သည် မော်လာနာရဖီးက်(အဇီဇီ)

လောကတည်းမည်သော ဤအံ့ဖွယ်စက်ရုံကြီးအား ထူးခြားဆန်းပြားသော အရာများဖြင့် ဖန်ဆင်းပြုလုပ်ထားပါသည်။ အဖန်ဆင်းခံသတ္တဝါများလည်း အမျိုးစုံလှ ပါသည်။ အဖန်ဆင်းခံအရာတိုင်းတွင် သီးခြားသော အရည်အချင်းများ၊ ထူးခြားသည့် စွမ်းအင်များ ကိုယ်စီရှိကြပါသည်။ သက်မဲ့ကျောက်ဆောင် ကျောက်တုံးများမှသည် လူသားတိုင်အောင် ဆန်းစစ်လေ့လာကြည့်ပါက ゞင်းတို့အတွင်း အသိအာရုံ ခံစားနားလည်မှု၊ ရည်ရွယ်စွမ်းဆောင်နိုင်မှုတို့သည် တဖြည်းဖြည်းချင်း တိုးတက်ထွန်းကားလာသည်ကို တွေ့ရှိနိုင်ပါမည်။
    သက်မဲ့အစိုင်အခဲတို့၏အစမူလဖြစ်သော အဏုမြူ (ဗွှဥြ) သို့မဟုတ် (နွှံနျွ) စသည်တို့သည် အသိအာရုံ ရည်ရွယ်လှုပ်ရှားမှုအလျှင်းကင်းကြပါသည်။ သက်မဲ့အခြားအရာ ဝတ္တုများတွင်မူ လှုပ်ရှားသက်ဝင်မှု အရိပ်အငွေ့သဘော တွေ့ရပါသည်။ သက်မဲ့အရာဝတ္ထုများ နှင့်စာလျှင် ရုက္ခဗေဒ သစ်ပင်ပန်းမန်တို့တွင်မူ မရည်ရွယ်သော အသိအာရုံသည် ပို၍ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့နိုင်ပါသည်။ သက်ရှိသတ္တဝါများတွင်မူ အသိအာရုံ ခံစားနိုင်မှုနှင့် ရည်ရွယ်ချက်ရှိရှိဖြင့် လှုပ်ရှားနိုင်မှုတို့ကို တွေ့ရပါသည်။ လူသား၌မှု အဆိုပါ အရည်အသွေးများ အပြည့်အဝဆုံးတွေ့ရပါသည်။
    ဤအရေးပါလှသည့် အာရုံခံစားမှု၊ နားလည်သဘောပေါက်မှု၊ ရည်ရွယ်လှုပ်ရှားနိုင်မှု မည်သော စွမ်းအင်များသည်သာ ကျွန်ုပ်တို့ တာဝန်ထမ်းဆောင်ရသည့် အဓိက အကြောင်း အရင်းဖြစ်ပါသည်။ အဖန်ဆင်းခံများတွင် ယင်းစွမ်းအင်များ လျော့နည်းနေသည့် အမျိုးအစား သည် လျော့နည်းသည်နှင့်အမျှ တာဝန်ယူဆောင်ရွက်ရသည့် ဝတ္တရားများလည်း နည်းပါး သွားပါသည်။ သက်မဲ့ဝတ္တုများသည် မူလကပင် တာဝန်မှန်သမျှမှ ကင်းလွတ်ပါသည်။
    သစ်ပင်ဝေပင်များတွင်မူ အသက်ရှင်ရပ်တည်ရေးအတွက် တာဝန်အချို့ ယူရပါသည်။ သက်ရှိသတ္တဝါများတွင်မူ ထို့ထက်ပိုမိုသော တာဝန်များ တိုးလာပါသည်။ လူသားအဖို့မူ ဦးခေါင်းမှ ခြေဖျားတိုင် တာဝန်များပိနေပါသည်။ တစ်ဖန် လူသားအုပ်စုကို ခွဲခြမ်းစိတ်ဖြာကြည့် လိုက်ပါက တစ်ဖက်တွင် အရူး၊ အပေါ၊ အçသူ၊ ကလေး စသည်တို့ဖြစ်ပြီး အခြားတစ်ဖက်တွင် အသိတရားရှိသူ၊ အရွယ်ရောက်လူလားမြောက်သူ၊ လိမ္မာပါးနပ်သူ၊ ပညာရှိသူ စသည်တို့ကို တွေ့မြင်ရပါမည်။
    ထိုသူတို့တွင် အသိအာရုံခံစားနိုင်မှု၊ ရည်ရွယ်ချက် ရှိရှိဆောင်ရွက်နိုင်မှု စသည့်စွမ်းအင် အနည်းအများပေါ် မူတည်၍ အချို့တွင်မည်သည့်တာဝန်မျှမရှိသလို အချို့တွင် တာဝန်အနည်းငယ်ရှိပြီး အချို့တွင်တာဝန်အမြောက်အမြား ရှိကြပါသည်။
ဝန်နှင့်အား မျှမျှတတ
    အခြားပုံစံတစ်မျိုးဖြင့် ပြန်လည်လေ့လာကြည့် မည်ဆိုလျှင် အဖန်ဆင်းခံများအနက် အထက်ပါစွမ်းအားများ လျော့နည်းနေသည်နှင့်အမျှ သဘာဝဟု ကင်ပွန်းတပ်နေ ကြသော အလ္လာဟ်အရှင်မြတ်၏တန်ခိုးတော်က ထိုချည့်နဲ့ သော  အဖန်ဆင်းခံတို့၏လိုအပ်ချက်နှင့်အညီ ゞင်းတို့ကြီး ထွားရှင်သန်ရေးအတွက် ゞင်းတို့၏လိုအပ်ချက်များကို အရှင်မြတ်ကိုယ်တော်တိုင် တာဝန်ယူထိန်းသိမ်းစောင့်ရှောက် သည်ကို တွေ့နိုင်ပါသည်။
    အဖန်ဆင်းခံသတ္တဝါများ၏ စွမ်းအင်များ နိုးကြား ဖွံ့ဖြိုးလာသည်နှင့်အမျှ အလ္လာဟ်အရှင်မြတ်သည် ゞင်းတို့ ထမ်းနိုင်သည့်ဝန်နှင့်အညီ တဖြည်းဖြည်းချင်း ကိုယ့်ဝန် ကိုယ်ထမ်းစေပါသည်။
    တောင်ကြီးများအတွင်းမှ ကျောက်သံပတ္တမြားများ ကို အဘယ်သူထိန်းသိမ်းစောင့်ရှောက်သနည်း?။မြစ် ပင်လယ်အတွင်းမှ ငါးများကို အဘယ်သူမွေးမြူသနည်း?။ တောအတွင်းမှတိရစ္ဆာန်များ အသက်ရှင်ရပ်တည်ရေး အတွက် မည်သူတာဝန်ယူထားသနည်း?။ သတ္တဝါ အပေါင်း၏ကျန်းမာရေး၊ အပူ၊ အအေးကို မည်သူက ဂရုစိုက် ဖန်တီးပေးသနည်း?။ ယုတ်စွအဆုံး သတ္တဝါ တစ်မျိုးတည်း ဖြစ်သော်ငြားလည်း အပူပိုင်း၊ အအေးပိုင်း၊ တောတောင်၊ ကန္တာရစသော ဒေသအခြေ အနေပေါ် မူတည်၍ ရေ၊ မြေ၊ လေနှင့် လျှော်ကန်သင့်မြတ်သော ခံနိုင်ရည်ဖြင့် ဖန်ဆင်းထားသောကြောင့် သတ္တဝါများတွင် ပုံပန်းသဏ္ဌာန်အားဖြင့် အကွာကြီးကွာနေသည်ကို တွေ့မြင် နိုင်ကြပါသည်။
    ဥပမာ- ဥရောပတွင်ရှိသောခွေးနှင့် အာဖရိက တွင်ရှိသောခွေးတို့တွင် ရေမြေသဘာဝ လိုအပ်ချက်အရ အသွေး၊ အသား၊ အမွေးအမှင်၊ အရည်ခွံ၊ အရောင်အဆင်း နှင့် တည်ဆောက်ဖွဲ့စည်းပုံ အကွာကြီးကွာနေသည်ကို တွေ့ နိုင်ပါသည်။ ဤသည်တို့မှာ ထိုသတ္တဝါတို့ အကျိုးဖြစ်ထွန်း ခံစားကြရသည့် ပုံစံများသာဖြစ်ပါသည်။ ဤသည်တို့ကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် သတ္တဝါတို့၏ စွမ်းရည်နည်း သည်နှင့်အမျှ ゞင်းတို့၏လိုအပ်ချက်ကို အရှင်မြတ်က တာဝန်ယူတော်မူပြီး စွမ်းရည်ထက်မြက်သည်နှင့်အမျှ ゞင်းတို့အားနှင့်အညီ ဝန်ကိုထမ်းစေထားသည်ကို တွေ့ရ ပါသည်။
    လူသားသည် မိမိစားဝတ်နေရေးအတွက် မိမိ ဘာသာ တာဝန်ယူစီမံရပါသည်။ လယ်ယာစိုက်ပျိုးခြင်းနှင့် ဥယျာဉ်စားပင် သီးပင်များကို ကိုယ်တိုင်စိုက်ပျိုး၍ အပင်ပန်း ခံရပါသည်။ အအေးဒဏ်၊ အပူဒဏ်ခံနိုင်ရန်အတွက် အခြား သတ္တဝါများကဲ့သို့ အမွေးအမှင်၊ အရေခွံများ ချီးမြှင့်မထားပါ။ အပူအအေးကို ခံနိုင်ရန် ဝတ်စားဆင်ယင်မှုကို ကိုယ်တိုင်ြုပ လုပ်ရပါသည်။ ရောဂါဘယနှင့် အနာဒဏ်ရာများ ပျောက် ကင်းရန်အတွက် ကိုယ်တိုင်ကြိုးပမ်း ကုသရပါသည်။
    အခြားတစ်ဖက်တွင် စွမ်းရည်နည်းသော သတ္တဝါ များအတွက်မူ ရန်သူများ၏အန္တရာယ်မှ ကာကွယ်ခြင်း၊ ဘဝလုံခြုံမှုရှိစေခြင်းတို့အတွက် အရှင်မြတ်ကိုယ်တိုင် တာဝန်ယူလိုက်ပါသည်။ တာဝန်ယူပုံမှာလည်း အံ့မခန်း ဖြစ်ပါသည်။ အမျိုးမျိုးသော သတ္တဝါများကို ゞင်းတို့ ကာကွယ်ရေးအတွက် အကြောင်းခံအမျိုးမျိုး ပေးထားပါ သည်။ အချို့ကို ထက်မြက်သော ခြေသည်း လက်သည်း၊ အချို့ကို ချွန်ထက်သောအစွယ်၊ အချို့ကို ဦးချို၊ အချို့ကို ပျံသန်းနိုင်ခြင်း၊ အချို့ကို ကူးခတ်နိုင်ခြင်း၊ အချို့ကို အပြေးသန်စေခြင်း၊ အချို့ကို အစွယ်များတွင်အဆိပ် စသည်ဖြင့် အမျိုးစုံသော လက်နက်တို့ကို အရှင်မြတ်က တပ်ဆင်ပေးထားပါသည်။
    သို့သော် လူသားခမြာမှာ မိမိကိုယ်ကို ကာကွယ် ရန် ဆင်ကြီးကဲ့သို့ အစွယ်ကြီးကြီးလည်းမရှိ။ နှာမောင်း လည်းမရှိ။ ကျားများကဲ့သို့ ချွန်ထက်သည့်သွားများနှင့် ခြေသည်းလက်သည်းများလည်းမရှိ။ြွေမများ ခွေးများကဲ့သို့ အဆိပ်လည်းမရှိ။ အမြင်အားဖြင့် လုံးဝလက်နက်မဲ့ ဖန်ဆင်းထားပါသည်။
    သို့သော် ထိုသဘာဝလက်နက်များအစား လူသား ၏ အရင်းအမြစ်ဖြစ်သော အသိÓာဏ် ဆင်ခြင်တုံတရား တည်းဟူသော အံ့မခန်းလက်နက်အင်အားကို ချီးမြှင့်ထား ပါသည်။ ဤမမြင်ရသော အတွင်းစွမ်းရည်များသည်သာ လူသား၏ပြင်ပအားနည်းချက်များကို ဖြည့်ဆည်းပေး ပါသည်။
    လူသားသည် ထိုအတွင်းအား စွမ်းရည်များဖြင့် အစွယ်တမြမြ နှာမောင်းတရမ်းရမ်း ဆင်ကြီးများကို ငြိမ်ဝပ်သွားစေပါသည်။ ချွန်ထက်သော အစွယ်ကြီးများ ရှိသည့် ကြောက်စရာကောင်းသောကျားကြီးများကိုလည်း အနိုင်ပိုင်းလိုက်နိုင်ပါသည်။ အန္တရာယ်ကြီးသော အဆိပ်ပြင်းြွေမများကိုလည်း ဖမ်းလိုက်နိုင်ပါသည်။ လေထဲတွင် ဝဲပျံ လျက်ရှိသော ငှက်များကိုလည်း ဖမ်းဆီးကြပါသည်။ ရေထဲတွင်ကူးခတ်နေသော သတ္တဝါများကိုလည်း ထောင် ဖမ်းကြပါသည်။ သို့သာမက မိမိကိုယ်ကိုကာကွယ်ရန် အတွက် ရာပေါင်းများစွာသော လက်နက်မျိုးစုံကို ထုတ်လုပ် ဖန်တီးထားကြပါသည်။
လူဖြစ်၍သာ လူလိုကျင့်ရ
    အသင်သည် မည်သည့်ဘာသာကို ကိုးကွယ်သည် ဖြစ်စေ၊ မည်သည့်ဒဿနကို ယုံကြည်လက်ခံသည်   ဖြစ်စေ လူသားဖြစ်သောကြောင့် ထမ်းဆောင်ရသည့်  ဝတ္တရားများ၏ ပင်မအကြောင်းအရင်းသည် အသင်၏ အတွင်း၌ ကိန်းဝပ်နေသော ဝေဖန်ပိုင်းခြားတတ်သည့် အသိဉာဏ်နှင့် ခံစားချင့်ချိန်လှုပ်ရှားတတ်သည့် စွမ်းရည်များ ကြောင့်သာဖြစ်ကြောင်း မဖြစ်မနေလက်ခံရပါမည်။
    ထိုတာဝန်များကို အစ္စလာမ်သာသနာတွင် ]သပ်က်လီးဖ်}(လူ့တာဝန်)ဟု ခေါ်ဆိုပါသည်။ ဤတာဝန် အား လူသား၏အတွင်းအပြင် စွမ်းရည်များနှင့် လျှော်ညီစွာ ပြဋ္ဌာန်းပေးထားပါသည်။ မုစ်လင်မ်တို့၏ အရှင်(အလ္လာဟ်) က ဤမူကို ဤသို့ဖော်ညွှန်းထားပါသည်။

    ]]အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိုသူ၏စွမ်းအားထက်ပို၍ တာဝန်ပေး တော်မမူချေ။}}  (၂း၂၈၆)
    ဤ]သက္ကလီးဖ်}မည်သော တာဝန်ဝတ္တရားများကို ကုရ်အာန်ကျမ်းတော်မြတ်၏အခြားတစ်နေရာတွင်  ]အမာနသ်}ဟုလည်း ခေါ်ဆိုထားပြန်သေးသည်။ ဤ ]အမာနသ်}မည်သောတာဝန်ကို သက်မဲ့ဝတ္တုများ၊ သစ်ပင် ဝေပင်များ၊ သတ္တဝါများသာမက ကြီးမားလှသော တောင်များ၊ မြင့်မားလှသော မိုးကောင်းကင်များကို အပ်နှံခဲ့ သော်လည်း မည်သည်ကမျှ လက်ခံထမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါ။

    ]]ဧကန်စင်စစ် ငါအရှင်မြတ်သည် အပ်နှံသော (ဤတာဝန်ကို) မိုးကောင်းကင်များရှေ့ဝယ်လည်းကောင်း၊ ပထဝီမြေ၏ရှေ့ဝယ်လည်းကောင်း၊ တောင်များ၏ရှေ့ဝယ် လည်းကောင်း ဖော်ပြခဲ့ရာ ゞင်းတို့သည် ယင်းတာဝန်ကို ငြင်းဆန်ခဲ့ကြကုန်၏။ ထို့ပြင်ယင်းတာဝန်ကို ထမ်းဆောင်ရန် ကြောက်ရွံ့စိုးရိမ်ခဲ့ကြကုန်၏။ သို့ရာတွင် လူသားမှာမူကား ယင်းတာဝန်ကို ထမ်းဆောင်ခဲ့၏။ ဧကန်အမှန် ထိုလူသား သည် လွန်စွာရက်စက်သူ၊ လွန်စွာ အသိတရားကင်းမဲ့သူပင် ဖြစ်ပေသည်။}}  (၃၃း၇၂)
    တစ်နည်းအားဖြင့် ဆိုရသော် ]ဇွာလင်မ်}]ဂျာဟိလ်} သည် အချစ်ရူး၏ အခြားအမည်ဟုလည်း ဖွင့်ဆိုနိုင်ပါသည်။
    ဇွာလင်မ်(ဘောင်ကျော်သူ)မည်သော ဤအရည် အချင်းသည် လူသား၏လုပ်ဆောင်နိုင်ရည်၌ မျှမျှတတ မလုပ်ခြင်းကိုခေါ်ဆိုပြီး ဂျာဟိလ်(အသိတရားမဲ့သူ)သည် လူသား၏ အသိÓာဏ်အမြော်အမြင်၌ မျှမျှတတ မပြုခြင်းကို ခေါ်ဆိုပါသည်။
    တစ်နည်းဆိုရလျှင် ]ဇွာလင်မ်}သည် အလုပ်ကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျမပြုလုပ်ဘဲ တလွဲတချော် ပြုလုပ်သူကိုခေါ်ဆိုပြီး ]ဂျာဟိလ်}သည် အတွေးအခေါ်ကို အံဝင်ခွင်ကျမတွေးဘဲ တလွဲတချော်တွေးခေါ်သူကို ခေါ်ဆို ခြင်းဖြစ်ပါသည်။
    ]ဇွာလင်မ်}၏ဆန့်ကျင်ဘက်မှာ ]အာဒိလ်}(မျှတသူ) ဖြစ်ပြီး ]ဂျာဟိလ်}၏ဆန့်ကျင်ဘက်မှာ ]အာလင်မ်} (အသိရှိသူ)ဖြစ်ပါသည်။
    ]သင့်တင့်မျှတမှု} (အဒလ်)နှင့် ]အသိတရားရှိမှု} (အိလ်မ်)တို့သည် လူသားထံသို့ အလိုအလျောက် ရောက်မလာပါ။ ထိုအရည်အချင်းများ ရယူရန်အတွက် ကြိုးပမ်းအားထုတ်ရပါသည်။ သဘောမှာ- ကြိုးပမ်း အားထုတ်ရာတွင် အလယ်အလတ်အဆင့်ရှိရပါမည်။ အသိÓာဏ်၏အင်အားဖြစ်သော ]အိလ်မ်}နှင့် ]မအ်ရိဖသ်} (အလ္လာဟ့်ကို နားလည်သဘောပေါက်မှု)တို့ လိုအပ်ပါ သည်။
    ကုရ်အာန်ကျမ်းတော်မြတ်တွင် ]အဒလ်}၏အခြား အမည်ကို ]အမလွတ်ဆ်ွဆွာလေ့ဟ်} (ကောင်းမြတ်သော အကျင့်သီလ) ဟုလည်းကောင်း၊ ]အိလ်မ်}၏ အခြား အမည်ကို အီမာန် (အလ္လာဟ်အရှင်မြတ်အား သက်ဝင် ယုံကြည်မှု) ဟုလည်းကောင်း ကင်ပွန်းတပ်ထားပါသည်။

    ]](ငါအရှင်မြတ်သည်) ခေတ်ကာလကို သက်သေ ထူတော်မူ၏။ ဧကန်စင်စစ် လူသည် အမှန်ပင် ဆုံးရှုံးမှု ၌ရှိ၏။ အကြင်သူတို့မှတစ်ပါး ထိုသူတို့သည် (အီမာန်) သက်ဝင်ယုံကြည်ခဲ့ကြ၏။ ゞင်းပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြ၏။}}
                    (၁၀၃း၁၊၂၊၃)
    အလိုသဘောမှာ- ခေတ်ကာလ၏ ကစမ်၊ မုချဧကန် အီမာန်သက်ဝင်ယုံကြည်သူများနှင့် ကောင်းမြတ် သော အကျင့်သီလများကို ဆောက်တည်သူများမှအပ ကျန်လူသားများသည် ဆုံးရှုံးမှု၌သာ ရှိနေကြ၏။ 
    ဤဆုံးရှုံးမှုသည် ဖော်ပြခဲ့ပြီးသော တရားလက် လွတ်ဆောင်ရွက်ခြင်းနှင့် အသိပညာ၊ Óာဏ်အမြော်အမြင် ကင်းမဲ့ခြင်းသာ ဖြစ်ပါသည်။ ယင်းကို အီမာန်(ခေါ်) မှန်ကန် သော အသိပညာနှင့် အဒလ်(ခေါ်) ကောင်းမြတ်သော ကျင့်ဆောင်မှုဖြင့်သာ ကုသရပါမည်။
    အီမာန်သက်ဝင်ယုံကြည်မှုနှင့် ကောင်းမြတ်သော ကျင့်ဆောင်မှုမရှိသရွေ့ လူသားသည် ဆုံးရှုံးပျက်စီး နေမည်သာဟုတင်ပြရာတွင် အထောက်အထားအဖြစ် ခေတ်ကာလကို အလ္လာဟ်က ရည်ညွှန်းထားပါသည်။
    ခေတ်ကာလဟု ဆိုလိုသည့်ရည်ရွယ်ချက်မှာ ကမ္ဘာဦးအစမှယနေ့တိုင် ဖြစ်ပျက်ခဲ့သမျှ အကောင်း၊ အဆိုး အလုံးစုံကို ဆိုလိုပါသည်။
    ]ကာလဲလ်}၏ကမ္ဘာကျော် အဆိုအရ ]]သမိုင်းဆို သည်မှာ ထူးခြားကြီးကျယ်သောလူပုဂ္ဂိုလ်ကြီးတို့၏ စဉ်ဆက် မပြတ် ဖြစ်ပျက်ခဲ့သော ဘဝပုံရိပ်ဖြစ်ရပ်များ၏အမည်သာ ဖြစ်ပါသည်}}။
    ကမ္ဘာ့သမိုင်းစာမျက်နှာများက ကမ္ဘာလောကကြီး တွင် ]အီမာန်}ယုံကြည်မှုနှင့် ကောင်းမြတ်သော ကိုယ်ကျင့် သီလကင်းမဲ့ခဲ့ကြသော အမျိုးသားများ၊ အုပ်စုဝင်များသည် ပျက်စီးဆုံးရှုံးခဲ့ကြကြောင်း သက်သေထူလျက်ရှိနေပါသည်။
ဘာသာတိုင်း၏ကျမ်းစာများတွင် လူသားတို့၏ဖြစ်ပုံပျက်ပုံတို့ကို မီးမောင်းထိုးပြ
    တစ်ကမ္ဘာလုံးတွင်ရှိကြသော ကောင်းကင်ကျကျမ်း များ၊ ဘာသာပေါင်းစုံတို့၏ကျမ်းစာများ၊ စာရိတ္တရေးရာ ပြုပြင်ပေးသည့်အကြောင်းအရာများ၊ လူတို့၏ကောင်းမှု၊ ဆိုးသွမ်းမှုများကို ဖော်ပြထားသည့်အကြောင်းအရာများ အားလုံးသည် မတရားမှု၊ အသိတရားခေါင်းပါးမှုနှင့် အီမာန်-အမလ်တည်းဟူသော လမ်းကြောင်းနှစ်ခုဖြင့်သာ ပြည့်နှက်နေပါသည်။
    တစ်ဖက်တွင် မတရားမှု၊ အသိမဲ့မှု၊ ဆိုးသွမ်း မိုက်မဲမှု၊ အမှောင်ထု၏ပုံရိပ်များရှိသကဲ့သို့ အခြားတစ်ဖက်တွင် တရားမျှတမှု၊ ကိုယ်ကျင့်သီလကောင်းမှုနှင့် လင်းရောင်ခြည် တို့၏ပုံရိပ်များ၊ သမိုင်းများ၊ အထ္ထုပ္ပတ္တိများ ပါရှိပါသည်။
    ထိုကျမ်းများ၌ လူ့တာဝန်ကျေပွန်ခဲ့ကြသော လူပုဂ္ဂိုလ်တို့ကို ချီးမွမ်းဩဘာပေးထားသကဲ့သို့ လူ့တာဝန် ကျေပွန်ခြင်း မရှိခဲ့ကြသောသူတို့ကို ကဲ့ရဲ့ရှုတ်ချထားသည့် အကြောင်းများလည်းပါရှိပါသည်။
    ဂရိတို့၏ အီလိယာဒ်၊ ရောမတို့၏ ပီရ်လလ် လောတူဇ်၊ ပါးရှန်တို့၏ ရှားဟ်နာမဟ်၊ ဟိန္ဒူတို့၏ မဟာ ဘာရတ်၊ ရာမာယဏ၊ ဂီတစသော ကျမ်းများတွင် ဘာတွေများ ပါဝင်သနည်း?။ လူမျိုးတိုင်း၏ မျိုးနွယ်စုများမှ ゞင်းတို့၏ အကြီးအကဲ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ဘဝဖြစ်စဉ် များအတွင်းမှ အသိတရားရှိမှု၊ အသိတရားမဲ့မှု၊ တရားမှု၊ မတရားမှု၊ အကောင်း၊ အဆိုး၊ အီမာန်၊ ကွဖ်ရ်စသော ဆန့်ကျင်ဘက်အုပ်စုများ၏ သံဝေဂယူဖွယ် ဖြစ်ရပ်များသာ ပါဝင်ပါသည်။
    ထိုဖြစ်စဉ်များကို ဆင်ခြင်သုံးသပ်၍ လူမျိုးတိုင်း သည် မလျှော်ကန်သောလုပ်ရပ်များကြောင့် ကျရောက် ခဲ့သည့်ဆိုးကျိုးများမှရှောင်ကြဉ်၍ လျှော်ကန်သင့်မြတ် သောလုပ်ရပ်များကြောင့် အကျိုးဖြစ်ထွန်းခဲ့သည်များကို နမူနာယူ၍ လုပ်ဆောင်ကာ အကျိုးခံစားစေရန် ဖြစ်ပါသည်။
    သောင်ရားသ်၊ ဇဗူးရ်၊ အင်န်ဂျီလ်နှင့် ကုရ်အာန် ကျမ်းတော်မြတ်တွင်လည်း ဘာတွေများပါသနည်း?။ ထိုကျမ်းများတွင်လည်း အများစုမှာ ဆိုးသွမ်းမိုက်မဲ သွေဖည် ငြင်းဆန်သူများ၏ဆုံးရှုံးပျက်စီးမှု၊ မွန်မြတ်၊ မျှတ၊ ယုံကြည် သက်ဝင်သူများ၏ နဖူးစာကောင်းခြင်းနှင့် အောင်မြင်ခြင်းများ ၏ဖြစ်ကြောင်းကုန်စင်များ ပါဝင်ပါသည်။
    ဤသည်တို့ကိုကြားသိ၍ မသူတော်က သူတော် ဖြစ်၊ မတရားသူက မျှတသူဖြစ်၊ ကာဖိရ်က မိုအ်မင်န်ဖြစ်လာ စေရန် ရည်ရွယ်ပါသည်။
    ထို့ကြောင့်ပင် ကျွန်ုပ်တို့၏ နောက်ဆုံးနဗီ       တမန်တော် မုဟမ္မဒ်သခင်(µ)မပွင့်ပေါ်မီအလျင်က ခေတ်တိုင်း၊ ဒေသတိုင်းတွင် အရှင်မြတ်စေလွှတ်ခဲ့သော တရားလမ်းပြနဗီတမန်တော်များ ပွင့်ပေါ်ခဲ့ကြပါသည်။ ထိုတမန်တော်များသည် မိမိတို့၏အမျိုးသားများအလယ် တွင် မိမိ၏ဘဝပုံရိပ်ကို အတုယူဖွယ်စံနမူနာအဖြစ် ပြသခဲ့ကြပါသည်။ သို့မှသာ အမျိုးသားထုတစ်ရပ်လုံးသည်  မိမိတို့တမန်တော်၏ဘဝပုံရိပ်အတိုင်း လျှောက်လှမ်း၍ အောင်မြင်မှုကို အရယူနိုင်စေရန်ဖြစ်ပါသည်။
    အဆုံး၌မူ တမန်တော်မြတ်မုဟမ္မဒ်(µ) သခင်ကို ကမ္ဘာ့ကရုဏာရှင်အဖြစ် စေလွှတ်ခဲ့ပါသည်။ သို့မှသာ ကမ္ဘာလောကကြီးတစ်ခုလုံးအတွက် အတုယူဖွယ် တမန်တော်၏ဘဝပုံရိပ်စံနမူနာကို ထာဝရအတွက် ကျန်ရစ် ခဲ့ရန်ဖြစ်ပါသည်။ ဤသို့ဖြင့် ကမ္ဘာ့လူသားထုတစ်ရပ်လုံး အောင်မြင်ကြမည်ဖြစ်ပါသည်။
    တမန်တော်မြတ်(µ)၏ ရွှေနှုတ်တော်မှတစ်ဆင့် ကုရ်အာန်ကျမ်းတော်မြတ်က ကြေညာသည်မှာ-

အလိုသဘောမှာ- သို့ရှိရာ (အိုကိုရိုက်ရှ်အမျိုးသားတို့) ကျွန်ုပ်သည် ဤ(နဗီအဖြစ် ကြေညာခြင်းမြုပမီ) အလျင်က လည်း အသင်တို့နှင့်အတူ သက်တမ်းတစ်ခု နေခဲ့ပြီးဖြစ်၏။ သို့ပါလျက် အသင်တို့သည် နားမလည်ကြလေသလော။
                    (၁၀း၁၆)
    ကျမ်းတော်မြတ်၏ အထက်ပါအာယသ်တော်တွင် စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်က မိမိနဗီ၏ဘဝဖြစ်စဉ်သမိုင်းပုံရိပ်ကို နဗီဖြစ်ကြောင်း အထောက်အထားတစ်ရပ်အဖြစ် ရုပ်လုံးဖော်ပြထားပါသည်။
သမိုင်းဝင်ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ပါသော်လည်း
    ကမ္ဘာ့သမိုင်းတွင် သိန်းသောင်းချီ၍ မဟာလူသား ကြီးများပေါ်ပေါက်ခဲ့ပြီး မိမိတို့၏ဘဝသက်တမ်းကို နောင်လာနောက်သားတို့အတွက် စံနမူနာအဖြစ် ချန်ရစ်ခဲ့ကြ ပါသည်။
    ကမ္ဘာကို အုပ်ချုပ်မင်းလုပ်ခဲ့ကြသော ဘုရင်ကြီး များနှင့် ゞင်းတို့၏မူးကြီးမတ်ရာ သေနာပတိများ၊ စစ်သူကြီး များနှင့် ゞင်းတို့၏မှုးမတ်ဗိုလ်ပါ စစ်သည်တော်များ၊ ဉာဏ်ကြီးရှင်ဒဿနပညာရှင်များနှင့် ゞင်းတို့၏တပည့် တပန်းများ၊ ကမ္ဘာကို အောင်ပွဲခံခဲ့သော စစ်ဘုရင်ကြီးများနှင့် ゞင်းတို့၏ ချွေရံသင်းပင်းများ၊ ရတု၊ ပျို့၊ လင်္ကာ ကျွမ်းကျင် သောစာဆိုတော်များနှင့် ゞင်းတို့၏ပရိသတ်များ၊ သူဌေး သြွူကယ်တို့၏ခန့်ညားထည်ဝါသော စည်းစိမ်ဥစ္စာများနှင့် ゞင်းတို့၏ရတနာသိုက်များ စသည့်ပုဂ္ဂိုလ်ထူးများ၏ဘဝပုံရိပ် သည် အာဒမ်၏သားမြေး လူသားတို့အား ညှို့ယူဖမ်းစား ခဲ့ကြပါသည်။
    ကာသေ့ခ်ျမှ ဟန်နီဗောလ်၊ မက်ဆီဒိုးနီးယားမှ အလက်ဇန္ဒား၊ ရောမမှ ဆီဇာ၊ အီရန်မှ ဒါရာ၊ ဥရောပမှ နပိုလီယံ စသောပုဂ္ဂိုလ်တို့၏ဘဝသမိုင်းကို လူတိုင်းစိတ်ဝင် စားခဲ့ကြပါသည်။ ဆိုကရေးတီး၊ ပလူတို၊ အရစ္စတိုတယ်၊ ဒယူဂျာနိစ်နှင့် ဂရိဒဿနပညာရှင်များမှသည်  စပန်စာအထိ အားလုံးသော ပညာရှင်များ၏ဘဝအစိတ်အပိုင်းသည် ထူးခြားပြောင်မြောက်ခဲ့ကြပါသည်။
    နမရူးဒ်ဘုရင်၊ ဖိရ်အောင်န်ဘုရင်၊ အဗူဂျဟလ်၊ အဗူလဟဗ်တို့သည်လည်း သူ့နည်းသူ့ဟန်ဖြင့် ထူးခြားခဲ့ ကြပါသည်။ ကာရူးန်၏ဘဝကလည်း တစ်မျိုးတစ်ဘာသာ ဟု ဆိုနိုင်ပါသည်။
    အချုပ်အားဖြင့်ဆိုရလျှင် လူသားတို့စံနမူနာယူရန် လောကဇာတ်ခုံပေါ်တွင် ထောင်ပေါင်းများစွာသော ဇာတ်ကောင်များ၏ ဘဝနမူနာများရှိခဲ့ကြပါသည်။
    သို့သော် အထက်ပါပုဂ္ဂိုလ်ကြီးများ၏ ဘဝနမူနာ များအနက်မှ မည်သို့သောဘဝနမူနာသည် လူသားထု တစ်ရပ်လုံး စံနမူနာယူထိုက်သည့် အောင်မြင်ထွန်းပေါက် မည့်နမူနာဆိုသည်ကိုမူ လူတိုင်းစဉ်းစားဆင်ခြင်နိုင်ပါသည်။
    ထိုပုဂ္ဂိုလ်ကြီးများအနက် မိမိ၏ထက်မြက် လှသောဓားဖြင့် ကမ္ဘာ့မြေပုံကို ပြောင်းပြန်လှန်ပစ်လိုက်သော စစ်ဘုရင်၊ စစ်အောင်နိုင်သူများလည်း ပါဝင်ကြပါသည်။ သို့သော် ထိုစစ်ဘုရင်ကြီးများသည် လူသားထုတစ်ရပ်လုံး လမ်းမှန်ရရေးနှင့် အောင်မြင်ထမြောက်ရေးအတွက် မည် သည့်နမူနာများ ထားရစ်ခဲ့ပါသနည်း။ ゞင်းတို့၏ ထက်မြက် သောဓားသည် စစ်တလင်းကိုကျော်လွန်၍ လူသားတို့၏ လွဲမှားသောအယူဝါဒနှင့် ယုံထင်ကြောင်ထင် အတွေး အခေါ်မှားများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်ခဲ့ ပါရဲ့လား? လူသားအချင်းချင်း ညီရင်းအစ်ကိုတမျှ ချစ်ခင်ရိုင်းပင်းရသည့် အရည်အချင်းများ သုညအောက်ကျ ဆင်းနေခြင်းကို ပြန်လည်ဦးမော့လာအောင် စွမ်းဆောင်နိုင်ခဲ့ ပါရဲ့လား?။ လူမှုအသိုက်အဝန်းကို စည်ပင်ဝပြောစေမည့် မူများ ချမှတ်နိုင်ခဲ့ပါရဲ့လား?။ နာမ်ပိုင်းဆိုင်ရာ ဆုတ်ယုတ် မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများကို ကုစားနိုင်ရန်   ကုထုံးများ ဖော်စပ်ပေးခဲ့ပါရဲ့လား?။ နှလုံးသားအတွင်း တွယ်ကပ်နေသော အညစ်အကြေးနှင့် ချေးညော်များကို သန့်စင်ပေးနိုင်ခဲ့ပါရဲ့လား?။ မွန်မြတ်သောစာရိတ္တနှင့် ကိုယ်ကျင့်တရားများ ရေးဆွဲပြသနိုင်ခဲ့ပါရဲ့လား?။
    ကမ္ဘာကြီးတွင် အထင်ကရ ကဗျာလင်္ကာဆရာကြီး များလည်း ပေါ်ထွန်းခဲ့ပါသည်။ စိတ်ကူးယဉ်အတွေးကမ္ဘာကို စိုးမိုးအုပ်ချုပ် မင်းလုပ်ကြသည့် ထိုအလင်္ကာဧကရာဇ် များသည် လက်တွေ့ကမ္ဘာအတွက် လုံးဝအသုံးမတည့်ခဲ့ပါ။
    ထို့ကြောင့်ပင် ]ပလေတို} သုခမိန်ကြီး၏ ကျော်ကြားသော အခြေခံဥပဒေတွင် ထိုသူများအတွက် မည်သည့်နေရာမျှပေးမထားခဲ့ပါ။ ]]ဟုမ္မာ}}မှစ၍ ယနေ့ အချိန်အထိ ပေါ်ထွန်းခဲ့သော အလင်္ကာဆရာကြီးများသည် တဒင်္ဂစိတ်ြွကစိတ်လှုပ်ရှားစေ၍ အတွေးဝင်္ကပါထဲ တဝဲလည်ရင်း အရီ၊ အငို၊ အလွမ်း၊ အဆွေး၊ အချစ်၊ အမုန်း ခံစားရုံမှအပ လူသားမျိုးနွယ်စု၏အခက်အခဲ အကျပ်အတည်းများ ပြေလည်ရာပြေလည်ကြောင်းကို ထိုပုဂ္ဂိုလ်များသည်လည်း အကြံမြုပနိုင်ခဲ့ပါ။
    ဤသို့ဖြစ်ရခြင်းမှာ ゞင်းတို့၏ သာယာချိုမြ နားဝင် ပီယံရှိလှသော အပြောအဆိုဒိုင်ယာလော့ခ်များနောက်တွင် အတုယူလောက်စရာ မြင့်မြတ်သည့်လုပ်ဆောင်ချက်များ ရှိမနေခဲ့ပါဝ။ ထို့ကြောင့်ပင် ကျမ်းမြတ်ကုရ်အာန်က ゞင်းတို့နှင့် စပ်လျဉ်း၍ မိန့်ဆိုထားသည်မှာ-
အဓိပ္ပာယ်။  ။ထို့အပြင် လင်္ကာဆရာများနောက်သို့ လမ်းလွဲသူတို့သာလျှင် လိုက်ကြကုန်၏။ ဧကန်အမှန် ゞင်းတို့သည် လျှိုတိုင်းတွင် ဦးလှည့်ရာသွားလာလျက် ရှိကြသည်ကို အသင်သည် မမြင်ပါသလော။ ထို့အပြင် ゞင်းတို့သည် မိမိတို့မပြုလုပ်ကြသောကိစ္စကို (ပြုလုပ်ကြ သည်ဟု) ပြောဆိုလေ့ရှိကြကုန်၏။  သို့သော် ထို(လင်္ကာ ဆရာများအနက်မှ) အကြင်သူသည် အီမာန်သက်ဝင် ယုံကြည်၍ ကောင်းမြတ်သောအကျင့်သီလများကိုလည်း ဆောက်တည်ခဲ့ကြသည်။ . . .(၂၆း၂၂၄၊၂၂၅၊၂၂၆၊၂၂၇)
    ကျမ်းတော်မြတ်ကုရ်အာန်က အလင်္ကာဆရာတို့၏ စကားချိုချို အလကားအပိုဖြစ်ရသည့်အကြောင်းအရင်းကို ဖော်ထုတ်ထားသည်မှာ အတွေးဝင်္ကပါထဲတဝဲဝဲလည်ရင်း ]အီမာန်}(ယုံကြည်မှုတရား)နှင့်]အမလ်ဆွာလေ့ဟ်}(ကိုယ်ကျင့်တရား) မည်သော အဖိုးတန်ရတနာများမှ လက်မဲ့ဖြစ်ကြရသည်။ သို့သော် အကယ်၍ ゞင်းတို့သည် ယင်းရတနာများကို ပိုင်ဆိုင်ရယူမည်ဆိုပါက ゞင်းတို့၏အပြောအဆိုသည် အနည်းနှင့်အများ အကျိုးဖြစ်ထွန်းနိုင်သော်လည်း လူ့ဘဝြုပပြင်ရေးနှင့် ]ဟေဒါယသ်} လမ်းမှန်တရားကဲ့သို့ ကြီးမား သောတာဝန်ကိုမူ ကျေပွန်နိုင်စွမ်းမရှိကြောင်း ကမ္ဘာ့သမိုင်း က သက်သေခံလျက်ရှိနေပါသည်။
    ကမ္ဘာ့အတွေးအခေါ်ပညာရှင်များ၊ ဒဿန ပညာရှင်များသည် မိမိတို့၏မဟာÓာဏ်အမြော်အမြင်ဖြင့် ကမ္ဘာ့စီမံကိန်းကို ကြိမ်ဖန်များစွာ အလှည့်အပြောင်းြုပခဲ့ကြပါသည်။ ゞင်းတို့သည် ကမ္ဘာ့အံ့ဖွယ်လျှို့ဝှက်ချက် များကိုဖော်ထုတ်၍ အံ့မခန်းသောသီအိုရီများကို ချပြခဲ့ပါသည်။ သို့သော် ゞင်းတို့သည်လည်း လူသားဘဝ နည်းမှန်လမ်းမှန် အောင်မြင်ရေးအတွက် မည်သည့်သီအိုရီ ကိုမှ လက်တွေ့ချမပြနိုင်ခဲ့ကြပါ။ အံ့ဖွယ်လူ့အရည်အချင်း များကိုဖော်ထုတ်၍ လက်တွေ့အားဖြင့် ကူညီပံ့ပိုးမှု မြုပနိုင်ခဲ့ကြပါ။ ゞင်းတို့၏ နက်ရှိုင်းစွာ ထိုးဖောက်မြင်တတ်မှု  နှင့် မြင့်မားသောအတွေးအခေါ်၏နောက်ကွယ်တွင် အတုယူလောက်စရာ မြင့်မြတ်သည့်လုပ်ဆောင်ချက်များ လက်တွေ့အားဖြင့်ရှိမနေပါ။
    ]]အရစ္စတိုတယ်}}အား ကိုယ်ကျင့်တရားပညာကို စတင် မျိုးစေ့ချပေးခဲ့သူဟုဆိုပါသည်။ ကမ္ဘာ့တက္ကသိုလ် တိုင်းတွင် ゞင်း၏(နွှုံဃ) ကိုယ်ကျင့်တရား ဘာသာရပ်ကို လက်ချာပေးကြပါသည်။ ကိုယ်ကျင့်တရားနှင့် သက်ဆိုင် သောကိစ္စတိုင်းကို ゞင်း၏အတွေးအမြင်အယူအဆဖြင့် ချိန်ထိုးဖြေရှင်းကြပါသည်။ သို့သော် ထိုအတွေးအမြင် များကိုဖတ်ကြား၍ လူသားမျိုးနွယ်တွင်းမှ အဘယ်မျှသော လူတို့ လမ်းကြောင်းမှန်ပေါ်သို့ လျှောက်လှမ်းခဲ့ကြသည်ကို အမှန်အတိုင်းအဖြေပေးစေလိုပါသည်။
    မျက်မှောက်ကမ္ဘာတွင် ကိုယ်ကျင့်တရားဘာသာ ရပ်ကို ကျွမ်းကျင်ပိုင်နိုင်သော ပရော်ဖက်ဆာ ဆရာကြီး များနှင့် အဓိပတိဆရာကြီးများ ဒုနဲ့ဒေး ရှိနေကြပါသည်။ သို့သော် ゞင်းတို့၏ကိုယ်ကျင့်တရားဆိုင်ရာ နည်းပညာ အချက်အလက်တို့သည် ကျောင်းသင်ခန်းစာအခန်း၏ နံရံလေးဘက်ကိုကျော်လွန်မှုရော ရှိပါရဲ့လား?။ ကျော်ကော ကျော်နိုင်ပါ့မလား?။ အကြောင်းမှာ သင်ကြားသူနှင့် သင်ယူသူတို့သည် စာသင်ခန်းမှ ပြင်ပသို့ထွက်လာကြ သောအခါ ゞင်းတို့၏လက်တွေ့ဘဝသည် အများသူငါ လူတကာတို့နှင့်နှိုင်းစာလျှင် ကိုယ်ကျင့်တရားအားဖြင့် တစ်လက်မပင်ပို၍ မြင့်မားခြင်းမရှိသောကြောင့် ဖြစ်သည်။
    လူသားတို့၏ဘဝကို နားများဖြင့်တည်ဆောက်၍ မရပါ။ မျက်လုံးများဖြင့်သာတည်ဆောက်နိုင်ပါသည်။ (ဆိုလိုသည်မှာ စကားဖြင့်လေရင်း၍ မတည်ဆောက်နိုင်ပါ။ အလုပ်ဖြင့် လက်တွေ့လုပ်ပြသည်ကိုမြင်မှသာတည်ဆောက် နိုင်ပါမည်)။
    ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ကြီးကျယ်ခန့်ညားသော ဘုရင်ကြီးများလည်း ပေါ်ထွန်းခဲ့ကြပါသည်။ အချို့သည် ကမ္ဘာလေးဘက်လေးရံကို အုပ်စိုးခဲ့ကြပါသည်။ မျိုးနွယ်စု အမျိုးမျိုးရှိ အမျိုးသားတို့၏ အသက်အိုးအိမ် စည်းစိမ်တို့ကို  ချုပ်ကိုင်နိုင်ခဲ့ကြပါသည်။ နိုင်ငံတစ်ခုကို ဖျက်ဆီးချေမှုန်း၍ အခြားနိုင်ငံတစ်ခုကို တည်ဆောက်ကာ စည်ပင်ဝပြောစေခဲ့ ပါသည်။ လူမျိုးစုတစ်စုကို ချိုးနှိမ်၍ အခြားလူမျိုးစုတစ်စုကို မြှင့်တင်ပေးခဲ့ပါသည်။ တစ်နိုင်ငံမှလု၍ အခြားတစ်နိုင်ငံကို ပေးခဲ့ပါသည်။ သို့သော် အများအားဖြင့် ゞင်းတို့၏အစဉ် အလာမှာ ကုရ်အာန်ကျမ်းတော်မြတ်တွင် ဖော်ပြခဲ့သော စဗာအ်(ရှီဗာ) ဘုရင်မကြီး၏ သဘောအတိုင်းသာ ဖြစ်ကြ ပါသည်။

အဓိပ္ပာယ်။  ။ဧကန်မလွဲဘုရင်မင်းတို့မည်သည် မြို့ရွာ တစ်ခုသို့ ဝင်ရောက်ကြလေသောအခါ ထိုမြို့ရွာကို ဖျက်ဆီး လေ့ရှိကြကုန်၏။ ထို့ပြင် ゞင်းတို့သည် ယင်းမြို့ရွာမှ ဂုဏ် အသရေရှိသူတို့အား ဂုဏ်အသရေသေးသိမ်သူများ ဖြစ်စေ ကြပေမည်။ (ကုရ်အာန် ၂၇း၃၄)
    ゞင်းတို့၏ ထက်မြက်သောဓားသည် လူ့အသိုက် အဝန်းအတွင်းရှိ ထင်သာမြင်သာသော ဒုစရိုက်သမားများကို နှိမ်နင်းနိုင်ခဲ့သော်လည်း လူမသိသူမသိ နေရာမျိုးတွင် ပုန်းကွယ်လှုပ်ရှားနေသော ဒုစရိုက်သမားများကိုမူ ပပျောက် အောင် နှိမ်နှင်းနိုင်ခြင်းမရှိခဲ့ပါ။ ゞင်းတို့သည် ဈေးများနှင့် လမ်းများတွင် အေးချမ်းသာယာမှုကို ဖန်တီးနိုင်ခဲ့ကြ သော်လည်း စိတ်နှလုံးတို့တည်ရာရင်တွင်းဒေသကို အေးချမ်းသာယာအောင် ဖန်တီးနိုင်စွမ်းမရှိခဲ့ကြပါ။ ゞင်းတို့သည် တိုင်းနိုင်ငံတို့ကို စည်ပင်ဝပြောအောင် စီမံ နိုင်ခဲ့ကြသော်လည်း ဝိညာဉ်တို့တည်ရာနာမ်ပိုင်းနိုင်ငံကို စည်ပင်ဝပြောအောင် စီမံနိုင်စွမ်းမရှိခဲ့ပါ။ သို့သာမက နာမ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုသည် ゞင်းတို့အတွင်းမှ သာ စတင်ပေါ်ပေါက်၍ နေရာအနှံ့ပျံ့သွားပါသည်။
    အလက်ဇန္ဒားနှင့် ဂျူးလီယက်ဆီဇာကဲ့သို့သော ဧကရာဇ်တို့သည် ကျွန်ုပ်တို့အတုယူလောက်အောင် ဘာများချန်ရစ်ခဲ့ပါသနည်း။
    ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ]စူလင်}မှစ၍ ယနေ့အချိန်အ ထိ ဥပဒေပါရဂူ အမြောက်အမြား ပေါ်ထွန်းခဲ့ပါသည်။ သို့ သော် ゞင်းတို့ချမှတ်ခဲ့သော ဥပဒေများသည် ရည်ရှည်တည် တန့်ခြင်းမရှိသလို ゞင်းတို့၏ဥပဒေအား လက်ခံကြသူတို့၏ စိတ်နှလုံးအတွင်း၌လည်း စိတ်ကြည်လင်မှုကို မပေး စွမ်းနိုင်ခဲ့ပါ။ နောင်တစ်ခေတ်တွင် ပေါ်ပေါက်လာသော၊ ပေါ်ပေါက်ခဲ့ကြသော အာဏာပိုင်များနှင့် တရားရုံးများက ゞင်းတို့၏ဥပဒေများကို မလျှော်ကန်၊ မသင့်မြတ်ဟု ယူဆ၍  ပယ်ဖျက်လိုက်ကြပါသည်။ ထိုဥပဒေများ၏နေရာတွင် အများ၏ြုပပြင်ရေးအတွက်မဟုတ်ဘဲ မိမိတို့ စိတ်ကြိုက် ဥပဒေများကို အစားထိုးကျင့်သုံးကြပါသည်။ မျက်မှောက် ခေတ်ကာလတွင်လည်း တိုးတက်ဖွံ့ဖြိုးနေပါသည်ဆိုသော လူ့အခွင့်အရေး မြှင့်တင်နေပါသည်ဆိုသော အနောက်နိုင်ငံ များတွင် လွှတ်တော်အစည်းအဝေးများ ကျင်းပပြီး ယနေ့ ဥပဒေတစ်ခုကို အတည်ြုပ၊ နောက်တစ်နေ့ဥပဒေတစ်ခုကို ပယ်ဖျက်၊ အများအကျိုးအတွက်မဟုတ်ဘဲ မိမိတို့အကျိုး အတွက် ဥပဒေအမျိုးမျိုး ပြဌာန်း၊ ပယ်ဖျက်နေကြပါသည်။
သူတော်ကောင်းတရားသည် နဗီများကိုသာအခြေခံ
    မိတ်ဆွေတို့ လူသားထုအတွင်းမှ အလွန်အဆင့်မြင့် ၍ လူတို့အား ကောင်းကျိုးကောင်းရာြုပပြင်မွမ်းမံပေးနိုင် မည်ဟု မျှော်လင့်ရသော မဟာလူသားတို့အား အလွှာပေါင်း စုံ၊ ရှုထောင့်မျိုးစုံမှ လေ့လာသုံးသပ်၍ အဖြေရှာကြည့်ခဲ့ပြီး ပါပြီ။
    လေးလေးနက်နက် ထပ်မံစူးစမ်းလျှင် မုချတွေ့နိုင် မည်မှာ မျက်မှောက်ကမ္ဘာ၏လက်ရှိအချိန်တွင် မည်သည့် နေရာဒေသတွင်ဖြစ်စေ၊ ကောင်းမှုနှင့်မွန်မြတ်မှု၏ အလင်းရောင် တောက်ပခြင်းရှိနေလျှင်၊ စိတ်စေတနာ ဖြူစင်မှုနှင့် နှလုံးသားသန့်ရှင်းမှု၏ လင်းရောင်ခြည်ရှိနေလျှင် ဤသည်တို့မှာ ထိုသူတော်မွန် သူမြတ်လောင်းတို့၏ လမ်းညွှန်ပဲ့ပြင် ဆုံးမသွန်သင်မှု၏ အကျိုးရလဒ်ပင် မဟုတ် ပါလော။ ထိုသူတော်မွန်တို့ကို အသင်တို့က နဗီတမန်တော် များဟု သိထားကြသည်။
    တောတောင်များတွင်ရှိသော ချုံနွယ်ပိတ်ပေါင်းနှင့် ဂူများ၊ မြို့များတွင်ရှိသော လူနေရပ်ကွက်များ မည်သည့်နေ ရာတွင်ဖြစ်စေ၊ သနားညှာတာမှု၊ တရားမျှတမှု၊ ဆင်းရဲနွမ်း ပါးသူများအား ကူညီထောက်ပံ့မှု၊ မိဘမဲ့တို့အားြုပစုစောင့် ရှောက်မှုစသော မည်သည့်ကောင်းမှု၏ လက်စလက်နတို့ ကို တွေ့ရသည်ဖြစ်စေ ဤကောင်းမြတ်သော အရည်အချင်း များသည် ထိုနဗီတမန်တော်များ၏ အုပ်စုအတွင်းမှ နဗီတစ် ပါးပါး၏ ဖိတ်ခေါ်စည်းရုံး ပျိုးထောင်ခြင်း၏ ထာဝရတည် တန့်နေမည့် အကျိုးဆက်များပင် ဖြစ်ပါသည်။ ကုရ်အာန် ကျမ်းတော်မြတ်တွင်လည်း ဤသို့ပင်ဖော်ညွှန်းထားပါသည်။

အလိုသဘောမှာ- မည်သည့်အုပ်စု၊ မည်သည့်အမျိုးသားမျှ သတိပေးနှိုးဆော်မည့်သူဖြင့် မကြုံတွေ့ရဟူ၍မရှိပါ။    
                (ကုရ်အာန် ၃၅း၂၄)
အလိုသဘောမှာ- လူမျိုးစုတိုင်းအတွက် လမ်းညွှန်ရှင် တစ်ပါးရှိခဲ့သည်သာ။           (ကုရ်အာန် ၁၃း၇)
    မျက်မှောက်ကာလတွင် လူမျိုးတိုင်း၊ ဒေသတိုင်း ၌ ထိုနဗီများ၏]ဗရ်ကသ်}မင်္ဂလာကြောင့် တောက်ပြောင်နေ သည်ကို တွေ့နိုင်ပါသည်။ ကမ္ဘာတစ်ခွင်လုံးတွင် ゞင်းတို့ြွေကးကြော်ခဲ့ကြသည့်အသံများ ပဲ့တင်ထပ် ရိုက်ခတ်သံကို ကြားနေကြရပါသည်။ အာဖရိကတိုက်က တောသားဖြစ်စေ၊ ဥရောပက လူကုံထံဖြစ်စေ၊ လူတိုင်း၏ နှလုံးသားသန့်ရှင်းမှု သည် ゞင်းတို့ကို အခြေခံခဲ့သလို ゞင်းတို့ကိုသာ အခြေခံပါ လိမ့်မည်။ ゞင်းတို့အနက်မှ အားလုံးထက် အဆင့်အတန်း မြင့်မား၍ ထိပ်ဆုံးအလွှာသည် လူတို့၏ ရုပ်ဆင်းသဏ္ဍန်ကို အုပ်ချုပ်သော ဘုရင်များမဟုတ်ဘဲ လူတို့၏ နှလုံးသားကို အုပ်ချုပ်မင်းလုပ်ကြသူများဖြစ်ပါသည်။ ゞင်းတို့ အုပ်ချုပ်မှု ပိုင်နက်သည် ကမ္ဘာမြေပထဝီမဟုတ်ပါ။ စိတ်နှလုံးပိုင် နက်ပင်ဖြစ်ပါသည်။
    ゞင်းတို့သည် ရဲရင့်သော စစ်သူကြီးများလို လက်တွင်ဓားကို ဆွဲကိုင်မထားကြသော်လည်း မကောင်းမှု ဒုစရိုက်ကြောင့် စွန်းထင်းလာသော အညစ်အကြေး ရန်သူ အမြောက်အမြားကို တမဟုတ်ချင်း ရှင်းပစ်လိုက်ပါသည်။ ゞင်းတို့သည် စိတ်ကူးယဉ် လင်္ကာဆရာများ မဟုတ်ကြသော် လည်း ゞင်းတို့၏ အေးချမ်းချိုမြသည့် တရားဒေသနာသံတို့ သည် ယနေ့တိုင် လူသားတို့၏ နားများနှင့် ဦးနှောက်များအ တွင်း စိမ့်ဝင်ကာ အရသာတိုးစေလျက် ရှိပါသည်။ ゞင်းတို့ သည် အမြင်အားဖြင့် ဥပဒြေုပအမတ်များနှင့် လွှတ်တော် အမတ်များ မဟုတ်ကြသော်လည်း နှစ်ပေါင်းရာထောင်  ကြာညောင်းသွားခဲ့သော်လည်း ゞင်းတို့ချမှတ်ခဲ့သောမူသည် ယနေ့တိုင် ရှင်သန်လျက် ရှိနေပါသည်။ ယင်းမူများက အာဏာပိုင်များနှင့် တရားရုံးများကိုပင် စိုးမိုးလျက် ရှိနေပါသည်။ ထူးခြားသည်မှာ နဗီတို့ချမှတ်ခဲ့သောမူသည် သူဌေး၊ လူမွဲ၊ ဘုရင်၊ သူတောင်းစား မခွဲခြားဘဲ အားလုံးအပေါ် တစ်ပြေးညီ သက်ရောက်နေခြင်းပင်။
နှလုံးသားတိုင် ထိုးဖောက်နိုင်
    ဤနေရာတွင် ဘာသာရေးနှင့် ယုံကြည်မှုပိုင်းကို  ထည့်သွင်း မဆွေးနွေးလိုပါ။ လက်တွေ့ကျသော သမိုင်း ကြောင်းသာ ဆွေးနွေးလိုပါသည်။ ဖြစ်ရပ်မှန် ဟုတ်မဟုတ် သာ အရေးကြီးပါသည်။ ]]ပါတလိပုဋ်}} ၏ဘုရင် ]]အာသောကမင်း}}၏အမိန့်ပညတ်များသည် ကျောက်၌ ထွင်းထားသည့် ကျောက်စာအဖြစ်သာ ကျန်ခဲ့ပါသည်။ သို့သော် ဗုဒ္ဓမြတ်စွာ၏ တရားတော်များသည် နှလုံးသား အတွင်း ထွင်းကျန်ရစ်လျက် ရှိခဲ့ပါသည်။
    ]]အဂျီန်}] ]]ဟက်စ်သနာပူးရ်}}(ဒေလီမြို့) ]]ကန်နိုးဂ်ျ}} စသည့် ဒေသကို အုပ်ချုပ်ခဲ့ကြသည့် ဘုရင် များ၏ အမိန့်အာဏာများသည် ပျောက်ကွယ်၍သွားခဲ့ပါပြီ။ သို့သော် ]မနူဂျီ} ၏ ]]ဒဟ်ရမ်ရှာစ်သရ်}} (ဟိန္ဒူဓမ္မသတ်)မှာ ယနေ့တိုင် လက်ခံကျင့်သုံးလျက်ပင် ရှိနေပါသည်။
    ဘေဘီလုံ၏ပထမဦးဆုံး ဥပဒေပြုဘုရင်ကြီး ]]ဟမ္မူရာဘီ}}၏ ဥပဒေပုဒ်မတို့သည် မြေကြီးပုံထဲ နစ်မြုပ် တိမ်ကောသွားသည်မှာ ကြာမြင့်လှပါပြီ။ သို့သော် အိဗ်ရာဟီးမ်(¸)၏ လမ်းညွှန်မိန့်ကြားချက်များသည် ယနေ့တိုင် သက်ဝင်လှုပ်ရှားနေပါသည်။
    ]]ငါသာအကြီးကျယ်ဆုံးအရှင်သခင်}} ဟုြွေကးကြော်ခဲ့သော ဖိရ်အောင်န်၏အသံသည်လည်း အခိုက် အတန့်သာတည်ခဲ့ပါသည်။ သို့သော် မူစာ(¸)သခင်၏ အံ့ဖွယ်သမိုင်းသည် ယနေ့တိုင် လူတို့၏စိတ်နှလုံးတွင် ကိန်းဝပ်နေပါသည်။
    ]]စူလင်}}၏ ဥပဒေများသည် နှစ်ပေါင်းကြာကြာ မခံလိုက်ပါ။ သို့သော် သောင်ရားသ်ကျမ်း၏ ကောင်းကင်ကျ အမိန့်သည် ယနေ့တိုင် လူသားထုအတွင်း မျှတမှု၏ ချိန်ခွင်လျှာအဖြစ် ရပ်တည်နေပါသည်။
    အီစာ(¸)သခင် (ယေရှု)အား တရားခံအဖြစ် သတ်မှတ်ခဲ့သော ရောမဥပဒေသည် ကမ္ဘာမှပျောက်ကွယ် သွားသည်မှာ ရာစုနှစ်ပေါင်း ကြာညောင်းခဲ့ပါပြီ။ သို့သော် အီစာ(¸)သခင်၏ လမ်းညွှန်ချက်များသည် ယနေ့တိုင် အပြစ်ရှိသူများကို လူကောင်းများဖြစ်ရန်၊ တရားခံများကို ကျွတ်လွတ်သန့်ရှင်းရန် နှိုးဆော်လျက်ရှိနေပါသည်။
    အီရန်မှ ကိစ်ရာ၊ ရောမမှ ကိုင်စရ်တို့၏အင်ပါယာ များ ကမ္ဘာ့မြေပုံမှ ပျောက်ကွယ်သွားပါပြီ။ သို့သော် မဒီနာရွှေမြို့တော်မှ တမန်တော်မြတ်မုဟမ္မဒ်(µ)၏ လမ်းညွှန် မိန့်ကြားချက်များမှာ ယနေ့တိုင် တည်တန့်ခိုင်မြဲ၍ လက်ခံ ကျင့်သုံးလျက်သာ ရှိနေပါသည်။
လူ့အဆင့်မီအောင် နဗီများသာကြိုးပမ်းဆောင်
    စာရှုသူများအနေဖြင့် ကျွန်ုပ်တင်ပြခဲ့သော စကားများကြောင့် တစ်စုံတစ်ရာ စိတ်ကျေနပ်မှုခံစားခဲ့ရ သည်ဆိုပါလျှင် ဤသည်မှာ မိမိတို့၏ယုံကြည်မှုကြောင့် မဟုတ်ဘဲ ဦးနှောက်ကလက်ခံလောက်သည့် အထောက် အထားနှင့် ကမ္ဘာ့လက်တွေ့ကျသော သမိုင်းကြောင်းများ ကြောင့်သာ လူကြီးမင်းတို့ စိတ်ကျေနပ်ခဲ့ခြင်း ဖြစ်ပါသည်။
    ထို့အပြင်  မိတ်ဆွေတို့၏စိတ်တွင်း၌ ယုံကြည် လက်ခံသွားသည်မှာ လူသားတို့၏စစ်မှန်သောကောင်းကျိုး၊ ကောင်းမြတ်သောကျင့်စဉ်၊ စာရိတ္တမွန်များ၊ နှလုံးသား သန့်ရှင်းမှု၊ အင်အားကိုသင့်တင့်မျှတစွာ အသုံးချမှု စသော အရည်အချင်းကောင်းများ ဖြစ်ထွန်းရန် လူ့အလွှာအတွင်း၌ ကြိုးစားအားထုတ်ခဲ့ကြသည်ဟုဆိုလျှင် ထိုအလွှာသည် နဗီတမန်တော်များ၏ အလွှာသာဖြစ်ကြောင်း ငြင်း၍မရပါ။
    ထိုနဗီများသည် အလ္လာဟ်အရှင်မြတ်ပို့လွှတ်ခြင်း ကြောင့်လောကတွင် ပေါ်ထွန်းခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာ့ လူသားများကိုကောင်းမြတ်သောလမ်းညွှန်များနှင့်]ဟေဒါယသ်} ကို ပေးခဲ့ကြသည်။ မိမိတို့မရှိတော့သည့်နောက်တွင်လည်း နောင်လာနောက်သားတို့ လျှောက်လှမ်းနိုင်ရန် လမ်းစဉ် တစ်ခုကို ထားရစ်ခဲ့ကြပါသည်။ ゞင်းတို့ လမ်းညွှန်ကျင့်သုံး ပြသခဲ့ကြသည်ကို အခြေခံ၍ ဘုရင်နှင့်တိုင်းသူပြည်သား၊ သူဌေးနှင့်ဆင်းရဲသား၊ ပညာတတ်နှင့် ပညာမဲ့ လူ့အလွှာ ပေါင်းစုံ သာတူညီမျှ အကျိုးခံစားလျက် ရှိနေကြပါသည်။
    အောက်ပါ ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ် တော်များကလည်း ဤသည်ကိုပင် မီးမောင်းထိုးပြလျက် ရှိနေပါသည်။
    ]]ဤသည် ငါအရှင်မြတ်၏သက်သေသာဓက ဖြစ်သည်၊ ငါအရှင်မြတ်သည်ထိုသက်သေသာဓကကို (တမန်တော်)အိဗ်ရာဟီမ်အား ゞင်း၏အမျိုးသားများ နှင့်ပြိုင်ဆိုင်ရာတွင် (အနိုင်ရစေရန်အလို့ငှာ) ချီးမြှင့် တော်မူခဲ့၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား ဂုဏ်ဒြပ်များချီးမြှင့်တော်မူလေသည်။
    စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်သည် အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင်၊ အရာခပ်သိမ်းတို့ကို အြွကင်းမဲ့သိရှိတော်မူသော အရှင် ဖြစ်တော်မူပေသည်။
    ゞင်းပြင် ငါအရှင်သည် ထို(တမန်တော်) အိဗ်ရာဟီမ် အား (သားတော် တမန်တော်)]]အစ္စဟာက်}}နှင့် (မြေးတော် တမန်တော်)]]ယအ်ကူဗ်}}တို့ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
    ငါအရှင်မြတ်သည် (ထိုတမန်တော် ]]အိစ်ဟားက်}} တမန်တော် ]]ယအ်ကူဗ်}}) အသီးသီးတို့အား တရားလမ်းမှန် သို့ ပို့ဆောင်တော်မူခဲ့၏။
    ထိုနည်းတူ ငါအရှင်မြတ်သည် (တမန်တော် အိဗ်ရာဟီမ်)အလျင် ရှေးယခင်က တမန်တော် နူဟ်အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့ပြီးဖြစ်၏။ ထိုမှတစ်ပါး (ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်)၏ သားမြေးတို့အနက်မှ (တမန်တော်)ဒါဝူဒ်၊ (တမန်တော်) စိုလိုင်မန်၊ (တမန်တော်) အိုင်ယူဗ်၊ (တမန်တော်) ယူစွတ်ဖ်၊ (တမန်တော်)မူစာနှင့် (တမန်တော်)ဟာရူးန် တို့အား(လည်း တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့လေသည်)။
    စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတော်စင် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အကျိုးပေးလေ့ ရှိတော်မူ၏။
    ထို့ပြင်တစ်ဝ (ငါအရှင်မြတ်သည်)(တမန်တော်) ဇကရီယာ၊ (တမန်တော်)ယဟ်ယာ၊ (တမန်တော်)အီစာနှင့် (တမန်တော်)အစ်လ်ယာစ်တို့အား(လည်း တရားလမ်းမှန် သို့ ပို့ဆောင်တော်မူခဲ့၏။ ထိုနဗီတမန်တော်) အသီးသီးတို့ သည် သူတော်စင်တို့အနက်မှပင် ဖြစ်ကြကုန်သတည်း။
    (ငါအရှင်မြတ်သည်တမန်တော်) အိစ်မာအီလ်၊ (တမန်တော်)အလ်ယစအ်၊ (တမန်တော်)ယူနွတ်စ်နှင့် (တမန်တော်)လူးတ်ွတို့အား(လည်း တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့၏။)
    ゞင်းပြင် ငါအရှင်မြတ်သည် (ထိုနဗီတမန်တော်) အသီးသီးတို့အား စကြဝဠာ အပေါင်းတို့အပေါ်ဝယ် ဂုဏ်ထူး ဝိသေသ) ချီးမြှင့်တော်မူခဲ့လေသတည်း။
    ထိုမျှမကသေးချေ၊ (ငါအရှင်မြတ်သည်) ထို(နဗီ တမန်တော်)တို့၏အဘ၊ ဘေးတို့အနက် အချို့ကိုလည်း ကောင်း၊ ယင်းတို့၏သား၊ မြေးတို့အနက် အချို့ကိုလည်း ကောင်း၊ ယင်းတို့၏ညီ၊ သား၊ အစ်ကိုတို့အနက် အချို့ကို လည်းကောင်း၊ (တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့လေ သည်။)
    စင်စစ်သော်ကား ငါအရှင်မြတ်သည် ယင်းသူ တို့အားရွေးချယ်တော်မူ၍ ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ညွှန်ကြားပြသတော်မူခဲ့လေသတည်း။
    ဤကား အလ္လာဟ်အရှင်မြတ်၏ တရားဓမ္မတည်း။ ထိုအရှင်မြတ်သည် မိမိကျွန်တို့အနက်မှ အလိုရှိတော်မူသော သူအား ထိုတရားဓမ္မဖြင့် လမ်းမှန်သို့ ပို့ဆောင်တော်မူ၏။
    သို့ရာတွင် အကယ်၍သာ ထိုတမန်တော်များသည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြပါမူ၊ ゞင်းတို့ ပြုမူခဲ့သမျှသောကောင်းမှု များသည် ဧကန်မလွဲ အချည်းနှီးအလဟဿ ဖြစ်သွားခဲ့ ပေမည်။
    (အထက်တွင်ဖော်ပြပါ) ဤ(တမန်တော်)များသည် အကြင်သူများပင်တည်း။ ငါအရှင်မြတ်သည် ゞင်းတို့အား ကျမ်းဂန်ဓမ္မကိုလည်းကောင်း၊ Óာဏ်ပညာရပ်တို့ကို လည်း ကောင်း၊ နဗီတမန်တော်အဖြစ်ကိုလည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့၏။
    သို့ဖြစ်ပေရာ အကယ်၍ ဤသူများသည် ဤသည် တို့ကို ငြင်းပယ်ကြပါမူမုချစင်စစ် ငါအရှင်မြတ်သည် ဤသည်တို့ကို အကြင်သူတို့အား လွှဲအပ်တော်မူအံ့။ ထိုသူတို့သည် ဤသည်တို့ကို မည်သည့်အခါမျှ ငြင်းပယ် ကြမည့်သူများမဟုတ်ပေ။
    ဤသူများပင် အကြင်သူများတည်း။ အလ္လာဟ် အရှင်မြတ်သည် ゞင်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင် တော်မူပြီးဖြစ်၏။ သို့ဖြစ်ပေရာ အသင်သည်လည်း ゞင်းတို့၏ လမ်းစဉ်ကိုလိုက်ပါလေ။  (ကုရ်အာန် ၆း၈၃၊မှ၉၀ထိ)
    အထက်ပါ အာယသ်တော်များတွင် လူသားတို့ အား လမ်းမှန်တရားပြသသော လမ်းညွှန်ရှင်အုပ်စုအတွင်းမှ ထူးခြားသော ပုဂ္ဂိုလ်အတော်များများ၏အမည်ကို ဖော်ပြ ထားပါသည်။ ကျွန်ုပ်တို့၏ အတွင်းရောဂါများနှင့် စာရိတ္တ ပိုင်း ချွတ်ယွင်းမှုများ ကုသြုပပြင်ရာတွင် ဖော်ပြပါပုဂ္ဂိုလ်တို့၏ ဖဝါးခြေထပ်လိုက်နာရန် အလွန်အရေးပါလှပါသည်။
    ဖော်ပြပါ မြင့်မြတ်သောမဟာလူသားအုပ်စုသည် သာ အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားသော လူနေဒေသ အနှံ့အပြားသို့ ရောက်သွား၍ ခေတ်သမယတိုင်းတွင် မိမိတို့ လမ်းမှန်တရား၏ဆီမီးတိုင်ကို ထွန်းညှိခဲ့ကြပါသည်။ ယနေ့ လူသားအရင်းအမြစ်များအတွင်းမှ အောင်မြင်မှု၊ မြင့်မြတ် သောစာရိတ္တ၊ လူ့ယဉ်ကျေးမှု၊ ကျင့်စဉ်ကောင်းများနှင့် သာယာဝပြော သောဘဝ၏အသီးအပွင့်များမှာ ထိုပုဂ္ဂိုလ်မွန် များ၏ဗရ်ကသ်မင်္ဂလာများသာ ရောင်ပြန်ဟပ်နေခြင်းဖြစ် ၏။ ゞင်းတို့သည် နေရာအနှံ့ မိမိတို့၏အတုယူဖွယ် ဘဝ အစိတ်အပိုင်းကို ထားရစ်ခဲ့ကြသည်။ ကမ္ဘာ့လူသား အနည်းနှင့်အများသည် ゞင်းတို့ချန်ရစ်ခဲ့သော လမ်းစဉ် အတိုင်း လျှောက်လှမ်းရင်း ကြိုးပမ်းအားထုတ်မှု၏ အောင်မြင်မှုပန်းတိုင်ကို ရှာဖွေစူးစမ်းလျက် ရှိနေကြသည်။
    နူးဟ်(¸)၏ ပြင်းပြသောဖိတ်ခေါ်မှု၊ အိဗ်ရာဟီးမ် (¸)၏ ပဲ့တင်ထပ်သော သောင်ဟီးဒ်၊ အိစ်ဟားက်(¸) ၏ ဖခင်အမွေ၊ အိစ်မာအီးလ် (¸)၏စတေးမှု၊ မူဆာ (¸)၏ ကြိုးပမ်းအားထုတ်မှု၊ ဟာရူန်း(¸)၏ မိတ်ဆွေ ပီသမှု၊ ယအ်ကူးဗ်(¸)၏ ကျေနပ်လက်ခံမှု၊ ဒါဝူးဒ် (¸)၏ အမှန်တရားအတွက်ကြေကွဲမှု၊ စုလိုင်မာန်(¸)၏ အံ့ဖွယ် အမြော်အမြင်၊ ဇကရီယာ(¸)၏ ခဝပ်ကိုးကွယ်မှု၊ ယဟ်ယား(¸)၏  အပြစ်ကင်းစင်မှု၊ အီစာ(¸)၏ လောကီစွန့်လွှတ်မှု၊ ယူနွတ်စ်(¸)၏ဝန်ခံမှု၊ လူးသွ်(¸) ၏ အသက်ရင်းမှု၊ အိုင်ယူးဗ်(¸)၏သည်းခံမှု ဤသည်တို့ သည် ယနေ့တိုင် ထင်ကျန်ရစ်ခဲ့သော အမွေစစ်အမွေမှန်များ ဖြစ်ကြသည်။
    ယင်းအမွေများကို အကြောင်ြးုပကာ ကျွန်ုပ်တို့၏ နာမ်ပိုင်းနှင့် စာရိတ္တကမ္ဘာသည် ထွန်းတောက်၍သာယာ လှပနေခြင်းဖြစ်သည်။ ထိုမြင့်မြတ်သော အရည်အချင်းများ ထွန်းကားသော မည်သည့်နေရာပင်ဖြစ်ပါစေ ထိုပုဂ္ဂိုလ် များ၏နမူနာပုံရိပ်များ ထင်ဟပ်ခြင်းသာဖြစ်သည်။
    လူသားတို့၏ကောင်းမြတ်သောအသိုက်အဝန်း၊ မှန်ကန်သော ပူးပေါင်းနေထိုင်မှုနှင့် ပြည့်ဝသောပျော်ရွှင်မှုတို့ အပြည့်အဝခံစားနိုင်ရေးနှင့် ကမ္ဘာ့စကြဝဋ္ဌာအတွင်း အဖန် ဆင်းခံများအနက် အမြတ်ဆုံးအဆင့်ကို ရရှိနိုင်ရန် သက်ဆိုင်ရာ ကျွမ်းကျင်သူအားလုံး မုချတာဝန်ကျေခဲ့ကြ ပါသည်။
    နက္ခတ္တဗေဒပညာရှင်တို့က နက္ခတ်တာရာတို့၏ လှုပ်ရှားမှုကို ဖော်ထုတ်ခဲ့ကြပါသည်။ သိပံ္ပပညာရှင်တို့က အရာဝတ္တုများ၏ အာနိသင်ကို ဖော်ထုတ်ခဲ့ကြပါသည်။ သမားတော်တို့က ရောဂါများ၏ဆေးဝါးကို ဖော်ထုတ် ခဲ့ကြပါသည်။ အင်ဂျင်နီယာတို့က တိုက်တာအဆောက် အအုံများ ဆောက်လုပ်ရေးနည်းပညာကို ရေးဆွဲခဲ့ကြပါ သည်။ တီထွင်ကြံဆသူတို့က အတတ်ပညာနှင့် ဘာသာရပ်များကို တီထွင်ခဲ့ကြပါသည်။ ထိုအသိပညာရှင် အတတ်ပညာရှင် သက်ဆိုင်သူအားလုံးကို ကျွန်ုပ်တို့ ကျေးဇူးတင်ပါသည်။
    သို့သော် အားလုံးတို့ထက်ပို၍ ကျွန်ုပ်တို့၏ နာမ်ပိုင်းဆိုင်ရာ ဝိညာဉ်ကမ္ဘာကို စည်ပင်ဝပြောအောင် ကြိုးပမ်းအားထုတ်ခဲ့ကြသော နဗီတမန်တော်များကို အတိုင်း ထက်အလွန် ကျေးဇူးတင်ပါသည်။ ထိုသူတော်မွန်တို့သည် ကျွန်ုပ်တို့အတွင်းမှ လောဘနှင့်ရမ္မက်၏ လျှို့ဝှက်လှုပ်ရှား သောင်းကျန်းမှုကို နှိပ်ကွပ်ြုပပြင်ပေးခဲ့ကြပါသည်။ ကျွန်ုပ်တို့ ၏အတွင်းရောဂါများ ကုစားနိုင်ရန် ဆေးဝါးများ ဖော်စပ်ပေး ခဲ့ပါသည်။ ကျွန်ုပ်တို့၏ဆန္ဒ၊ ကျွန်ုပ်တို့၏ခံစားချက်၊ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များကို ပဲ့ပြင်လမ်းညွှန်ခဲ့ကြသည်။ ကျွန်ုပ်တို့၏စိတ်နှလုံးသားနှင့်ပတ်သက်၍ အရည်အချင်း အတက်အကျကို ဆန်းစစ်နိုင်မည့်ပညာရပ်များြုပစုပေးခဲ့ကြ ပါသည်။ ゞင်းတို့၏ကျေးဇူးကြောင့် စစ်မှန်သော လူမှု အသိုက်အဝန်းကို တည်ထောင်နိုင်ခဲ့ကြပါသည်။ အဖိုးတန် သောစာရိတ္တနှင့် လူ့သမိုင်းကို ဖန်တီးနိုင်ခဲ့ကြပါသည်။
    ဤသို့ဖြင့်ြုပလုပ်ကျင့်ဆောင်ရာတွင် ရိုးသားမှုနှင့် မွန်မြတ်မှုတို့ သက်ဝင်လှုပ်ရှားခဲ့ကြပါသည်။ ဖန်ဆင်းရှင် (အလ္လာဟ်)နှင့် ဖန်ဆင်းခံ(လူသား)တို့၏ အဆက်အသွယ် ခိုင်မြဲခဲ့ပါသည်။ ဝိညာဉ်လောကတွင် မေးခဲ့စဉ်က  ]]ကျွန်ုပ်တို့အား အရှင်မြတ်ကသာ မွေးမြူဖန်ဆင်းခဲ့ပါသည်}} ဟူသည့်ပေးခဲ့သောကတိကို ပြန်လည်သတိရစေခဲ့ပါသည်။
    အကယ်၍သာ ကျွန်ုပ်တို့သည် လူ့သဘော သဘာဝ၏လျှို့ဝှက်ချက်များနှင့် ကောင်းခြင်းအဖြာဖြာတို့၏ သော့ချက်ကို ထိုနဗီတမန်တော်များ၏ သွန်သင်မှုဖြင့် မသိရှိခဲ့ကြပါလျှင် ဤလောကကြီးသည် ပြီးပြည့်စုံမည် မဟုတ်ပါ။ ထို့ကြောင့်ပင် လူတို့အတွင်းမှ သီးခြားရွေးချယ် ထားသော သန့်ရှင်းစင်ကြယ်မွန်မြတ်သည့်နဗီများ၏ ကျေးဇူးသည် ကျွန်ုပ်တို့လူသားများအပေါ် အများဆုံးတင်ရှိ နေပါသည်။ မည်သည့်အလွှာက လူသားပင်ဖြစ်စေ လူတိုင်းအဖို့ ထိုပုဂ္ဂိုလ်မဟာလူသားကြီးများ၏ ကျေးဇူးကို တုန့်ပြန်ရန် အလွန်အရေးကြီးလှသည်။ ထိုတုန့်ပြန်မှု ဖော်ကျူးသောကျေးဇူးကို အစ္စလာမ်က ]ဆွလာသ်}၊ ]စလာမ်}၊ ]ဒရူးဒ်}ဟု ကင်ပွန်းတပ်ထားပါသည်။ ယင်းဒရူးဒ်မေတ္တာကို နဗီတမန်တော်များ၏ အမည်နာမ တော်များနှင့် တစ်ဆက်တည်း အမြဲတစေ မေတ္တာပို့ ကြပါသည်။]]အလ္လာဟွန်မ္မဆွလ္လိအလိုင်ဟင်မ်ဝစလ္လမ်}} ( အို အလ္လာဟ်-ゞင်းတို့အပေါ်သို့ ငြိမ်းချမ်းသာယာမှုနှင့် မင်္ဂလာအပေါင်း ချပေးသနားတော်မူပါ။)
  နိဂုံး
    မိတ်ဆွေတို့- ထူးခြားမြင့်မြတ်သော မဟာလူသား နဗီတမန်တော်များသည် သူ့အချိန်နှင့်သူ လာခဲ့ကြပါသည်။ အချိန်တန်တော့လည်း ပြန်ခဲ့ကြရပါသည်။ ဤမမြဲသော လောကတွင် မည်သည့်အရာမျှ ထာဝရမတည်ပါ။ မည်မျှပင် ]]ခြောက်ပြစ်ကင်းသဲလဲစင်}} ထူးကဲမြင့်မြတ်သော ပုဂ္ဂိုလ် များပင်ဖြစ်လင့်ကစား ゞင်းတို့၏လောကီဘဝသက်တမ်း သည် ထာဝရဟူ၍မရနိုင်ကြပါ။ မျိုးဆက်သစ်လူငယ်များ အတွက် ဘဝလမ်းညွှန်အဖြစ် ကွယ်လွန်လေပြီးဖြစ်သော ထိုနဗီများ၏ဘဝပုံရိပ်ကို ကမ္ပည်းတင်ထားသော သမိုင်း စာမျက်နှာများသာရှိနေပါသည်။ ထိုမှတစ်ပါး ထိုအဖိုးတန် ဘဝပုံရိပ်များကို ထိန်းသိမ်းထားရန် အခြားနည်းလမ်းမရှိပါ။
    ကုန်လွန်လေပြီးသော ခေတ်ကာလ၏အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ သုတေသနအကြောင်းအရာ များကို သိရှိနိုင်ဖို့ရာ ဤနည်းသာရှိပါသည်။ လူ့ဘဝ သက်တမ်း၏ ထိုမှတ်တမ်းတင်ထားသောစာ၊ ရိုးရာဓလေ့တို့ ဖြင့် မှတ်တမ်းတင်ထားသောပေ၊ ပုရပိုက်၊ ကျောက်စာ စသည်တို့ကို သမိုင်း(သို့)အထ္ထုပ္ပတ္တိဟု ခေါ်ဆိုကြပါသည်။ ကျွန်ုပ်တို့ ဘဝသက်တမ်း၏ အစိတ်အပိုင်းတွင် တရားယူ ဖွယ်၊ အတုယူဖွယ်အဖြစ်အပျက် ပါကောင်းပါနိုင် သော်လည်း ကျွန်ုပ်တို့စာရိတ္တနှင့် နာမ်ပိုင်းဘဝ ပြည့်စုံရှင်သန် ရေးတွင်မူ နဗီများနှင့် နဗီ၏လမ်းစဉ်အတိုင်း ဖဝါးခြေထပ် လိုက်နာကြသော သူတော်စင်များ၏သမိုင်းနှင့် ဘဝပုံရိပ်များ ကသာ အသုံးဝင်အကျိုြးုပနိုင်ပါသည်။
    ကမ္ဘာကြီးသည် ယနေ့အချိန်ထိ နဗီတမန်တော် များ၏ကျေးဇူးဖြင့် အကျိုးခံစားနေကြရပါသည်။ နောင် လည်း အကျိုးခံစားနေကြရမည်သာ။ ထို့ကြောင့် နှလုံးသား သန့်စင်ရေးနှင့် နာမ်ပိုင်းပြည့်ဝရေးအတွက် ကမ္ဘာကြီး အနေဖြင့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် (နဗီ)များ၏သမိုင်းကို ထိန်းသိမ်းရန်မှာ အရေးကြီးဆုံးနှင့် မဖြစ်မနေဆောင်ရွက်ရ မည့် တာဝန်တစ်ရပ်ဖြစ်ပါသည်။
    အကယ်၍ တစ်စုံတစ်ဦး၏နောက်ကွယ်တွင် ကျွန်ုပ်တို့ ချစ်ခင်လေးစား ယုံကြည်အားထားရသော မဟာလူသား ပုဂ္ဂိုလ်မြတ်တစ်ပါးပါး၏ လမ်းညွှန် ထောက်ကူခြင်း မြုပသရွေ့ ကောင်းသည်ထက် ကောင်း သောဒဿန၊ မြင့်သည်ထက်မြင့်သောပညာ၊ ဆန်းသည် ထက်ဆန်းသော လမ်းညွှန်တို့သည် အောင်မြင် ပေါက်ရောက်နိုင်မည်မဟုတ်ပါ။
    (၁၉၂၄)ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ကျွန်တော်(စိုင်ယဒ်စုလိုင်မန်နဒ်ဝီ)သည် ဆော်ဒီနှင့် အီဂျစ်နိုင်ငံမှ ]]ကရိုကိုဒီယာ}} အမည်ရှိသင်္ဘောဖြင့် ပြန်လာ ခဲ့ပါသည်။ ကံအားလျှော်စွာ နာမည်ကျော် ကဗျာဆရာ ဒေါက်တာတီဂိုးလည်း အမေရိကန်မှအပြန် သင်္ဘောပေါ် ပါလာပါသည်။ ခရီးဖော်တစ်ဦးက ゞင်းအား . . .
    ]]ဗရဟ်မူစမာဂ်ျ}}အုပ်စု အဘယ်ကြောင့် အောင်မြင်မှု မရှိသနည်းဟု မေးမြန်းပါသည်။ အမှန်ဆိုလျှင် ထိုအုပ်စု၏လမ်းညွှန်ချက်များသည် အလွန်မျှတ၍  လူတိုင်း နှင့် သဟဇာတဖြစ်ပါသည်။ ゞင်းတို့၏ဝါဒတွင် ဘာသာတိုင်း သည်မှန်ကန်၍ ဘာသာတိုင်းကိုတည်ထောင်သူများသည် သူတော်ကောင်းများဖြစ်ကြသည်။ အတွေးအခေါ်နှင့် ဆန့်ကျင်ဘက်တစ်ချက်မျှမရှိပါ။ ゞင်းတို့သည် လက်ရှိလူမှု ရေး၊ လက်ရှိအတွေးအခေါ်၊ လက်ရှိအခြေအနေနှင့် လိုက် လျှောညီထွေရှိစွာ တည်ထောင်ခဲ့ပါသည်။ သို့ပါသော်လည်း အောင်မြင်လူကြိုက်များသည့်အဖြစ်သို့မရောက်ရှိခဲ့ပါ။}}
    ကဗျာဆရာဒေါက်တာက အလွန်မှတ်သားဖွယ် ကောက်ချက်ဖြင့် အဖြေပေးသည်မှာ . . .
    ]]အဲဒီအုပ်စု မအောင်မြင်ရတဲ့ အကြောင်းက သူတို့ရဲ့နောက်မှာ ကျွန်တော်တို့ ယုံကြည်ကိုးစားလောက် တဲ့၊ ကောင်းမှုတွေကို အတုယူလောက်တဲ့ ပုဂ္ဂိုလ်တစ်ပါးပါး ရဲ့ လက်တွေ့ဘဝ၊ လက်တွေ့သမိုင်း မရှိခဲ့လို့ပါဘဲ}}။
    အထက်ပါကောက်ချက်အရ သိရသည်မှာ သာသနာသည် မိမိနဗီ၏သမိုင်း လက်တွေ့ဘဝမပါဘဲ အောင်မြင်နိုင်မည်မဟုတ်ပါ။
    အချုပ်အားဖြင့်ဆိုရလျှင် ကျွန်ုပ်တို့အနေဖြင့် တရားလမ်းမှန်ရကြရန် အပြစ်ကင်းသော မဟာလူသားကြီး များ၊ ချွတ်ယွင်းချက်ကင်း၍ အဖက်ဖက်မှပြည့်စုံသော သူတော်ကောင်း(နဗီတမန်တော်ကြီး)များ၏ လမ်းညွှန်ချက် များ လိုအပ်ပါသည်။ ထိုအရည်အချင်းပေါင်းစုံနှင့် ပြည့်စုံ သော ထူးကဲမြင့်မြတ်သည့်လူသားမှာ နဗီတမန်တော်များ သာလျှင် ဖြစ်ကြပါသည်။  

အမှာစာ

ဒီကမ္ဘာကြီးမှာရှိကြတဲ့လူတွေအားလုံးဟာ တစ်ခုခုကိုယုံကြည်လက်ခံကြပါတယ်။ လူတစ်ယောက်ယောက်ကို ယုံကြည်သူမဟုတ်ဘူးလို့မပြောနိုင်ပါဘူး။ ဘာသာမဲ့ဒိဋ္ဌိတွေ တောင် မသိစိတ်ကယုံကြည်မှုရှိနေတာကို သူတို့မငြင်းနိုင်ကြပါဘူး။ ယုံကြည်မှုအဆင့်ကနေ တိုးတက်လာပြီဆိုရင် အားကိုးအားထားမှုပြုလာပါတယ်။ အဲဒီအခါမှာ ယုံကြည်ရာကို ကိုးကွယ်လိုက်ကြပါတယ်။ လူဟာ အထင်ကြီးပြီးအားကိုးအားထားမှုလွန်ကဲလာပြီဆိုရင် လူထက်အဆင့်အတန်း၊ အရည်အချင်းနိမ့်ကျတဲ့အရာတွေကိုတောင် ကိုးကွယ်တတ် ကြပါတယ်။ အချို့က နေကိုကိုးကွယ်ရာလို့ဆိုကြတယ်။ အချို့က လ၊ ကြယ်၊ နက္ခတ် တာရာတွေကိုကိုးကွယ်ကြပါတယ်။ အချို့က တိရစ္ဆာန်တွေကိုပါကိုးကွယ်ကြပါတယ်။အချို့ကျတော့လည်း ပုဂ္ဂိုလ်ရေးကိုးကွယ်ကြပါတယ်။  လောကမှာ အသိÓာဏ်အရှိဆုံး လို့ဆိုတဲ့လူသားဟာ ယုံကြည်မှု၊ အားကိုးမှုလွန်ကဲလာတဲ့အခါ ဘာကိုမှမစဉ်းစား မတွေးခေါ် နိုင်တော့ဘဲ ကိုးကွယ်မှုလွန်ကျူးလာကြတာတွေ့ရပါတယ်။
    ဘာသာတရားကိုလက်ခံယုံကြည်ကြတဲ့သူတိုင်းဟာ ကိုယ်လက်ခံထားတဲ့ဘာသာ အယူကို အမှန်ဆုံး၊ အကောင်းဆုံးလို့ယူဆကြပါတယ်။ နှိုင်းယှဉ်စစ်ဆေးမှုမပြုဘဲ အမှန် ကိုမြင်နိုင်ဖို့ခဲယဉ်းပါတယ်။ မိမိလက်ခံထားတဲ့အယူကိုမှတ်သားထားပြီး အခြားအယူများ ကိုလည်း လေ့လာသင့်ပါတယ်။ ကိုယ်ခံယူထားတဲ့အယူ မှန်တယ်ဆိုရင် ယုံကြည်မှုပိုမိုခိုင်မာ လာမှာဖြစ်ပြီး မှန်ကန်မှုအားနည်းနေရင်တော့ အမှန်တရားကိုအချိန်မီရှာဖွေနိုင်မှာဖြစ်ပါ တယ်။ ကိုယ်လျှောက်တဲ့လမ်းက အမှောင်လွှမ်းနေရင် လမ်းမြင်နိုင်ဖို့ဆိုတာခဲယဉ်းသလို လမ်းမှားနေရင်လည်း ပန်းတိုင်ရောက်နိုင်ဖို့ခဲယဉ်းပါတယ်။
    လူတိုင်းလူတိုင်း အမှန်တရားရရှိနိုင်ဖို့ အမှောင်ခွင်းပြီးအလင်းဆောင်မယ့် ]အလင်းလမ်း}စာစဉ်က တစ်စိတ်တစ်ဒေသလမ်းပြနိုင်မယ်လို့မျှော်လင့်ပါတယ်။



                                               ရဟ်မသွလ္လာဟ်(အဇီဇီ)

ဒါဘယ်လိုလူတွေလဲ....

  • မနက်မိုးလင်းတာနဲ့ အရင်လုပ်ဖို့စီစဉ်တာက ``ရှေးဗင်းန်´´ မုတ်ဆိတ်ရိတ်ဖို့။ တမန်တော်မြတ်၏ စွန္နသ် ဇဗဟ်လည်လှီးဖို့။ ဒါဘယ်လို မုစ်လင်မ်တွေလဲ???? အင်န်နာလစ်လ္လာဟ် . . . .
  • ပြီးသူ့ခေါင်းကဆံပင်ပုံစံ . .  အင်္ဂလိပ်စတိုင်အတိုင်းလိုက်တုထာတယ်။ သူ့တစ်ကိုယ်လုံးခြုံကြည့် လိုက်ပါ။ အားလုံးကာဖိရ်တွေပုံစံ အတုခိုးထားတယ်။ သူဝတ်ထားတဲ့အကျီင်္၊ ခါးကြားထဲက သီချင်းနဲ့ တီးလုံးသံတွေထွက်နေတဲ့ ဟန်းဖုန်း၊ အဇာန်သံကြားရပါလျက် ဗလီဘက်ကိုတောင် ခြေဦးမလှည့်ဖူးပါ။ ဘယ်မိန်းခလေးပဲမဆို တွေ့လိုက်တိုင်း ခြေအဆုံးခေါင်းအထိကြည့်၊ အကြည့်ခံ၊ . နာမည်မေးကြည့်ရင် တချို့က မုဟမ္မဒ်လို့ဖြေမယ်။ တချို့က အဗ်ဒွလ္လာဟ်လို့ဖြေမယ်။ အချို့က အဗ်ဒွရ်ရဟ်မားန်လို့ဖြေမယ်။ ဟုတ်ကဲ့ နာမည်လေးတွေတော့ကောင်းပါတယ်။ အစ္စလာမ့်နာမည်တွေ မုစ်လင်မ်နာမည်တွေ ဒါပေမယ့် အဲဒီလူနဲ့ အစ္စလာမ်ဟာ ဘယ်လိုပတ်သက်နေပါသလဲ။ သူ့ရုပ်နဲ့သူ့လုပ်ဆောင်ချက်တွေက အစ္စလာမ်နဲ့ဘာမှမဆိုင်သလိုပဲဖြစ်နေတယ်။ နေ့ည နာရီပေါင်းများစွာ ရုပ်ရှင်တွေကြည့်။ သီချင်းတွေနားထောင်၊ အကတွေကြည့်၊ ဘောလုံးပွဲ ကစားပွဲတွေကြည့်ပြီး ကာဖိရ်တွေလိုပျော်မြူးနေတယ်။ ကျန်တဲ့အချိန်တွေမှာ စားတယ်၊ သောက်တယ်၊ အိပ်တယ်၊ ရှောပ်ပင်ထွက်တယ်။ ပိုက်ဆံရှာတယ်၊ ရည်းစားထားတယ်၊ လောကီရေး အစွဲအလမ်းတွေပြည့်လို့ပါလား။ သူ့နှလုံးသားလည်း ထိန်းသိမ်းမှုမရှိ၊ လုံခြုံမှုမရှိ၊ သူ့မျက်စိလည်း ထိန်းသိမ်းမှုမရှိ၊ လုံခြုံမှုမရှိ၊ စိတ်အလိုရမက်တို့ကိုလည်း ထိန်းသိမ်းမှုမရှိ၊ လုံခြုံမှုမရှိ။ တော်ပြီ ဘ၀ကို `လိုက်ဖ်စတိုင်လ်´ အသစ်တည်ဆောက်မယ်။ ဂိုနာဟ်အပြစ်ဟူရွေ့လုပ်မယ်။
  • အိုအရှင် ကျွန်တော်နဲ့ ကျွန်တော့်သားစဉ်မြေးဆက်ကို အရှင့်ပေးကမ်းချီးမြှင့်တဲ့ကျေးဇူးတော်နဲ့  အဲဒီလိုအဖြစ်ဆိုးမှ ထိန်းသိမ်းစောင့်ရှောက်တော်မူပါ။ အဲဒီလူများထက်စာရင် တိရစ္ဆာန်တို့ရဲ့ဘ၀က ပိုပြီးကောင်းပါတယ်။ တိရစ္ဆာန်တွေဟာ အလ္လာဟ်ရဲ့ဇိက်ရ်ကို မမေ့ကြပါဘူး။ သူတို့ရဲ့ဘာသာဘာဝ အသံများ စကားများနဲ့ အလ္လာဟ်ကို တမ်းတနေကြပါတယ်။ ထိုသူများရဲ့ ဘ၀သက်တန်းကနေ အလ္လာဟ်အရှင်မြတ်ရဲ့ အခန်းကဏ္ဍကိုထုတ်ပစ်လိုက်ကြပြီ။ အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော်လည်းမရှိတော့။ အလ္လာဟ်အရှင်မြတ်အား သတိရတမ်းတမှုလည်းမရှိတော့။ အလ္လာဟ်အရှင်မြတ်ရဲ့အချစ်လည်းမရှိတော့။ အလ္လာဟ်အရှင်မြတ်အားကြောက်စိတ်လည်းမရှိတော့။ အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်များအား ဂရုစိုက်ခြင်းလည်းမရှိတော့။ ဟုတ်ကဲ့ ရှိုင်သွာန်လွှမ်းမိုးသွားပြီဆိုရင် လူကို အဲဒီလို အသေကောင်းပမာလုပ်ပစ်လိုက်တယ်။ တချို့လူငယ်တွေ ကားပေါ်မှာ သီချင်းဖွင့်ပြီး ဒူးနှံ့ခေါင်းရမ်းနေတာတွေ့ အတော်စိတ်မကောင်းဖြစ်မိ ပါတယ်။ အချို့ဆိုရင် အလှပြင်ခန်းတွေမှာ သူများပြဖို့ ငွေကြေးများစွာအကုန်ခံပြီး နာရီပေါင်းများစွာ အလှပြင်ရင် အချိန်ဖြုန်းကြတာတွေ့ရင်လည်း အတော်စိတ်မကောင်းဖြစ်မိပါတယ်။ (ဆက်လက်ဖော်ပြပါမည်)

တိုးတက်ရသည့်လျှို့ဝှက်ချက်....

  • အလ္လာဟ်အရှင်မြတ်အား သတိရတမ်းတခြင်းသည် အလွန်ကြီးမားမြင့်မြတ်သောအရာဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်၌`အလ္လာဟ်အရှင်မြတ်၏ဇိကိရ်သည်အကြီးကျယ်ဆုံးဖြစ်သည်´ဟုမိန့်တော်မူထားပါသည်။
  • ကျွန်ုပ်တို့အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဤကြီးမားမြင့်မြတ်သောအရာ၊ ဤကြီးမား မြင့်မြတ်သောနိအ်မသ်ကျေးဇူးတော်ကို ချီးမြှင့်တော်မူရန် ဒုအာပြုကြစို့။
ကျွန်ုပ်တို့အတွက် အရေးအကြီးဆုံးလိုအပ်ချက်
  • အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ဇိကိရ်လုပ်မှုအား လိုအပ်နေသောအရှင်မဟုတ်။ ထိုအရှင်သည် အတိုင်းမသိ ကြွယ်ဝတော်မူသော၊ လိုလားတောင့်တမှုကင်းတော်မူသောအရှင်ဖြစ်တော်မူပါသည်။ ကျွန်ုပ်တို့သည် ထိုအရှင်အား ဇိကိရ်သတိရတသရလောက်အောင် အဆင့်အတန်းမရှိပါ။ ကျွန်ုပ်တို့ ဇိကိရ်ပြုနိုင်ခြင်းမှာလည်း ထိုအရှင်၏ကျေးဇူးပြုမှု၊ ချီးမြှင့်မှုပင်ဖြစ်ပါသည်။
  • မုစ်လင်မ်တို့ . . . မှတ်သားထားကြပါ။ ကျွန်ုပ်တို့အတွက် ဇိကိရ်လုပ်ရန် အလွန်ပင်လိုအပ်ပါသည်။ အကယ်၍ကျွန်ုပ်တို့ ဇိကိရ် အလ္လာဟ်အရှင်မြတ်ကို သတိရတသမှုမပြုလျှင် ကျွန်ုပ်တို့ပျက်စီးသွားကြပါမည်။ ဆုံးရှုံးသွားကြပါမည်။ ဂိုနာဟ်ဒုစရိုက်များတွင် နစ်မွန်းသွားကြပါမည်။
  • မှတ်သားကြပါ။ အရှင့်အားတသခြင်း၌သာလျှင် ကျွန်ုပ်တို့၏အသက်ရှင်မှု၊ တိုးတက်မှု၊ အောင်မြင်မှုများရှိပါသည်။
  • ရှိုင်သွာန်သည် လူတစ်ဦးအပေါ်လွှမ်းမိုးချုပ်ကိုင်နိုင်ပြီဆိုလျှင် ဦးစွာပထမ ဇိက်ရုလ္လာဟ် အလ္လာဟ် အရှင်မြတ်အား သတိရတသခြင်းအား မေ့ပစ်စေသည်။ အလ္လာဟ်အတွက်သန့်စွန့်ကြိုးပမ်းနေသူသည် ဇိကိရ်လုပ်နေမည်ဆိုလျှင် အောင်မြင်မှုရရှိနေမည်ဖြစ်သည်။ ဇိကိရ်ကိုစွန့်လွှတ်လိုက်လျှင် အဆုံး၌ ထိုကြိုးပမ်းမှုမှပင် လက်မဲ့ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် ထိုသူ့အပေါ်လွှမ်းမိုးသွား၍ ထိုသူ၏စိတ်နှလုံးများကို မာမြင်းအောင်ပြုလုပ်လိုက်သည်။
ရှိုင်သွာန်လွှမ်းမိုးခြင်းဆိုသည်မှာ

  • ကုရ်အာန်ကျမ်းတော်မြတ်တွင် အလ္လာဟ်အရှင်မြတ်သည် မုနာဖိကိများနှင့်ပတ်သက်၍မိန့်တော်မူ သည်မှာ အဓိပ္ပါယ်။ ။ထို(မုနာဖိက်)များအပေါ်သို့ ရှိုင်သွာန်သည်လွှမ်းမိုးသွားသည်။ သို့ရှိရာ ရှိုင်သွာန်သည် ထိုသူ့အား အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းအား မေ့လျော့စေလိုက်သည်။ ထိုသူတို့သာလျှင် ရှိုင်သွာန်၏အုပ်စုဖြစ်သည်။ ဧကန်ရှိုင်သွာန်၏အုပ်စုသာလျှင် ပျက်စီးဆုံးရှုံးသူများ ဖြစ်ကြ၏။ (ကုရ်အာန်၊ စူရဟ်မုဂျာဒလာ၊ ၉၁)
  • ဤနေရာ၌အနည်းငယ်စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့၏အဆိုးဆုံးရန်သူ ရှိုင်သွာန်သည် လွှမ်းမိုးနိုင်သူကို ဦးစွာပထမ အလ္လာဟ်အရှင်မြတ်အား သတိရခြင်းအား မေ့ပစ်စေသည်။ ထိုအချက်အရသိရသည်မှာ ဇိကိရ်မှ မေ့လျော့နေခြင်းသည် မည်မျှ ထိခိုက်ဆုံးရှုံးဖွယ်ကိစ္စဖြစ်ပါသနည်း။
  • သဖ်စီးရ်အကျယ်ပြန်ပညာရှင်များက ရေးကြသည်မှာ ရှိုင်သွာန်သည် လူတစ်ဦးတစ်ယောက်အပေါ် လွှမ်းမိုးသွားသည့်နိမိတ်လက္ခဏာများမှာ
  1. ရှိုင်သွာန်သည် ထိုသူ့အား စားခြင်း၊ သောက်ခြင်း၊ ၀တ်စားဆင်ယင်ခြင်း၊ မိမိအပြင်ပိုင်း ရုပ်ခန္ဓာကို အလှပြင် ဆင်ယင်နေမှုတွင်မွေ့လျော်စေထားခြင်း။
  2. ထိုသူ၏နှလုံးသားကို အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထားသောနိအ်မသ်ကျေးဇူးတော်များအားသတိရ ခြင်း၊ ကျေးဇူးတင်ခြင်းများမှ မေ့လျော့စေထားခြင်း။
  3. ထိုသူ၏နှုတ်လျှာကို လိမ်လည်မှု၊ အတင်းပြောခြင်း၊ မဟုတ်မတရားစွတ်စွဲခြင်းများတွင်သာ ငြိတွယ်စေထား၍ အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းမှ ဖယ်ရှားထားခြင်း။
  4. ထိုသူ၏အတွေးအာရုံအားလုံးကို လောကီရေးသက်သက်၊ လောကီပစ္စည်းစုဆောင်းရန်သာ စိတ်အာရုံများ ဖြစ်ပေါ်စေခြင်း။   (သဖ်စီရုလ်မဒါရိက်)
  •  ရှိုင်သွာန်သည် မုနာဖိက်များအပေါ်လွှမ်းမိုးသည်။ ရှိုင်သွာန်လွှမ်းမိုးသည် နမိတ်လက္ခဏာ လေးခုကို ကျွန်ုပ်တင်ပြခဲ့ပြီးဖြစ်သည်။ ယခုကျွန်ုပ်တို့အနေဖြင့် အခြားသူများကိုမဟုတ်ဘဲ မိမိကိုယ်ကိုပြန်ကြည့် ကြပါစို့။ အထက်ဖော်ပြခဲ့သော အချက်လေးချက်အနက် မည်သည့်အချက်များမိမိအတွင်း၌၀င်ရောက် နေပြီလဲ။ အလ္လာဟ်အရှင်မြတ် ဇိကိရ်အား မေ့လျော့နေမှုမှာ လူတိုင်းလိုလိုဖြစ်နေပါသည်။ အလ္လာဟ်အရှင်မြတ် သတိရနေသူမှာ အလွန်မှ နည်းပါးပါသည်။ ကျွန်တော်လုပ်ရမယ့် ၀ဇီဖဟ်တွေမလုပ်ဖြစ်ဘူး။ ကုရ်အာန်ဖတ်ဖို့ မေ့ကျန်သွားတယ်။ စသည်ဖြင့် ဆင်ချေဆင်လက်လုပ်သူက များပါသည်။ အိုအလ္လာဟ်အရှင်မြတ်၏ ကျွန်အပေါင်းတို့ ကုရ်အာန်ကျမ်တော်မြတ်ရွတ်ဖတ်ခြင်းမရှိသော ဘ၀သက်တမ်းသည် မည်သို့သောဘ၀သက်ဖြစ်ပါသနည်း။ ဇိကိရ်မရှိဘဲ မည်သို့အရသာခံစားနိုင်မည်နည်း။
  • ကုရ်အာန်သိလာဝသ်နှင့် ဇိကိရ်မပြုလုပ်လိုက်ရသောနေ့သည် မိမိအတွက် ရန်သူပမာဖြစ်သည်။ ဟော်တယ်ကြီးတွေ၊ မားကတ်တွေကိုသွားရန်အချိန်ပေးနိုင်သည်။ အစားကောင်းအသောက်ကောင်း စားသောက်နိုင်ရန် ၀ယ်ယူပြင်ဆင်နိုင်ရန်အချိန်ရသည်။ မိမိခန္ဒာကိုယ်နှင့်မျက်နှာအလှပြင်ရန် နာရီပေါင်းများစွာအချိန်ပေးနိုင်သည်။ သူငယ်ချင်းများနှင့် အလပသလပ အချည်းအနှီးစကား များပြော ရန် အချိန်ပေးနိုင်သည်။ လောကီငွေကြေးဥစ္စာရှာဖွေရန်အချိန်ပေးနိုင်သည်။ အိုအရှင် ကျွန်တော်မျိုးတို့အား ထိမ်းသိန်းစောင့်ရှောက်တော်မူပါ။ ဤအချက်များမှာ မုနာဖိက်များ၏ အရည်အချင်းများဖြစ်သည်။ ကျွန်တော်များညီအစ်ကိုမောင်နှမများအား ထိမ်းသိန်းစောင့်ရှောက်တော်မူပါ။