မုဟမ္မဒ်အလီ(တန်ဂွန်း)
အီဗိုလူးရှင်း၏ လိမ်လည်လှည့်ဖြားမှုများ
အီဗိုလူးရှင်းသီအိုရီဆိုသည်မှာ အသက်ရှင်ခြင်းဖြစ်ပေါ်လာခြင်း၏ မူရင်းသည် မတော်တဆဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ရှင်းပြနိုင်ရန် စိတ်ကူးယဉ်မှန်းဆချက်များဖြင့် တီထွင်ထားသော တွေးခေါ်ယူဆချက်တစ်ခုဖြစ်သည်။ ထိုအတွေးအခေါ်သည် အလွန် ရှေးကျသည့် ဖာရိုးဘုရင်နှင့် ဂရိလူမျိုးတို့၏လက်ထက်မှစတင်ခဲ့သော အတွေးအခေါ် ဖြစ်ပေသည်။
ဖန်ဆင်းရှင်ဘုရားသခင်ကို မယုံကြည်သူအားလုံးတို့သည် ထိုအီဗိုလူးရှင်းအတွေး အခေါ်ကိုလက်ခံရင်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကာအကွယ်ပေးကြသည်။ ယနေ့လက်ရှိခေတ်တွင် ဘာသာအယူဝါဒကို ဆန့်ကျင်သည့် စနစ်အားလုံးတို့သည်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်ကြသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀-ခန့်အတွင်း အီဗိုလူးရှင်းသမားတို့သည် ゞင်းတို့၏သီအိုရီ မှန်ကန်ကြောင်းကို သက်သေထူနိုင်ရန်အတွက် သိပ္ပံပညာ၏အရေကို ခြုံခဲ့သည်။ ၁၉-ရာစု နှစ်ထက်ဝက်ပိုင်းလောက်မှစ၍ သိပ္ပံပညာတွေးခေါ်ယူဆချက်တစ်ခုအဖြစ် ရှေ့တန်းတင်ခဲ့ကြ သော်လည်း ထိုသီအိုရီကို မည်သည့်သိပ္ပံတွေ့ရှိချက်၊ စမ်းသပ်ချက်ကမျှ အပြည့်အဝ သက်သေထူထောက်ခံနိုင်ခဲ့ခြင်းမရှိခဲ့ပါ။ အမှန်မှာ ထိုသီအိုရီက အဓိက အခြေခံအဖြစ် အားကိုးအားထားအမှီပြုခဲ့သော သိပ္ပံပညာကပင် ယင်းသီအိုရီသည် အမှန်တရားအတွက် လုံးဝတန်ဖိုးမရှိကြောင်း သက်သေထူဖော်ထုတ်ခဲ့ပြီး ဆက်လက်၍လည်း ထပ်မံတလဲလဲ ဖော်ထုတ်နေဆဲဖြစ်သည်။
ဓာတ်ခွဲခန်းစမ်းသပ်ချက်များနှင့် ဖြစ်နိုင်ဖွယ်အလားအလာတွက်ချက်မှု (စမသဘဘေငူငအပ) များအရ သက်ရှိအရာများ စတင်ဖြစ်ပေါ်လာသော အမိုင်နိုအက်စစ်သည် မည်သို့မျှ မတော်တဆဖြစ်ပေါ်လာနိုင်ခြင်းမရှိကြောင်း အတိအကျ ရှင်းလင်းပြသဖော်ထုတ်ထားပါသည်။ အီဗိုလူးရှင်းသီအိုရီသမားများတင်ပြထားသည့် ကမ္ဘာဦးခေတ်ရှိ ကမ္ဘာမြေကြီး၏ အခြေအနေတွင် သက်ရှိဆဲလ်တစ်ခု အလိုအလျောက် မတော်တဆ ဖြစ်ပေါ်လာခဲ့သည်ဟုဆိုသောအချက်ကို အလွန်တိုးတက်လျက်ရှိသော ယနေ့ ၂၀-၂၁ ရာစုခေတ်မှ ခေတ်အမီဆုံး နောက်ဆုံးပေါ် ဆန်းသစ်သည့် ဓာတ်ခွဲခန်းတွင်ပင် စမ်းသပ်ပြုလုပ်၍ မရနိုင်သေးပါ။
ဒါဝင်နှင့်သူ၏နောက်လိုက်များတင်ပြထားသော ကြီးမားအဆင့်မြင့်သည့် သက်ရှိအရာများသည် နှစ် သန်းပေါင်းမြောက်မြားစွာ တစ်ဖြည်းဖြည်း တစ်စတစ်စ တိုးတက်ဖြစ်ပေါ်လာသည်ဟူသောအဆိုရ ]]ကြားကာလ သက်ရှိအရာများ}} (ဥပမာ ဖွတ်တစ်ပိုင်း ငှက်တစ်ပိုင်းသတ္တဝါ စသည်)၏ ကျောက်ဖြစ်ရုပ်ြွကင်းများကို နှစ်ပေါင်းများစွာ စနစ်တကျ ရှာဖွေခဲ့ကြသော်လည်း တစ်ခုတလေမျှပင် တွေ့ရှိခြင်းမရှိကြသေးပါ။
အီဗိုလူးရှင်းဝါဒီတို့သည် သူတို့အတင်းအကြပ် ယုံကြည်ဆုပ်ကိုင်ထားသော အီဗိုလူးရှင်းသီအိုရီ မှန်ကန်ကြောင်း ကို သက်သေထူနိုင်ရန် ကြိုးပမ်းကြရင်း ကမ္ဘာလောကကြီးတွင် အီဗိုလူးရှင်းလုံးဝမဖြစ်ပေါ်ခဲ့ကြောင်း မသိမသာမရည်ရွယ်ဘဲ ဖော်ထုတ်လျက်ရှိနေကြပါသည်။
ယနေ့ အချို့ကဆက်လက်ယုံကြည်ကာကွယ်လျက်ရှိသော ထိုအီဗိုလူးရှင်းသီအိုရီကို အပျော်အတန်းဇီဝဗေဒ ပညာရှင် အင်္ဂလိပ်လူမျိုး ချားလ်စ်ဒါဝင်ဆိုသူက စတင်တီထွင်တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ဒါဝင်သည် သူ၏အတွေးအခေါ် ကို ၁၈၅၉-ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော ]]သဘာဝရွေးချယ် သတ်မှတ်ချက်ဖြင့် မျိုးစုတို့စတင်ဖြစ်ပေါ်ခြင်း}}(The Origin of Species by Means of Natural Selection)ဟူသော စာအုပ်တွင် ပထမဦးစွာ တင်ပြခဲ့ပါသည်။ ကမ္ဘာပေါ် ရှိ သက်ရှိအရာများအားလုံးတို့သည် တစ်ခုတည်းသော ဘိုးစဉ်ဘောင်ဆက်မှ ဆင်းသက်လာ၍ သဘာဝ၏ရွေးချယ် ခြင်းဖြင့် သတ္တဝါတစ်မျိုးပြီးတစ်မျိုး ဆင့်ကဲဆင့်ကဲဖြစ်ပေါ်လာသည်ဟု ဒါဝင်ကဆိုထားသည်။ သူတို့နေထိုင်ပေါက်ဖွား လာမည့် နေရာဒေသ၏သဘာဝအခြေအနေနှင့်ကိုက်ညီစွာ နေနိုင်သောသတ္တဝါသည်လည်း သူတို့၏မျိုးဆက်များကို ဆက်လက်ပေါက်ဖွားစေသည်ဟုဆိုသည်။ အလွန်ကြာညောင်းသော ခေတ်ကာလအဆက်ဆက်အတွင်း စုဆောင်း လာခဲ့သည့်အခြေအနေများဖြင့် မိမိ၏ဘိုးစဉ်ဘောင်ဆက်များနှင့် သွင်ပြင်အားဖြင့် လုံးဝမတူ ခြားနားသော အခြား သတ္တဝါတစ်မျိုးအဖြစ် ပြောင်းလဲသွားလေသည်ဟုဆိုသည်။ လူသားများသည် ထိုသို့သော သဘာဝ၏ရွေးချယ်မှုကြောင့် ဆင့်ကဲဆင့်ကဲ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာခြင်းတွင် အမြင့်ဆုံးဖွံ့ဖြိုးမှု၏ရလဒ်ဖြစ်သည်ဟုဆိုထားသည်။ အကျဉ်းချုပ် ၍ ပြောရမည်ဆိုလျှင် မျိုးစုတစ်ခုသည် အခြားမျိုးစုတစ်ခုမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုလိုသည်။
ဒါဝင်၏ စိတ်ကူးယဉ်အတွေးအခေါ်ကို ထိုခေတ်က ဘာသာရေးဩဇာအရှိန်အဝါလွှမ်းမိုးမှုကို ပယ်ဖျက်လိုသော အတွေးအခေါ်ရှင်နှင့် နိုင်ငံရေးသမားအုပ်စုတို့၏ အားပေးမြှင့်တင်ခြင်းကြောင့် ထိုအတွေးအခေါ်မှာ တစ်ရှိန်ထိုးကျော်ကြား သွားတော့သည်။ ထိုကဲ့သို့ တိုတောင်းသည့်အချိန်အတွင်း ကျော်ကြားသွားရခြင်းအကြောင်းအရင်းမှာ ထိုခေတ်တွင် ဒါဝင်၏စိတ်ကူးယဉ်အတွေးအခေါ်သည် မှားယွင်းသောအတွေးအခေါ်ဖြစ်သည်ဟု သက်သေထူနိုင်လောက်သည့် ပညာအဆင့်မရှိသေးသော ကြောင့်ပင်ဖြစ်သည်။ ဒါဝင်၏ယူဆချက်ကို တင်ပြသည့်အချိန်တွင် မျိုးဗီဇသိပ္ပံ(Genetics)၊ အဏုဇီဝဗေဒ(Microbiology)၊ ဇီဝဓါတုပေဒ(Biochemistry) စသည့် ပညာရပ်များ မပေါ်ပေါက်သေးပါ။ ထိုခေတ်တွင် ယင်းပညာရပ်များ ထွန်းကားခဲ့ပါက ဒါဝင်၏သီအိုရီသည် လုံးဝသိပ္ပံနည်းမကျ အဓိပ္ပာယ်ကင်းမဲ့ကြောင်းကို သတိထားမိကြ မည်ဖြစ်ပြီး သူ၏သီအိုရီသည်လည်း ထိုမျှကျယ်ပြန့်ခဲ့မည်မဟုတ်ပါ။ မျိုးစုတစ်ခုဖြစ်ရမည့်အကြောင်း အချက်အလက်များ အားလုံးသည် မျိုးဗီဇ (gene) တွင် အပြည့်အစုံပါရှိနေပြီးဖြစ်သဖြင့် သဘာဝ၏ရွေးချယ်မှုဖြင့် အခြားမျိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားရန် မဖြစ်နိုင်သောကြောင့် ဒါဝင်၏အယူအဆမှားယွင်းကြောင်း ချက်ချင်းသိနိုင်မည်ဖြစ်သည်။
ဒါဝင်၏စာအုပ် နာမည်ကြီးကျော်ကြားနေချိန် ၁၈၆၅-ခုနှစ်တွင် ဩစတြီးယားနိုင်ငံသား ရုက္ခဗေဒပညာရှင် ဂရီဂိုမင်ဒဲလ်က မျိုးရိုးဆက်ခံခြင်းနိယာမ (The Laws of Inheritance) ကို တွေ့ရှိဖော်ထုတ်ခဲ့ပါသည်။ မင်းဒဲလ်၏ တွေ့ရှိချက်သည် ထိုရာစုနှစ်အဆုံးပိုင်းအထိ လူသိနည်းခဲ့သော်လည်း ၁၉၀ဝ-ခုနှစ်များတွင် မျိုးဗီဇသိပ္ပံပေါ်ပေါက်လာသည် နှင့် တစ်ပြိုင်တည်း မင်ဒဲလ်၏တွေ့ရှိချက်သည်လည်း အလွန်အရေးပါအရာရောက်လာတော့သည်။ နှစ်များမကြာမီအတွင်း မျိုးဗီဇနှင့် ကရိုမိုဆုမ်းတို့၏ တည်ဆောက်ပုံများကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ကြသည်။ ၁၉၅၀-ခုနှစ်များတွင် ဒီအင်န်အေ (DNA) မော်လီကြူးအကြောင်း တွေ့ရှိဖော်ထုတ်ခြင်းက မျိုးဗီဇသိပ္ပံတွင် ပူးပေါင်းဖြည့်စွက်လိုက်သဖြင့် အီဗိုလူးရှင်းသီအိုရီ သမားများအတွက် အကြီးအကျယ် အခက်အခဲဖြစ် ဒုက္ခရောက်စေတော့သည်။ အဘယ့်ကြောင့်ဆိုသော် ဒီအင်န်အေ တွင် ပါဝင်သောအချက်အလက်များနှင့်ပတ်သက်၍ အီဗိုလူးရှင်းသီအိုရီ၏ မတော်တဆပေါ်ပေါက်လာခြင်း သဘောတရား ဖြင့် မည်သို့မျှရှင်းပြ၍မရနိုင်သောကြောင့်ဖြစ်သည်။
ဤမျှသိပ္ပံပညာတိုးတက်မှုရှိနေသော်လည်း ကမ္ဘာဦးခေတ်သက်ရှိအရာမှစ၍ အဆင့်မြင့်သောသတ္တဝါ အကြား တစ်စပြီးတစ်စ ပြောင်းလဲလာခဲ့သည်ဟူသော သတ္တဝါတစ်မျိုးတလေ၏ကျောက်ဖြစ်ရုပ်ြွကင်းကိုပင် နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြသော်လည်း မတွေ့ရှိခဲ့ကြပါ။
အီဗိုလူးရှင်းသီအိုရီအတွက် ထွက်ရပ်လမ်းမရှိတော့သော်လည်း ယင်းသီအိုရီကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သည်ဟု ယုံကြည်သူအသိုင်းအဝိုင်းက ပုံစံသစ်တစ်ခုကို ထပ်မံတီထွင်ကြပြန်သည်။ ထိုပုံစံသစ်ကို ခေတ်သစ် ဒါဝင်အယူဝါဒ (Neo-Darwinism) ဟုခေါ်ကြသည်။ ဤသီအိုရီအရ သတ္တဝါမျိုးစုများသည် တစ်စစပြောင်းလဲခြင်းဖြင့် ဖြစ်ပေါ်လာသည်ဟုဆိုသည်။ မျိုးဗီဇအတွင်းတွင် အနည်းငယ်စီ ပြောင်းလဲမှုများဖြစ်ပေါ်လာပြီး အသင့်တော်ဆုံးကို သဘာဝ၏ရွေးချယ်မှုဖြင့် ဆက်လက်တည်ရှိသွားသည်ဟုဆိုသည်။ ခေတ်သစ်ဒါဝင်ဝါဒီတို့တင်ပြသည့် သက်ရှိကိုယ်ခန္ဓာ အတွင်း ဖွဲ့စည်းထားသည့် ယန္တရားပြောင်းလဲမှုသည် နည်းလမ်းမကျသည့်အပြင် ထိုယန္တရားများတွင် အနည်းငယ် လောက်သာပြောင်းလဲခြင်းဖြင့် သက်ရှိသတ္တဝါအဖြစ် တည်ရှိနိုင်ရန် လုံလောက်မှုမရှိသောကြောင့် အီဗိုလူးရှင်းသမားများသည် အခြားပုံစံများကို ထပ်မံရှာဖွေကြပြန်သည်။ ]]ပြတ်တောင်းပြတ်တောင်းဖြစ်သော ဟန်နိုင်ခြင်း}} (punctuated equilibrium)ဟု ခေါ်သော ပုံစံသစ်ကို တင်ပြကြပြန်သည်။
ထိုပုံစံမှာ သက်ရှိသတ္တဝါအသစ်တစ်မျိုးသည် တစ်စတစ်စ ပြောင်းလဲရသည့်ကြားကာလမရှိဘဲ ချက်ချင်းဘွားကနဲ ပေါ်ပေါက်လာသည်ဟု ဆိုပြန်သည်။ အမှန်မှာ ယင်းအဆိုသည် ဖန်ဆင်းခြင်းကို ဖော်ပြခြင်းသာဖြစ်ပါသည်။ သို့သော် လည်း အီဗိုလူးရှင်းဝါဒီတို့သည် ထိုသို့ဝန်ခံရမည်ကိုကား မနှစ်မြို့ကြပါ။ သူတို့တင်ပြသောပုံစံသစ်သည် ဖန်ဆင်းခြင်းအား ညွှန်းလျက်ရှိခြင်းကို ဝန်ခံခြင်းမပြုလိုသဖြင့် နားလည်သဘောပေါက်ရန်ခက်ခဲသော ဇာတ်လမ်းအသစ်တစ်မျိုး တီထွင်တင်ပြကြပြန်သည်။ ဥပမာ- ကမ္ဘာဦး ပထမဆုံးငှက်တစ်ကောင်သည် ဖွတ်ပဒတ်ကဲ့သို့သော တွားသွားသတ္တဝါ တစ်ကောင်၏ဥမှ ဘွားကနဲထွက်လာခဲ့သည်ဟု ဆိုပြန်သည်။ ယင်းသီအိုရီက ကုန်းနေအသားစားသတ္တဝါကြီးသည်လည်း ဝေလငါးကြီးအဖြစ်သို့ ချက်ချင်းပြောင်းလဲခဲ့သည်ဟုဆိုသည်။
ယင်းအဆိုများသည် မျိုးဗီဇသိပ္ပံ (Genetics)၊ အဏုဇီဝဗေဒ(Microbiology)၊ ဇီဝဓာတုဗေဒ(Biochemistry) စသည့် သိပ္ပံပညာဘာသာရပ်များအတွက် ဒဏ္ဍာရီပုံပြင်မှ ဖားတစ်ကောင်သည် မင်းသားအဖြစ်ပြောင်းလဲသွားသော အဆိုလောက်သာ ဖြစ်နေတော့သည်။ (နီအို) ခေတ်သစ်ဒါဝင်သီအိုရီကြောင့် စိတ်ဒုက္ခရောက်နေကြသော အီဗိုလူးရှင်း ဝါဒီ ကျောက်ဖြစ်ရုပ်ြွကင်းပညာရှင်တို့သည် ဤနောက်ဆုံးပုံစံကို ဖက်တလဲကင်း လက်ခံကြပြန်သည်။ သို့သော်လည်း ယခင်က လက်ကိုင်ထားခဲ့သော ခေတ်သစ်ဒါဝင်သီအိုရီထက်ပို၍ပင် ကိုးရိုးကားရားဖြစ်နေပြန်သည်။
ဤပုံစံ၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ ခေတ်သစ်ဒါဝင်သီအိုရီက ရှင်းပြ၍မရသော အဆင့်ဆင့်ပြောင်းလဲ ခြင်းအဆိုကို အစားထိုးရန်ဖြစ်သည်။ တစ်ချိန်တည်းတွင် တစ်စပြီးတစ်စ ပြောင်းလဲလာခဲ့ခြင်းကိုပြနိုင်သည့် ကျောက်ဖြစ် ရုပ်ြွကင်းများ မတွေ့ရှိခြင်းအဖြစ်ကို ကြိုးစားရှင်းပြရန် ငှက်တစ်ကောင်သည် တွားသွားသတ္တဝါတစ်ကောင်၏ဥမှ ချက်ချင်း ပေါ်ထွက်လာသည်ဟုတင်ပြခြင်းသည် ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ ဖြစ်နေပြန်သည်။ သက်ရှိမျိုးစုတစ်ခုမှ အခြား မျိုးစုတစ်ခုသို့ ပြောင်းလဲသွားနိုင်ရန် အကျိုးဖြစ်စေသော ကြီးကျယ်သည့် မျိုးဗီဇအချက်အလက်ပြောင်းလဲမှုများ လိုအပ် သည်ဟူသော အီဗိုလူးရှင်းသီအိုရီ၏ဝန်ခံချက်နှင့်မကိုက်ညီဘဲ ဖြစ်နေပြန်သည်။ အီဗိုလူးရှင်းသမားများဆိုခဲ့သော ပြောင်းလဲမှု (mutation)များသည် သိပ္ပံနည်းကျသော မျိုးဗီဇသိပ္ပံ၏ အရေးကြီးသောအချက်အလက်များအတွက် လုံးဝအကျိုး မရှိသည့်အပြင် ဆုတ်ယုတ်စေခြင်းသာ ရှိနေပြန်သည်။
အမှန်မှာ ''ပတ်တောင်းပြတ်တောင်းဖြစ်သော ဟန်နိုင်ခြင်း'' (punctuated equilibrium) သီအိုရီသည် စိတ်ကူးယဉ်သက်သက်သာဖြစ်ကြောင်း ထင်ရှားလျက်ရှိသည်။ မည်သို့ပင်ထင်ရှားနေစေကာမူ အီဗိုလူးရှင်းသမားများက ယင်းသီအိုရီကို ဝိုင်းဝန်းဩဘာပေးကြပါသည်။ ]ဒါဝင်}တင်ပြခဲ့သော အီဗိုလူးရှင်းပုံစံကို သက်သေထူနိုင်မည့် ကျောက်ဖြစ်ရုပ်ြွကင်းများ မဖော်ထုတ်နိုင်သည့်အချက်ကပင် သူတို့ကို အတင်းလက်ခံစေခြင်းဖြစ်သည်။ ဒါဝင်က သက်ရှိ သတ္တဝါများသည် တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်၊ ဥပမာ- ငှက်တစ်ဝက် ဖွပ်တစ်ဝက်သတ္တဝါ၊ ငါးတစ်ပိုင်းဖွတ် တစ်ပိုင်းသတ္တဝါများရှိရမည်ဟု ဆိုခဲ့သည်။ သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း အီဗိုလူးရှင်းပညာရှင်ရာပေါင်းများ စွာတို့က ကျောက်ဖြစ်ရုပ်ြွကင်း သိန်းနှင့်ချီ၍ တူးဖော်ခဲ့ကြသော်လည်း ထိုသို့သောသတ္တဝါရုပ်ြွကင်းတစ်ခုတလေမျှပင် မတူးဖော်နိုင်ခဲ့ကြပါ။
ထိုကဲ့သို့ ကျောက်ဖြစ်ရုပ်ြွကင်းများဖြင့် သက်သေထူနိုင်ခြင်းမရှိခြင်းသည် အီဗိုလူးရှင်းသီအိုရီအတွက် မရှုမလှ ရှုံးနိမ့်ခြင်းဖြစ်သဖြင့် ယင်းရှုံးနိမ့်ခြင်းကို ဖုံးကွယ်ရန်အတွက် ပြတ်တောင်းပြတ်တောင်းဖြစ်သော ဟန်နိုင်ခြင်းသီအိုရီကို တီထွင်ရခြင်းဖြစ်သည်။ ဆိုခဲ့သည့်အတိုင်း ယင်းသီအိုရီသည်လည်း စိတ်ကူးယဉ်သီအိုရီသာဖြစ်သောကြောင့် မကြာမီအတွင်း ပျောက်ကွယ်သွားပါလိမ့်မည်။ ဤ(punctuated equilibrium) သီအိုရီကို အီဗိုလူးရှင်းသီအိုရီနှင့် ကိုက်ညီသည့်ပုံစံ အဖြစ်တင်ပြခြင်းမပြုကြသော်လည်း အီဗိုလူးရှင်းသီအိုရီက ရှင်းပြ၍မရသောအချက်များကို ရှောင်ကွင်းနိုင်ရန် အသုံးပြု ကြပါသည်။ အီဗိုလူးရှင်းသီအိုရီသမားများသည် အလွန်ရှုပ်ထွေးသောတည်ဆောက်မှုရှိသည့် အင်္ဂါအစိတ်အပိုင်းများ ဖြစ်သော မျက်စိ၊ ငှက်များ၏အတောင်၊ အဆုပ်၊ ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းအမြောက်အမြားသည် တစ်စတစ်စပြောင်းလဲခြင်း ]အီဗိုလူးရှင်းသီအိုရီ}ကို ပယ်ဖျက်နေကြောင်း သိရှိကြသဖြင့် ယင်းအချက်ကို အဖြေပေးနိုင် ရန်အတွက် ပြတ်တောင်းပြတ်တောင်းဟန်နိုင်ခြင်းသီအိုရီတွင် အားကိုးတကြီး ခိုလှုံကြရခြင်းဖြစ်ပါသည်။

အီဗိုလူးရှင်းသီအိုရီကိုသက်သေထူသည့် ကျောက်ဖြစ်ရုပ်ြွကင်းများရှိပါသလား၊
Is there Any Fossil Record to verify the Theory of Evolution?
အီဗိုလူးရှင်းသီအိုရီက သက်ရှိမျိုးစုတစ်မျိုးမှ အခြားတစ်မျိုးစုသို့
နှစ်သန်းပေါင်းမြောက်မြားစွာအတွင်း တစ်စတစ်စ ပြောင်းလဲလာခဲ့သည်ဟုဆိုသည်။
ကျိုးကြောင်းဆီလျော်စွာ ယုတ္တိရှိရှိ ကောက်ချက်ချမည်ဆိုလျှင်
ထိုသို့သောပြောင်းလဲမှုသည် နှစ်သန်းပေါင်းများစွာအတွင်းဖြစ်ပေါ်ခဲ့သဖြင့်
မရေမတွက်နိုင်သော ကြားသတ္တဝါများ သန်းနှင့်ချီ၍ ရှိခဲ့မည်သာဖြစ်သည်။
ထိုသတ္တဝါများ အမှန်တကယ်ရှိခဲ့ပါက ゞင်းတို့၏ရုပ်ြွကင်းများသည်လည်း
နေရာတကာတွင် တွေ့ရှိရမည်သာဖြစ်သည်။ အီဗိုလူးရှင်းသီအိုရီသာမှန်ကန်ပါက
ထိုသို့သောသတ္တဝါများသည် လက်ရှိကမ္ဘာပေါ်ရှိသတ္တဝါများ၏ဦးရေထက်ပင်
များပြားမည်ဖြစ်ပါသည်။ ယင်းတို့၏ကျောက်ဖြစ်ရုပ်ြွကင်းများသည်လည်း
ကမ္ဘာပေါ်တွင် ပြည့်နှက်လျက်ရှိနေမည် သာဖြစ်သည်။
ချားလ်စ်ဒါဝင်၏လက်ထက်မှစ၍ ယနေ့အထိ အီဗိုလူးရှင်းဝါဒီတို့နှင့်အတူ ကမ္ဘာ့သိပ္ပံပညာရှင်များသည် ထိုသို့သော မျိုးစုနှစ်ခုအကြား သတ္တဝါကျောက်ဖြစ်ရုပ်ြွကင်းတစ်ခုတလေကိုမျှ မတွေ့ရှိကြခြင်းသည် အီဗိုလူးရှင်းသီအိုရီဝါဒီတို့အတွက် ကြီးကျယ်သော ဆုံးရှုံးမှုဖြစ်လေတော့သည်။ မြေပြင်တွင်လည်းကောင်း၊ ပင်လယ်သမုဒ္ဒရာအောက်တွင်လည်းကောင်း လုံးဝရှာ၍မတွေ့နိုင်ပါ။
ဒါဝင်ကိုယ်တိုင်က ထိုသို့ကြားကာလသတ္တဝါများ မရှိကြောင်းကိုသိခဲ့ပါသည်။ သို့သော်လည်း နောင်အနာဂတ် တွင် ゞင်းကျောက်ဖြစ်ရုပ်ြွကင်းများကို တွေ့ရှိရလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ထို့ကြောင့် သူ၏The Origin of Species စာအုပ်တွင် အောက်ပါအတိုင်းရေးသားခဲ့သည်။
]]မျိုးစုတစ်ခုသည် အခြားမျိုးစုတစ်ခုမှ တစ်ဆင့်စီဆင်းသက်လာခဲ့ပါက အဘယ့်ကြောင့်မရေမတွက်နိုင်လောက်သော ကြားကာလပုံစံများကို မတွေ့ရှိကြပါသနည်း။ အဘယ့်ကြောင့် ကမ္ဘာကြီးတွင် မျိုးစုတစ်ခုနှင့်တစ်ခုကြားရှိသတ္တဝါများဖြင့် ပြည့်နှက်ကာ ရှုပ်ထွေးနေခြင်းမရှိဘဲ လက်ရှိအခြေအနေအတိုင်း မျိုးစုတစ်မျိုးစီ၏ တိကျသည့်ပုံစံများကို ဆောင်နေကြသနည်း။ သို့သော်လည်း ဤသီအိုရီအရ ကြားကာလ သက်ရှိသတ္တဝါများရှိခဲ့ကြမည်ဖြစ်သော်လည်း၊ အဘယ့်ကြောင့် ကျွန်ုပ်တို့သည် နီးစပ်သော မျိုးစုများအကြား၏ဆက်စပ်မှုကို ရှာဖွေတွေ့ရှိခြင်းမပြုနိုင်ကြပါသနည်း။ ဤအချက်သည် ကျွန်ုပ်အား အချိန်ကြာမြင့်စွာ စိတ်ရှုပ်စေခဲ့ပါသည်။}} (Charles Darwin, The Origin of Species: By Means of Natural Selection or the Preservation of Favoured Races in the Struggle for Life, London: Senate Press, 1995, p. 134.)
ဒါဝင်သည် ထိုသို့စိတ်ညစ်သင့်ပါသည်။ အလွန်ကသိကအောင့်ဖြစ်စေသည့် ယင်းအချက်သည် အခြားအီဗိုလူးရှင်း သမားများကိုလည်း စိတ်ရှုပ်စေပါသည်။ ဗြိသိသျှလူမျိုး ကျောက်ဖြစ်ရုပ်ြွကင်းပညာရှင် ဒေးရက် အေဂျာကလည်း အောက်ပါ အတိုင်းဝန်ခံထားပါသည်။
]] ကျောက်ဖြစ်ရုပ်ြွကင်းများကို အသေးစိတ်စစ်ဆေးကြည့်သောအခါ မျိုးနွယ်စု (Order)အဆင့်တွင်လည်းကောင်း၊ မျိုးစုံ (Species)အဆင့်တွင်သော်လည်းကောင်း၊ တစ်စတစ်စပြောင်းလဲခြင်းမဟုတ်ဘဲ၊ တစ်မျိုးသည် ရုတ်တရက် ဖြစ်ပေါ်လာခြင်း၊ သို့မဟုတ် အခြားတစ်မျိုးပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းကို ထပ်ခါတလဲလဲ တွေ့ရပါသည်။}}(Derek A. Ager. “The Nature of the Fossil Record.” Proceedings of the British Geological Association,vol. 87, no. 2, (1976), p. 133.)
ကျောက်ဖြစ်ရုပ်ြွကင်းများကို မတွေ့ရှိနိုင်သည့်ဟာကွက်ကို ယခုအချိန်တွင် မဖြည့်တင်းနိုင်သေးသော်လည်း နောင်တစ်ချိန်ချိန်တွင် တူးဖော်တွေ့နိုင်လိမ့်မည်ဟု မိမိလိုရာကိုသာဘက်လိုက်၍ အဖြေပေးရန် မဖြစ်နိုင်တော့ပြီ။ အီဗိုလူးရှင်း သမား ကျောက်ဖြစ်ရုပ်ြွကင်းပညာရှင်တစ်ဦးဖြစ်သူ တီနီဗီးလ်ဂျော့ (T. Nevilee George)က အောက်ပါအတိုင်း ရှင်းပြထားသည်။
]] ကျောက်ဖြစ်ရုပ်ြွကင်းများ မလုံလောက်သေး}} ဟူသော အပြောအဆိုဖြင့်
တောင်းပန်တိုးလျှိုးနေရန်အကြောင်းမရှိ တော့ပါ။ ကမ္ဘာပေါ်တွင် ယနေ့အထိ
တူးဖော်ရရှိပြီးသော ကျောက်ဖြစ်ရုပ်ြွကင်းများသည် တစ်စုတစ်လုံးတည်းဖြစ်အောင်
စီမံခန့်ခွဲရန်ပင် မနိုင်မနင်းဖြစ်သည်အထိ များပြားလွန်းနေပါပြီ။
သို့သော်လည်း ထိုကျောက်ဖြစ်ရုပ်ြွကင်းတို့မှရရှိသည့် မှတ်သားချက်များ၌
ကြားတွင်ပြတ်၍ ဟာနေသောအပိုင်းများနှင့်သာလျှင်
ပြည့်နှက်လျက်ရှိနေပါသည်။}}(ွှ(T.N. George, “Fossils in Evolutionary
Perspective”, Science Progress, vol.48, (January 1960), p.1-3)ချားလ်စ်ဒါဝင်၏လက်ထက်မှစ၍ ယနေ့အထိ အီဗိုလူးရှင်းဝါဒီတို့နှင့်အတူ ကမ္ဘာ့သိပ္ပံပညာရှင်များသည် ထိုသို့သော မျိုးစုနှစ်ခုအကြား သတ္တဝါကျောက်ဖြစ်ရုပ်ြွကင်းတစ်ခုတလေကိုမျှ မတွေ့ရှိကြခြင်းသည် အီဗိုလူးရှင်းသီအိုရီဝါဒီတို့အတွက် ကြီးကျယ်သော ဆုံးရှုံးမှုဖြစ်လေတော့သည်။ မြေပြင်တွင်လည်းကောင်း၊ ပင်လယ်သမုဒ္ဒရာအောက်တွင်လည်းကောင်း လုံးဝရှာ၍မတွေ့နိုင်ပါ။
ဒါဝင်ကိုယ်တိုင်က ထိုသို့ကြားကာလသတ္တဝါများ မရှိကြောင်းကိုသိခဲ့ပါသည်။ သို့သော်လည်း နောင်အနာဂတ် တွင် ゞင်းကျောက်ဖြစ်ရုပ်ြွကင်းများကို တွေ့ရှိရလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ထို့ကြောင့် သူ၏The Origin of Species စာအုပ်တွင် အောက်ပါအတိုင်းရေးသားခဲ့သည်။
]]မျိုးစုတစ်ခုသည် အခြားမျိုးစုတစ်ခုမှ တစ်ဆင့်စီဆင်းသက်လာခဲ့ပါက အဘယ့်ကြောင့်မရေမတွက်နိုင်လောက်သော ကြားကာလပုံစံများကို မတွေ့ရှိကြပါသနည်း။ အဘယ့်ကြောင့် ကမ္ဘာကြီးတွင် မျိုးစုတစ်ခုနှင့်တစ်ခုကြားရှိသတ္တဝါများဖြင့် ပြည့်နှက်ကာ ရှုပ်ထွေးနေခြင်းမရှိဘဲ လက်ရှိအခြေအနေအတိုင်း မျိုးစုတစ်မျိုးစီ၏ တိကျသည့်ပုံစံများကို ဆောင်နေကြသနည်း။ သို့သော်လည်း ဤသီအိုရီအရ ကြားကာလ သက်ရှိသတ္တဝါများရှိခဲ့ကြမည်ဖြစ်သော်လည်း၊ အဘယ့်ကြောင့် ကျွန်ုပ်တို့သည် နီးစပ်သော မျိုးစုများအကြား၏ဆက်စပ်မှုကို ရှာဖွေတွေ့ရှိခြင်းမပြုနိုင်ကြပါသနည်း။ ဤအချက်သည် ကျွန်ုပ်အား အချိန်ကြာမြင့်စွာ စိတ်ရှုပ်စေခဲ့ပါသည်။}} (Charles Darwin, The Origin of Species: By Means of Natural Selection or the Preservation of Favoured Races in the Struggle for Life, London: Senate Press, 1995, p. 134.)
ဒါဝင်သည် ထိုသို့စိတ်ညစ်သင့်ပါသည်။ အလွန်ကသိကအောင့်ဖြစ်စေသည့် ယင်းအချက်သည် အခြားအီဗိုလူးရှင်း သမားများကိုလည်း စိတ်ရှုပ်စေပါသည်။ ဗြိသိသျှလူမျိုး ကျောက်ဖြစ်ရုပ်ြွကင်းပညာရှင် ဒေးရက် အေဂျာကလည်း အောက်ပါ အတိုင်းဝန်ခံထားပါသည်။
]] ကျောက်ဖြစ်ရုပ်ြွကင်းများကို အသေးစိတ်စစ်ဆေးကြည့်သောအခါ မျိုးနွယ်စု (Order)အဆင့်တွင်လည်းကောင်း၊ မျိုးစုံ (Species)အဆင့်တွင်သော်လည်းကောင်း၊ တစ်စတစ်စပြောင်းလဲခြင်းမဟုတ်ဘဲ၊ တစ်မျိုးသည် ရုတ်တရက် ဖြစ်ပေါ်လာခြင်း၊ သို့မဟုတ် အခြားတစ်မျိုးပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းကို ထပ်ခါတလဲလဲ တွေ့ရပါသည်။}}(Derek A. Ager. “The Nature of the Fossil Record.” Proceedings of the British Geological Association,vol. 87, no. 2, (1976), p. 133.)
ကျောက်ဖြစ်ရုပ်ြွကင်းများကို မတွေ့ရှိနိုင်သည့်ဟာကွက်ကို ယခုအချိန်တွင် မဖြည့်တင်းနိုင်သေးသော်လည်း နောင်တစ်ချိန်ချိန်တွင် တူးဖော်တွေ့နိုင်လိမ့်မည်ဟု မိမိလိုရာကိုသာဘက်လိုက်၍ အဖြေပေးရန် မဖြစ်နိုင်တော့ပြီ။ အီဗိုလူးရှင်း သမား ကျောက်ဖြစ်ရုပ်ြွကင်းပညာရှင်တစ်ဦးဖြစ်သူ တီနီဗီးလ်ဂျော့ (T. Nevilee George)က အောက်ပါအတိုင်း ရှင်းပြထားသည်။
ကမ္ဘာပေါ်တွင် သက်ရှိသတ္တဝါများသည်
ရှုပ်ထွေးသောပုံစံဖြင့် ရုတ်တရက်ပေါ်ပေါက်ခဲ့သည်
Life Emerged on Earth
Suddenly and In Complex Forms
ပထဝီမြေကြီးအထပ်များနှင့် ကျောက်ဖြစ်ရုပ်ြွကင်းများကို စစ်ဆေးသောအခါ
သက်ရှိအရာများသည် တစ်ချိန် တည်းတွင် ဖြစ်ပေါ်ခဲ့ကြောင်းကို တွေ့ရှိရပါသည်။
ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသက်ရှိအရာများဖြစ်ပေါ်သော အချင်း အရာကို
]]ကင်းဘရီယံ}} (Cambrian) အထပ်တွင်ဖြစ်၍ နှစ်ပေါင်းသန်းပေါင်း ၅၃၀-၅၂၀လောက်
ကြာညောင်းခဲ့လေပြီ။ရှုပ်ထွေးသောပုံစံဖြင့် ရုတ်တရက်ပေါ်ပေါက်ခဲ့သည်
Life Emerged on Earth
Suddenly and In Complex Forms
ထိုကင်းဘရီယံအထပ်တွင်တွေ့ရှိရသော သက်ရှိသတ္တဝါများ၏ကျောက်ဖြစ်ရုပ်ြွကင်းများအကြောင်း မှတ်သား ချက်များကို စစ်ဆေးကြည့်ခြင်းဖြင့် ထိုခေတ်က သက်ရှိအရာများအားလုံးသည် တစ်ချိန်တည်းတွင် ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းတွေ့ရှိချက်ကို သိပ္ပံစာပေလောကတွင် ]]ကင်းဘရီယံ ရုတ်တရက်ဖြစ်ပေါ်မှု}} (Cambrian Explosion)ဟုခေါ်ကြသည်။
ကင်းဘရီယံအထပ်၌ တွေ့ရှိရသောသက်ရှိအရာများတွင် ခန္ဓာကိုယ်၏အမြင့်မားဆုံးတည်ဆောက်မှုအဆင့် ဖြစ်သော မျက်စိ၊ ပါးဟက်၊ အသက်ရှူခြင်းစနစ် စသည်တို့ရှိနေခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုသက်ရှိအရာများ ဆင်းသက်ခဲ့သော အခြားသက်ရှိမျိုးစုများကိုလည်း မတွေ့ရှိခဲ့ပါ။ "Earth Science Magazine" အယ်ဒီတာဖြစ်သူ ရစ်ချာဒ်မိုနက်စတာစကီက သက်ရှိမျိုးစုများ တစ်ချိန်တည်းတွင် ဖြစ်ပေါ်ခဲ့ခြင်းအကြောင်းကို အောက်ပါအတိုင်း ရေးသားထားသည်။